Pages

Pages - Menu

Monday, August 19, 2013

ကစားကွက်နှင့် အံမဝင်၍ ယူ-၂၃ အသင်း ကစားသမား နှစ်ဦးကို ထုတ်ပယ်

RangonNewsDaily:: Aug 19, 2013

ကိုရီးယားလူမျိုး မြန်မာ လက်ရွေးစင် ယူ-၂၃ နည်းပြ ပတ်ဆောင်ဟွာက ပဏာမ ရွေးချယ်ထားသော ကစားသမား ၃၀ ဦးတွင် ကစားကွက်နှင့် အံဝင်မှု မရှိသော ကစားသမား နှစ်ဦးကို ထုတ်ပယ်၍ မိခင် ကလပ်သို့ ပြန်လည် စေလွှတ်ခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

သြဂုတ် ၁၇ ရက်နေ့ ညနေတွင် အဆိုပါ ပဏာမ လက်ရွေးစင် ၃၀ ဦးကို နှစ်သင်းခွဲ ခြေစမ်း ကစားစေ ခဲ့ပြီး ယင်းသို့ ထုတ်ပယ်ခဲ့ခြင်း ဖြစ်သည်။

အသင်းသို့ ပြန်လည် စေလွှတ်ခဲ့သည့် ကစားသမား နှစ်ဦးစလုံးမှာ ရခိုင်ယူနိုက်တက်မှ မောင်မောင်သန့် (အလယ်တန်း) နှင့် ကောင်းမြတ်ဦး (နောက်တန်း) တို့ ဖြစ်ကြပြီး ဇေယျာရွှေမြေ အသင်း၏ ကွင်းလယ်လူ မျိုးမင်းဇော်နှင့် ရန်ကုန်ယူနိုက်တက် နောက်ခံလူ ဇာနည်ထက်တို့ကို အစားထိုး ရွေးချယ်ခဲ့ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

“ပထမဆုံး ရွေးချယ်မှုမှာ မပါတဲ့အတွက် ဝမ်းနည်းခဲ့ရတယ်။ အခုလို မထင်မှတ်ဘဲ အရွေးချယ် ခံရတော့ အရမ်း ပျော်ပါတယ်။ ကျွန်တော် အစွမ်းကုန် ကြိုးစားသွားမှာပါ” ဟု ရန်ကုန် နောက်ခံလူ ဇာနည်ထက်က ဆိုသည်။

ယခုကဲ့သို့ အစားထိုး ရွေးချယ်မှု ပြုလုပ်ခဲ့သဖြင့် ယူ-၂၃ ပဏာမ စာရင်းတွင် ရန်ကုန် ယူနိုက်တက်နှင့် ဇေယျာရွှေမြေတို့မှ ကစားသမား ငါးဦးစီ ပါဝင်လာ သည်။

ပဏာမ ယူ ၂၃ အသင်းအနေနှင့် စက်တင်ဘာလ ၇ ရက်နေ့၌ မလေးရှားနိုင်ငံတွင် ကျင်းပမည့် မာဒေးကားဖလား ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

The Voice Weekly , RangonNewsDaily
kolatt (Pabedan): 19.8.2013

No comments:

Post a Comment