Pages

Pages - Menu

Saturday, August 24, 2013

ဘားအံမြို့တွင် အစ္စလာမ်ဘာသာဝင်များအား ဘုန်းကြီးများက ၀ိုင်းဝန်းရိုက်နှက်

RangonNewsDaily:: Aug 24, 2013

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ၂၀.၈.၂၀၁၃ ရက်နေ့ နံနက်(၅)နာရီ အချိန်ခန့်တွင် အစ္စလာမ်ဘာသာဝင် မွတ်စလင်မ်(၃)ဦးအား ဗလီသို့ဝတ်ပြုရန် လာချိန် အမှတ်(၁)ရပ်ကွက်ရှိ၊ သရက်တောဘုန်းကြီးကျောင်းမှ ဆွမ်းခံလာသော ဘုန်းကြီးတချို့က အသင့်ယူဆောင်လာသော ဒုတ်ပိုင်းများဖြင့် ၀ိုင်းဝန်းရိုက်နှက်သဖြင့် အစ္စလာမ်ဘာသာဝင် မွတ်စလင်မ်(၂)ဦးမှာ ဒဏ်ရာဖြင့်ထွက်ပြေးခဲ့ရ၍ ကျန်တစ်ဦးမှာ အခင်းဖြစ်ပွားရာနေရာတွင် ကျန်ရှိနေခဲ့ကြောင်း အလင်းမျက်ဝန်းမီဒီယာမှ သတင်းရရှိပါတယ်။ ဘုန်းကြီးများ၏ ၀ိုင်းဝန်းရိုက်နှက်ခံရသည့် အစ္စလာမ်ဘာသာဝင် (၂) ဦးမှာ အနီးရှိ ဗလီထဲသို့ ၀င်ရောက် ထွက်ပြေးသွားခဲ့ရပါတယ်။ ကျန်တစ်ဦးမှာ အခင်းဖြစ်ပွားရာ နေရာတွင် ပြင်းထန်စွာ ဒဏ်ရာရရှိ၍ သွေးအိုင်ထဲတွင် မေ့မျောနေခဲ့ကြောင်း ဒေသခံ မျက်မြင်သက်သေတစ်ဦးက အလင်းမျက်ဝန်း မီဒီယာသို့ ပြောပြခဲ့ပါတယ်။

အဆိုပါ အခင်းမဖြစ်ပွားခင် လွန်ခဲ့သည့် တစ်ပတ်အချိန်ခန့်ကလည်း ဗလီသို့ ၀တ်ပြုရန်သွားသော မွတ်စလင်မ်များအား သရက်တော ဘုန်းကြီးကျောင်းမှ ဆွမ်းခံလာသော ဘုန်းကြီးများက အသင့်ယူဆောင်လာသော ထီး၊ ဒုတ်ပိုင်း များဖြင့် မတရားရိုက်နှက်သောကြောင့် ခေါင်းကွဲသူကွဲ၍ လက်ကျိုးသူကျိုးကာ အချို့ မှာ ထိုဒါဏ်ရာများဖြင့် သေဆုံးသည်မှာလဲ လေးဦးခန့်ရှိနေပြီဖြစ်ကြောင်း ဒေသခံ မွတ်စလင်မ်တစ်ဦးက အလင်းမျက်ဝန်းမီဒီယာသို့ ပြောပြခဲ့ပါတယ်။

အဆိုပါ အခင်းပွားမှုများနှင့် ပတ်သက်၍ ဒေသခံမွတ်စလင်မ်များက ရဲစခန်းတွင် တိုင်ကြားအမှုဖွင့်ရာတွင်လည်း ရဲများက အမှုကိုမှတ်သားထားသည်မှလွဲ၍ နောက်ဆက်တွဲ အရေးယူမှု တစ်စုံတစ်ရာ မရှိသည့်အပြင် မသိဟန်ဆောင်ပြုနေသည်မှာလည်း နိုင်ငံတော်၏ တာဝန်ပေးချက်ကြောင့်ဖြစ်နိုင်ပြီး၊ ယခုလို ဥပဒေအရ ထိရောက်သည့်အရေးယူခြင်းများ မရှိခြင်းကြောင့် တိုင်းပြည်အတွင်း ဆူပူမှုတွေ ဆက်လက်ပြီး မဖြစ်ဖြစ်လာအောင် ပြုလုပ်နေသလို ဖြစ်နေသည်ဟု ဒေသခံများမှာ ထင်မြင်ယူဆ၍ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

အဆိုပါ ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ၊ သရက်တောဘုန်းကြီးကျောင်းတွင် ရဟန်းသံဃာများအား ကိုယ်ခံပညာ (သိုင်းပညာ)၊ ဓါးရေး၊ ဒုတ်ရေး အတက်ပညာများနှင့် အစ္စလာမ်ဘာသာဝင်များအား မုန်းတီးရေးများအား စနစ်ကျစွာဖြင့် သင်ကြားနေကြကြောင်းကိုလည်း အလင်းမျက်ဝန်းမှ နောက်ဆက်တွဲ စုံစမ်းသိရှိရပါတယ်။

အလင်းမျက်ဝန်း , RangonNewsDaily
kolatt (Pabedan): 24.8.2013

No comments:

Post a Comment