Pages

Pages - Menu

Tuesday, July 30, 2013

ရွှေဘို-ကျောက်မြောင်း ကားလမ်းဘေးမြေဈေး သုံးဆခန့်ခုန်တက်

RangonNewsDaily:: July 30, 2013

ဧရာဝတီမြစ်ကူးတံတား ဖွင့်ပြီးနောက် ရွှေဘို အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင် ရွှေဘို-ကျောက်မြောင်း ကားလမ်း

ဘေးတစ်လျှောက်ရှိ မြေကွက်ဈေးသုံးဆခန့် မြင့်တက်သွားကြောင်း ရွှေဘိုမြို့အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်း
မှ သိရသည်။
အဆိုပါ ဧရာဝတီမြစ်ကူးတံတားရတနာသိင်္ဃနှင့်အနီးဆုံးနေရာဖြစ်သော ရွှေဘို-ကျောက်မြောင်း ကားလမ်း
ဘေးရှိ မြေကွက်များမှာပိုမိုအရောင်းအဝယ် ဖြစ်လျက်ရှိပြီးပြီးခဲ့သည့်၂၀၁၂ ခုနှစ်အတွင်းကကျပ်သိန်း၁၅၀၀
ခန့် ဈေးပေါက်ခဲ့သည့် မြေကွက်သည်တံတားဖွင့်ပြီးချိန်တွင်ကျပ်သိန်း၄၅၀၀ခန့်ထိ ဈေးခုန်တက်သွားရာလတ်
တလောတွင် ယင်းကားလမ်းမ တစ်လျှောက်ရှိ ကျပ်သိန်း ရာဂဏန်း တန်ဖိုးရှိ မြေကွက်များ အရောင်းသွက်
လျက် ရှိကြောင်း ရွှေဘိုမြို့ရှိ ရတနာဌေး အိမ်၊ ခြံ၊ မြေ လုပ်ငန်းရှင် ဦးကျော်ဇင်က ပြောကြားသည်။

“သိန်းရာဂဏန်းတန် မြေတွေ အရောင်းသွက်နေ ဆိုပေမယ့် အခုရွှေဘို-ကျောက်မြောင်းလမ်းမှာ သိန်းရာချီ

တန်တဲ့ မြေကွက်တွေက မရှိတော့ဘူး။ ကုန်သလောက် ဖြစ်နေပြီ။ ထောင်ဂဏန်း တန်တဲ့ မြေကွက်တွေေ
လာက်ပဲ ကျန်တော့တယ်။ အခုအရောင်းအဝယ် ဖြစ်နေတာတွေက အဝေးက လာဝယ်တာများတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ မြစ်ကူးတံတား စီမံကိန်း ရှိခြင်းကြောင့် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ အတွင်းမှ စတင်၍ ရွှေ

ဘို- ကျောက်မြောင်း ကားလမ်းဘေး တစ်လျှောက်ရှိ မြေကွက်များ အရောင်းအဝယ် စတင်ဖြစ်ခဲ့ပြီး ရွှေဘိုင
လျင်လှုပ်ခတ်ပြီး နောက်ပိုင်းတွင် ဈေးကွက် ပြန်ငြိမ်သွားရာမှတံတားဖွင့်ပြီး နောက်တွင်ယင်းသို့ ဈေးကွက်
 အရောင်းအဝယ် ပြန်လည် ကောင်းမွန်လာခြင်း ဖြစ်ကြောင်း ရွှေဘိုမြို့အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်းမှ သိရ
သည်။

“ငလျင်လှုပ်လိုက်တော့ မြေအရောင်းအဝယ်က အတက်ဈေးနဲ့ ငြိမ်သွားတယ်။ အခု တံတားဖွင့်လိုက်တော့

မှ ပြန်သွက်လာတာ” ဟု ရွှေဘို-ကျောက်မြောင်း ကားလမ်းဘေး သူဇာရပ်ကွက်တွင် မြေကွက် ဝယ်ယူထား
သူ ရွှေဘိုမြို့ဒေသခံ ဒေါ်ခင်မာကြည်က ဆိုသည်။

ရွှေဘိုမြို့နယ်နှင့် ကျောက်မြောင်းမြို့နယ်သို့ ဆက်သွယ်ထားသော ရွှေဘို- ကျောက်မြောင်း ကားလမ်းဘေး

ရှိ မြေကွက်များ ဈေးမြင့်၍ အရောင်းအဝယ် သွက်လာခြင်းသည် ဧရာဝတီမြစ်ကူးတံတား ဖွင့်လှစ်လိုက်ခြ
င်းနှင့် မူလက ရွှေဘိုမြို့အတွင်း၌ ဖွင့်လှစ်ထားသော အဆောင်များသည် ရွှေဘိုတက္ကသိုလ်နှင့် နီးသည့် ရွှေ
ဘိုမြို့ပြင် ကျောက်မြောင်း ကားလမ်းဘေး မြေကွက် များသို့ ပြောင်းရွှေ့ ဖွင့်လှစ်လာကြခြင်းကြောင့် ယင်း
ကဲ့သို့ မြေဈေး ခုန်တက်သွားခြင်း ဖြစ်သည်ဟု ရွှေဘိုမြို့ အမှတ် (၃) ရပ်ကွက်ရှိ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် ဦးကျော်က သုံးသပ်သည်။

လက်ရှိ ရွှေဘို-ကျောက်မြောင်း ကားလမ်းဘေး မြေကွက်များသည် ပေ ၆၀ ပတ်လည် မြေကွက် တစ်ကွက်

လျှင် ကျပ် သိန်း၁၅၀၀၊ ပေ ၁၈၀ ပတ်လည် မြေကွက်သည် ကျပ်သိန်း ၂၅၀၀ ခန့်နှင့် ပေ ၂၀၀ အထက် ပတ်
လည် မြေကွက်များသည် ကျပ်သိန်း ၄၅၀၀ ခန့်ထိ ဈေးမြှင့်ခေါ်လျက်ရှိပြီး အဆိုပါ မြေဈေးသည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် မြေပေါက်ဈေးထက် သုံးဆခန့် မြင့်တက်လာသည့် မြေဈေးများ ဖြစ်ကြောင်း အဆိုပါ ရွှေဘို အိမ်
၊ ခြံ၊ မြေ ဈေးကွက်အတွင်းမှ သိရသည်။

The Voice Weekly , RangonNewsDaily
kolatt (Pabedan): 30.7.2013

No comments:

Post a Comment