Pages

Pages - Menu

Saturday, July 20, 2013

မြိတ်တွင် အာဇာနည်နေ့ အခမ်းအနား မကျင်းပမီ နိုင်ငံတော် အလံအား လုယူဆွဲဖြဲပစ်ရန် ကြိုးစားသူ တစ်ဦးကို ဖမ်းဆီး

မြိတ်မြို့တွင် အာဇာနည်နေ့ အခမ်းအနား မကျင်းပမီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင်များ ကိုင်ဆောင်ထားသည့် နိုင်ငံတော်အလံအား လုယူဆွဲဖြဲပစ်ရန် ကြိုးစားသူတစ်ဦးကို ဖမ်းဆီးထိန်းသိမ်း ခဲ့ရကြောင်း သိရသည်။ဖြစ်စဉ်မှာ ဇူလိုင် ၁၉ ရက်တွင် အာဇာနည်နေ့ ကျင်းပရန်အတွက် နေရာယူနေစဉ် အဆိုပါ အဖြစ်အပျက် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မူးယစ်ဆေးဝါးများ သုံးစွဲထားသည်ဟု ယူဆရသော လူငယ်တစ်ဦးက အလံကိုင်အဖွဲ့ များရှိရာသို့ ရောက်ရှိလာပြီး နိုင်ငံတော် အလံအား လုယူပြီး ဆွဲဖြဲပစ်ရန် ကြိုးစားရာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

''ဒီလူက မနက် ၈ နာရီလောက် ကတည်းက ဗိုလ်ချုပ်ကြေးရုပ် ရှေ့မှာလာပြီး လုံခြုံရေး တာဝန်ကျနေတဲ့ သူတွေကို လိုက်နှောင့်ယှက် နေတာပါ။

အရင်က အသုံးပြုခဲ့တဲ့ နိုင်ငံတော် အလံဟောင်းကိုလည်း ကိုင်ထားပါတယ်။ မနက် ၉ နာရီလောက်မှာ တစ်ခါထပ်ပြီး လာနှောင့်ယှက်နေတော့ ပါတီဝင်တစ်ဦးက ဖျောင်းဖျပြီး ဆိုင်ကယ်နဲ့ မြို့နယ်ရုံးနားမှာရှိတဲ့ ပြည်သူ့ရဲတပ်ဖွဲ့တွေနားကို ခေါ်တင်လာပါတယ်။

ရုံးနားကိုလည်း ရောက်တာနဲ့ အလံကိုလဲချပြီး လုယူဖို့ ကြိုးစားပါတယ်။ အလံတစ်ခုက တိုင်ကနေ ကျွတ်ပါသွားပါပြီး ဆုတ်ဖြဲပစ်ဖို့ ကြိုးစားတာကြောင့် ပါတီဝင်တွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ကာ ရဲတပ်ဖွဲ့ဝင်တွေက ခေါ်ဆောင်သွားတာပါ'' ဟု ပါတီဝင်တစ်ဦးက ပြောကြားသည်။
  
အဆိုပါ လူငယ်မှာ ဇော်လွင်အောင် (ခ) စုဂန်း (ခ) မိုက် (အဘ) ဦးစန်းလွင်၂၁ နှစ် ဆိုသူဖြစ်ပြီး မြိတ်မြို့၊ မြိတ်တောင်နယ်မြေ၊ မြို့မ(၂) ရပ်ကွက်၊ မြ၀ါရုံလမ်းတွင် နေထိုင်ပြီး ပန်းရန်အလုပ်ကို လုပ်ကိုင်ကြောင်း သိရသည်။

Eleven Media ,  RangonNewsDaily
kolatt (Pabedan): 20.7.2013

No comments:

Post a Comment