Pages

Pages - Menu

Saturday, June 15, 2013

ကချင်ပြည်နယ် တနိုင်း တွင် မွတ်စလင်မ်များအပေါ် ဖိနှိပ်မှုများကို စနစ်တကျ စီစဉ် ပြုလုပ်နေ

ဇွန် ၁၅၊ ၂၀၁၃
တနိုင်း ။ ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့အနီး တနိုင်းမြို့တွင် မွတ်စလင်မ်များအပေါ် ဖိနှိပ်မှုများကို စနစ်တကျ

စီစဉ် ပြုလုပ်နေကြာင်းသိရသည်။ကချင်ပြည်နယ်ဖားကန့်မြို့အနီးတနိုင်းတွင်၂၀၁၃-ခု သင်္ကြန်ရက်အတွင်း
မှစတင်၍ ၃-၄ ရက်ဆက်တိုက် မြို့ထဲတွင် ၉၆၉ စာများဖြန့်ဝေခြင်း၊ တရားဟောခြင်းများပြုလုပ်ခဲ့ကြောင်းသိ
ရသည်။
ထို့အတွက် မြို့နယ်ဥက္ကဌ၊ မြို့နယ်ဦးစီးမှူး၊ SB တို့နှင့်အတူ မြို့နယ်သံဃာ့နာယကထံ ပြောကြားသော်လည်း မြို့နယ်သံဃာ့နာယကမှသိရှိ၍အမျိုးဘာသာသာသနာအတွက် ပြုလုပ်ခွင့်ပြုထားခြင်းဖြစ်ကြောင်းပြောသည်။ 

စာရွက်စာတမ်းဝေငှသည်မှာ တရားဥပဒေနှင့် ငြိစွန်းသည်ဟု ပြောကြားသော်လည်း မိမိတိုင်းပြည် မိမိလူမျိုး
အတွက် ပြုလုပ်ခြင်းဖြစ်သည့်အတွက် မည်သည်မှ ဖြစ်စရာအကြောင်းမရှိဟု ပြန်လည်ပြောကြားခဲ့သည်။

မွတ်စလင်မ်လူနည်းစုများအပေါ် ယခုကဲ့သို့ ဖိနှိပ်မှုများပြုလုပ်နေသည်မှာ မသင့်တော်ကြောင်း၊ အကယ်၍ မိမိတို့ ဗုဒ္ဓဘာသာတရားအား ဤကဲ့သို့ ဖိနှိပ်မည်ဆိုပါက မည်သို့ ခံစားရမည်ဖြစ်ကြောင်းကို မြို့နယ်ဥက္ကဌ ခရစ်ယာန်ဘာသာဝင်မှ ရှင်းလင်းပြောဆိုခဲ့သော်လည်း သံဃာနာယကနှင့် အချေအတင်ဖြစ်ပြီး ပြန်လာခဲ့

ရကြောင်းသိရသည်။

ယင်းကဲ့သို့နေလာခဲ့ရာမှ လွန်ခဲ့သည့် မေလ ၂၈-ရက်ဝန်းကျင်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးများကို ဘုန်းကြီး

ကျောင်း၌ခေါ်ယူ၍ တနိုင်းမှ မွတ်စလင်မ်များကို မောင်းထုတ်ပေးရန်၊ ဆောက်လုပ်ရေးဝင်းအတွင်း နေထိုင်
သော မွတ်စလင်များနှင့် ရုံးတန်းလျားများတွင်ဆိုင်ဖွင့်ထားသောမွတ်စလင်များအားလည်း မောင်းထုတ်ပေး
ဟု တောင်းဆိုခဲ့ကြောင်းသိရသည်။ မြို့နယ် အုပ်ချုပ်ရေးမှူးမှ ဤကဲ့သို့ ပြုလုပ်၍မရကြောင်း၊ ဥပဒေနှင့် မညီ
ညွတ်ကြောင်း၊ ငှားရမ်းထားသော စာချုပ်သက်တမ်းကုန်ဆုံးပါက နောက်ထပ် ငှားရမ်းခွင့်မပြုရန်သာ ပြုလုပ်
နိုင်ကြောင်းပြောပြခဲ့သည်ဟုလည်း သိရသည်။

အဆိုပါကိစ္စကို မကျေနပ်၍ ပြီးခဲ့သော စနေနေ့တွင် ဘုန်းကြီးကျောင်းသို့ မြို့နယ် အာဏာပိုင်ကို ဖိတ်ခေါ်၍ လူအစုအဝေးပြုလုပ်ပြီး ဘုန်းကြီးမှ 'မြို့မိ မြို့ဖ ဒကာ ဒကာမတို့ ကိုယ့်မြို့အတွက် ပြောစရာရှိတာပြော'ဟု

ဆိုသဖြင့်ရတနာစည်ဘီယာနှင့်စားသောက်ဆိုင်ပိုင်ရှင် ဒေါ်နုနုဝေမှအချက်(၅)ချက်ကို တောင်းဆိုခဲ့ကြောင်း
သိရသည်။ 

