Pages

Pages - Menu

Wednesday, June 26, 2013

ဖမ်းဝရမ်းကို ကိုယ်တိုင်ဖတ်ကြည့်သော အမျိုးသားတစ်ဦး သတိလစ်မေ့မြော

မုံရွာ၊ ဇွန် ၂၅

မုံရွာမြို့ အိုးဘိုတောင် ရပ်ကွက်တွင် နေထိုင်သူ အသက် ၆၀ ကျော် အမျိုးသား တစ်ဦးသည် မုံရွာမြို့နယ် တရားရုံးက ဇွန်လ ၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ဖမ်းဝရမ်းကို ကိုယ်တိုင် ဖတ်ကြည့်ပြီးနောက် သတိလစ်မေ့မြောသွားခဲ့ကြောင်း ဖမ်းဝရမ်း ထုတ်ပြန်ခံရသူ၏ မိသားစုဝင် များနှင့် ရဲတပ်ဖွဲ့ဝင်များက ပြောကြားသည်။ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် အရှေ့ဘက်၌ ကျူးကျော်နေထိုင်သူဟု စွပ်စွဲခံထားရသူ တစ်ဦးဖြစ်သည့် ဦးရွှေရကို သက်ဆိုင်ရာက မုံရွာမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားသဖြင့် ဇွန်လ ၂၄ ရက်နေ့တွင် တရားရုံးသို့ လာရောက်ရန် ဆင့်ခေါ်ခဲ့ရာ ၎င်းမှာ သွားရောက်ခဲ့ခြင်း မရှိသောကြောင့် ဇွန်လ ၂၅ ရက်နေ့တွင် ဖမ်းဝရမ်း ထုတ်ပြန်ခဲ့ကြောင်း မုံရွာမြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

"ကျွန်တော်တို့က တရားရုံးရဲ့အမိန့်အရ ဆောင်ရွက်ရတာပါ အမိန့်စာ မှာလည်း ပါပါတယ်။ သူ့ကို အာမခံပေးသူ နှစ်ဦးနဲ့ သုံးသိန်းတန် ခံဝန် အာမခံပေးရင် သူ့ကို လွှတ်ထားခွင့် ရှိတယ်ဆိုတာ ပါတယ်။ ဒါပေမဲ့ ဝရမ်း ဖတ်တဲ့အချိန်မှာ သူက သတိလစ်သွားတော့ ဒီအတိုင်းခေါ်သွားလို့က မရ ဘူး။ ဒါနဲ့ မုံရွာ ပြည်သူ့ဆေးရုံကြီးကို ဆေးဝါးကုသမှု ခံယူဖို့ ပို့ဆောင် ခဲ့ရတယ်" ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မုံရွာမြို့ အိုးဘိုထောင် ရပ်ကွက်တွင် နေထိုင်သော ဦးရွှေရကို အစိုးရ ပိုင် မြေပေါ်တွင် တရားဝင် ခွင့်ပြုချက်မရဘဲ ကျူးကျော် အဆောက်အအုံ ဆောက်လုပ်နေမှုကို သက်ဆိုင်ရာ နယ်မြေတာဝန်ခံ
အင်ဂျင်နီယာမှ စစ်ဆေး တွေ့ရှိရသဖြင့် လုပ်ငန်းများအား ရပ်ဆိုင်းထား ရန်နှင့် ဇွန်လ ၂၀ ရက်နေ့တွင် နောက်ဆုံးထားပြီး ကျူးကျော် ဆောက် လုပ်နေသော အဆောက်အအုံအား ဖျက်သိမ်းပေးရန်နှင့် အဆောက်အအုံ ကို ထပ်မံ ဆောက်လုပ်နေထိုင်ကြောင်း တွေ့ရှိရလျှင် စည်ပင်သာယာရေး ဥပဒေများနှင့် အညီ တရားစွဲဆိုသွားမည်ဟု အကြောင်းကြားစာ တစ်စောင် ကို ဇွန်လ ၁၇ ရက်နေ့တွင် ပေးပို့ခဲ့ကြောင်း ဦးရွှေရ၏ သားဖြစ်သူက ပြော ကြားသည်။

၂၀၀၉ ခုနှစ်အတွင်းက စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် အဆောက်အအုံ များ ဆောက်လုပ်ရန် လ
ယ်ယာမြေများကို သိမ်းယူ၍ သိမ်းဆည်းခံရသူများ အား မြေကွက်သစ်များ ချထားပေးခဲ့သော်လည်း လက်ရှိအချိန်ထိ သိမ်း ဆည်းခံ တောင်သူအချို့ အိမ်ဝင်း ပိုင်ရှင်များနှင့် ပြေလည်ခြင်း မရှိသေးကြောင်း မုံရွာ မြို့ခံများထံမှ သိရသည်။
The Voice ,  RangonNewsDaily
kolatt(PBDN): 26.6.2013

No comments:

Post a Comment