Pages

Pages - Menu

Saturday, June 1, 2013

မလေးရှားနိုင်ငံ ကမ်ပွန်း( KamPung )ရှိ မြန်မာဘုန်းတော်ကြီး ကျောင်း အနီးရိုက်ပွဲဖြစ်ပွားမှုသတင်းမမှန်ဟု ဦးရဲထွဠ်ပြောကြား

မလေးရှားနိုင်ငံ ကမ်ပွန်း( KamPung )ရှိမြန်မာဘုန်းတော်ကြီးကျောင်း အနီးမှာ ရိုက်ပွဲဖြစ် တယ်၊ ဆလာရန်း
မှာ ရိုက်ပွဲဖြစ်တယ်၊ မြန်မာတွေသေတယ်ဆိုတဲ့ သတင်းတွေ အင်တာနက်ပေါ်မှာ တွေ့နေရပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာနက တဆင့် မလေးရှားမှာ ရှိတဲ့ မြန်မာသံရုံးကို ညနေ ငါးနာရီကျော်ကတစ်ကြိမ်၊ အ
ခု ည ၈နာရီကျော်က တစ်ကြိမ်၊အဲဒီ သတင်းတွေနဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်းခဲ့ပါတယ်။

သံအမတ်ကြီးကအဲဒီဖြစ်စဉ်တွေမှန်ကန်မှုမရှိကြောင်း၊ မြန်မာဘုန်းတော်ကြီးကျောင်းက ဆရာတော်နဲ့လည်း

 ညနေက စပြီး အဆက်အသွယ်မပြတ်ရရှိနေကြောင်း၊ ဆရာတော်က အဲဒီလို တိုက်ခိုက်မှုများမရှိကြောင်း
ပြောတယ်လို့ အကြောင်းပြန်ပါတယ်။

အင်တာနက်ပေါ်က သတင်းများကို အလွယ်တကူ မယုံကြည်ကြပါနဲ့။မလေးရှားအပါအ၀င် နိုင်ငံ တကာမှာရှိ

နေ တဲ့ မြန်မာသံရုံးများကလည်း မြန်မာနိုင်ငံသားများကို ကာကွယ်ကူညီစောင့်ရှောက် ဖို့ အသင့်ရှိပါတယ်။

ဦးရဲထွဠ် (နိုင်ငံတော်သမ္မတရုံး)
Rangonnewsdaily
ကိုလတ်(ပန်ဘဲတန်း):1.6.2013

No comments:

Post a Comment