အဆိုပါ အချက်များမှာ
(၁) တနိုင်းရှိ မွတ်စလင်မ်များအားလုံး မောင်းထုတ်ပေးရေး၊
(၂) တနိုင်းသို့ မွတ်စလင်မ်များ နောက်ထပ် ၀င်မလာရေး၊
(၃) မည်သည့်မွတ်စလင်မ်အိမ်တွင်မှ ဘုရားရှိခိုးခြင်း(နမားဇ်ဖတ်) မပြုရန်၊
(၄) ဆောက်လုပ်ရေးဝင်းအတွင်းတွင် ဖွင့်ထားသော လ္ဘက်ရည်ဆိုင်အား ချက်ချင်းပိတ်သိမ်းပေးရန်၊
(၅) ရယကရုံးတွင် ဆိုင်ခန်းငှားရမ်းဖွင့်လှစ်ထားသော ဆိုင်ကယ်ပစ္စည်းဆိုင်အား ပိတ်သိမ်းပေးရေး တို့ဖြစ်

သည်။

ဥက္ကဋ္ဌနှင့်အဖွဲ့လည်း ထိုအစည်းအဝေးမှ ပြန်လာပြီးနောက် ချက်ချင်းပင် မွတ်စလင်မ်ဆိုင်ပိုင်ရှင်များအား ဆိုင်ချက်ချင်း ပိတ်ပေးရန်ပြောသည့် အတွက် သက်ဆိုင်ရာသို့ ပြောသော်လည်း ပြဿနာမဖြစ်စေရန် ပိတ်

ပေးရန်စေခိုင်းမှုကြောင့် မွတ်စလင်မ်များမှယခုကဲ့သို့တစ်ဆိုင်ပိတ်ပေးလိုက်ပါက နောက်ထပ်အခြားသော
ဆိုင်များ ပိတ်သိမ်းပေးရန် ဖြစ်လာနိုင်မည်ကို ပြောသော်လည်း အခြားဆိုင်များ ပိတ်သိမ်းမှု မဖြစ်စေရန် ကြံ
ရွယ်ပြုလုပ်သွားမည်ဟု တာဝန်ရှိသူများမှ အာမခံသည့်အတွက် ပိတ်သိမ်းပေးလိုက်ကြောင်းသိရသည်။ 

ထိုသို့ ပိတ်သိမ်းပေးလိုက်ပြီး နောက်ရက်တွင်ပင် အခြားဆိုင်များအားလည်း ပိတ်သိမ်းခိုင်းပြီး ထိုမှတဆင့် ပ
စ္စည်းများနှင့် လူများအား ချက်ချင်းပင် ပြောင်းရွေှ့ခိုင်းလာကြောင်း သိရသည်။ ရွေှ့ပြောင်းရသော မွတ်စလင်
မ်ဆိုင်ရှင်မှ မိမိမြေကွက်တွင် အိမ်ဆောက်ပြီးလျှင် ရွှေ့ပြောင်းပေးမည်ပြောသော်လည်း အခြားနေရာတွင် ငှားရမ်းနေထိုင်ပါဟု ပြောဆိုသောကြောင့် အိမ်ငှားရမ်းသော်လည်း မည်သူမှ မငှားရမ်းသောကြောင့် အခက်
အခဲ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

ထို့နောက် တနိုင်းတွင် နေ့စဉ်လာရောက် အလုပ်လုပ်ကိုင်နေသူများနှင့် တနိုင်းတွင် အိမ်ထောင်စုတွင် နာ

မည်မပါရှိသူများပါ မနေပဲ ပြန်ခိုင်းကြောင်း၊ ရယက၊ မယကတွင် ထောက်ခံချက်တောင်းသော်လည်း မရရှိ
သောကြောင်း၊ မယကမှ ပြောသည်မှာ 'ဗုဒ္ဓဘာသာများသည် မွတ်စလင်မ်များအား တနိုင်းမှထွက်ခွာသွား
စေလိုကြောင်း၊ 

ဤရွာတွင်ဆက်နေပါကဖျက်ဆီးပြီးဒုက္ခရောက်အောင် ပြုလုပ်မည်သောကြောင့်'တနိုင်းတွင်မနေရန် မောင်း
ထုတ်သကဲ့သို့ ပြုလုပ်လာကြောင်း၊ အာဏာပိုင်မှလည်း မွတ်စလင်မ်များအား ကာကွယ်ပေးမှု မရှိကြောင်း၊ ဥပဒေကြောင်းအရ မည်သို့မှ ကာကွယ်မှု မပြုပေးနိုင်ပဲရှိနေကြောင်း၊ 

လာမည့် ၂၀-ရက်နေ့တွင် ဗုဒ္ဓဘာသာလူငယ်အဖွဲ့ဖွဲ့စည်းမည်ဖြစ်ပြီး ယင်းနေ့တ၀ိုက်တွင်ပင် တနိုင်းရှိ မွတ်
စလင်မ်ဆိုင်များအား လိုက်လံဖျက်ဆီးမည်ဖြစ်ပြီး ဆိုင်ခန်းများအားလည်း ဓါတ်ပုံများရိုက်ယူထားသည်ဟု
တင်းများထွက်ပေါ်နေပြီးမွတ်စလင်မ်များအပေါ်ဖိနှိပ်မှုများကိုစနစ်တကျစီစဉ် ပြုလုပ်နေသောကြောင့်တနိုင်း
မြို့ခံမွတ်စလင်မ်များ စိတ်သောကရောက် အခက်အခဲကြုံတွေ့နေရကြောင်းကို တနိုင်းမြို့ခံများထံမှ ဆက်
သွယ်သိရှိရပါသည်။

M-Media ,  RangonNewsDaily
kolatt(PBDN): 15.6.2013

No comments:

Post a Comment