Pages

Pages - Menu

Friday, July 19, 2013

ကမာရွတ်မြို့နယ်တွင် ကားသုံးစီးဆင့်တိုက်စဉ် ဒဏ်ရာမရှိဘဲ တစ်ဦးသေဆုံး

Friday, July 19, 2013

ကားသုံးဆင့်တိုက်မှု ဖြစ်ပွားခဲ့စဉ် ကိုယ်ပိုင်ကားတစ်စီးထဲမှ လူတစ်ဦးဒဏ်ရာမရှိဘဲ သတိလစ်သေဆုံးခဲ့မှု တစ်ခု ဇူလိုင် ၁၇ ရက်က ကမာရွတ်မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးထံမှ သတင်းရရှိ ပါသည်။ ယင်းဖြစ်ရပ်သည် ကမာရွတ်မြို့နယ်၊ ၁၀ ရပ်ကွက်၊ အင်းလျားလမ်း မီးပွိုင့်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၆၈ နှစ်အရွယ် ဦးမြင့်ထွေးဆိုသူ မောင်းနှင်လာသော ဆန်နီပစ်ကပ်ကားက လမ်းဘေးတွင် ရပ်ထားသော လင့်ခရုဇာကားကို တိုက်မိရာမှစတင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ရဲဌာန၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။

ထိုသို့တိုက်မိသဖြင့် လင့်ခရုဇာ၏ အရှေ့တွင် ရပ်ထားသော တိုရိုတာကိုယ်ပိုင်ကားတစ်စီးကို ဆက်လက် ဆင့်ကာ တိုက်မိခဲ့သဖြင့် ယာဉ်သုံးစီးမှာ ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။

ထို့ပြင် ယာဉ်မောင်းဦးမြင့်ထွေးသည် ဒဏ်ရာတစ်စုံတရာမရှိဘဲ သတိလစ်သွားသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်စဉ်တွင်ပင် သေဆုံးသွားခဲ့သည်ဟု ရဲများက မှတ်တမ်းတင်ထားသည်။

ထို့ကြောင့် ဦးမြင့်ထွေးသည် မည်သည့်အကြောင်းကြောင့်သေဆုံးသည်ကို သိရှိနိုင်ရန် ရန်ကုန်ဆေးရုံ ကြီး၌ စစ်ဆေးမှုများ ဆောင်ရွက်လျှက် ရှိသည်ဟုလည်း ရဲဌာနကဆိုသည်။

ယခုကိစ္စကို ကမာရွတ်ရဲစခန်း၌ အမှုအမှတ် ယာဉ်(ပ)၃၅/၁၃ ဖြင့်အမှုဖွင့်ထားပြီး ရဲများက ဆက်လက်စုံစမ်းမှုများ ဆောင်ရွက်နေသည်။

Mizzima - News, RangonNewsDaily
kolatt (Pabedan): 19.7.2013

No comments:

Post a Comment