RangonNewsDaily:: Aug 19, 2013
၁၇.၈.၂၀၁၃ ရက်နေ့ ၂၂၀၀ အချိန် လှိုင်မြို့နယ်နေ ဦး----- သည် သီရိမင်္ဂလာဈေးသစ်အနီးရှိ နန်းထိုက်
၁၇.၈.၂၀၁၃ ရက်နေ့ ၂၂၀၀ အချိန် လှိုင်မြို့နယ်နေ ဦး----- သည် သီရိမင်္ဂလာဈေးသစ်အနီးရှိ နန်းထိုက်
တော်ဝင်ဘီယာဆိုင်၌
ဘီယာသောက်ပြီးဆိုင်မှပြန်ထွက်စဉ် မလှမ်းမကမ်းတွင် တွေ့ရသည့်ပြည့်တန်ဆာ
မိန်းကလေးတစ်ဦးအားပျော်ပါးရန် ခေါ်ယူခဲ့ရာ ၎င်းမိန်းကလေးနှင့်အတူ အမည်မသိ အသက်(၂၀)ကျော်ခန့်ရှိအမျိုးသား(၂)ဦးလည်းအတူလိုက်ပါခဲ့ကာ အငှားယာဉ်ဖြင့် တည်းခိုခန်းအားလိုက်
လံရှာဖွေခဲ့ပါသည်။
ထိုသို့တည်းခိုခန်းအား လိုက်လံရှာဖွေခဲ့ရာမှ လှိုင်သာယာမြို့နယ်၊ စက်မှုဇုံသို့အရောက် ဦး---နှင့် မိန်းက
ထိုသို့တည်းခိုခန်းအား လိုက်လံရှာဖွေခဲ့ရာမှ လှိုင်သာယာမြို့နယ်၊ စက်မှုဇုံသို့အရောက် ဦး---နှင့် မိန်းက
လေးသည် ယာဉ်ပေါ်မှဆင်းကာလမ်းဘေး၌ အပေါ့သွားနေစဉ် အတူလိုက်ပါလာသည့် အမျိုးသား(၂)ဦးမှ ဦး
---- အား ဆောင့်တွန်း၍ လွယ်ထားသည့်အနက်ရောက်ဘေးလွယ်အိတ်အား လုယူထွက်ပြေးသွားခဲ့ပါသည်။
အိတ်အတွင်း၌ ငွေကျပ်(၂)သိန်းကျော်ခန့်၊ လက်ကိုင်ဖုန်း(၁)လုံး၊ ယာဉ်မောင်းလိုင်စင်(၁)ခု၊ ဘဏ်ငွေ ထုတ်
အိတ်အတွင်း၌ ငွေကျပ်(၂)သိန်းကျော်ခန့်၊ လက်ကိုင်ဖုန်း(၁)လုံး၊ ယာဉ်မောင်းလိုင်စင်(၁)ခု၊ ဘဏ်ငွေ ထုတ်
ကဒ်(၁)ခုတို့ ပါဆုံးသွားခဲ့ပြီးဆောင့်တွန်းခံရ၍ ဦး--- တွင် ၀ဲနားထင်၊ဒူးနှစ်ဖက်တို့တွင်ပွန်းပဲ့ဒဏ်ရာများရရှိ
ခဲ့သဖြင့် ၁၈.၈.၂၀၁၃ ရက်နေ့တွင် သောင်ကြီးနယ်မြေရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့သဖြင့်(ပ)၄၈၁/
၂၀၁၃၊ ပုဒ်မ ၃၈၂/၁၁၄ ဖြင့်အရေးယူစုံစမ်းဆောင်ရွက်ခဲ့ပါသည်။
အမှုမှတရားခံများ ဖမ်းဆီးရမိရေးအတွက် သောင်ကြီးနယ်မြေရဲစခန်းမှူးနှင့်နယ်ထိန်းတပ်ဖွဲ့ဝင်များမှ စုံစမ်း
အမှုမှတရားခံများ ဖမ်းဆီးရမိရေးအတွက် သောင်ကြီးနယ်မြေရဲစခန်းမှူးနှင့်နယ်ထိန်းတပ်ဖွဲ့ဝင်များမှ စုံစမ်း
ဆောင်ရွက်ခဲ့ရာလှိုင်သာယာမြို့နယ်၊(၂၀)ရပ်ကွက်နေသူများဖြစ်သည့် ကျော်နိုင်(ခ)ကုလားလေး၊ကျော်မင်း
သန့်(ခ)ရဲမင်းသူ နှင့်မသင်းသင်းအေး(ခ)တောသူမတို့(၃)ဦးမှပူးပေါင်းကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်
ဖမ်းဆီးရမိခဲ့ပြီး
သက်သေခံပစ္စည်းများ သိမ်းဆည်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police , RangonNewsDaily
kolatt (Pabedan): 19.8.2013
Yangon Police , RangonNewsDaily
kolatt (Pabedan): 19.8.2013
No comments:
Post a Comment