Pages

Pages - Menu

Wednesday, June 26, 2013

ငွေကြေးစုံစမ်းထောက်လှမ်းရေး ရဲတပ်ဖွဲ့ တရားမဝင်နည်းဖြင့် ကြီးပွားနေသူများအား ဖော်ထုတ်အရေးယူမည်

တရားမဝင်သည့် နည်းလမ်းအသုံး ပြုကာ ငွေကြေးရရှိစုဆောင်းထားကြ သူများကို ငွေကြေးစုံစမ်းထောက်လှမ်း ရေးရဲတပ်ဖွဲ့က အရေးယူ သွားမည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ ဇွန်လ ၁၅ ရက်နေ့မှစကာ ဒုတိယ ရဲချုပ် ဦးစီးသော တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ ကလေးနှင့် တမူးခရိုင်အတွင်း ကွင်းဆင်း စုံစမ်းစစ် ဆေးမှုအပြီး ရက်ပိုင်းအကြာ ရဲတပ်ဖွဲ့ ဌာနချုပ်က အထက် ပါအတိုင်း ပြောကြား ခဲ့ခြင်းဖြစ်ပြီး အရေးယူနိုင်ရန်အတွက် လည်း သက်ဆိုင် ရာရဲတပ်ဖွဲ့ကို ဖွဲ့စည်း ထားပြီးပြီဖြစ်ကြောင်း သိရသည်။

ငွေကြေးစုံစမ်းထောက်လှမ်းရေး ရဲတပ်ဖွဲ့သည် လက်ရှိတွင် နေပြည်တော် တွင် ရုံးထိုင်နေပြီဖြစ်ပြီး လုပ်ငန်းတာဝန် များကို ချမှတ်ထားသော လုပ်ထုံး၊ လုပ်နည်း များအရ ဆောင်ရွက်သွားမည်ဟု ၄င်း တပ်ဖွဲ့က ဇွန် ၂၁ရက်နေ့ တွင်ပေါ်ပြူလာ နယူးစ်သို့ ပြောသည်။

ငွေကြေးခဝါချမှု၊ အခွန်တိမ်းရှောင် မှု၊ အဂတိလိုက်စားမှု၊ အကြမ်းဖက်မှု များနှင့်အကြမ်းဖက်မှုများအပေါ် ငွေကြေး ထောက်ပံ့ခြင်း များ၊ ဈေး ကွက်ထိန်းချုပ် မှုများနှင့် ငွေကြေးအတု ပြုလုပ်မှု၊ သုံးစွဲမှု၊ လက်ဝယ် ထားမှုများစသော ပြစ်မှုတို့ကို ငွေကြေးနှင့်ပစ္စည်းများ ဗဟိုထိန်းချုပ်ရေး အဖွဲ့ က ကိုင်တွယ်မည်ဟု ထုတ်ပြန်ချက် များအရ သိရသည်။

ကုန်သည်/စက်မှုလက်မှုလုပ်ငန်း အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ”ပုံမှန်စီးပွားရေး လုပ် ကိုင်နေသူတွေအတွက်ကေ တာ့ ဒီရဲတပ်ဖွဲ့ ရှိလည်း ဆိုးကျိုးမဖြစ်ဘူး။ မမှန်မကန်တွေ အတွက်သာ ထိခိုက်မှုရှိသွားမယ်” ဟု ပြော သည်။ ငွေကြေးနှင့်ပတ်သက်၍ စုံစမ်းေ ထာက် လှမ်းသောရဲတပ် ဖွဲ့ သည်နိုင်ငံတကာ စံနှုန်း အတိုင်းရှိသင့်ကြောင်း လည်း ဒေါက်တာ မောင်မောင်လေးက ဆက်ပြောသည်။

၂ဝ၁၁ ခုနှစ် မေလ ၂၇ ရက်နေ့ က အစိုးရ၏ အမိန့်ကြေညာစာ ၁ဝ/၂ဝ၁၁ ဖြင့် တရားမဝင်သော နည်း လမ်းဖြင့် ရရှိသော ငွေကြေးနှင့် ပစ္စည်း များ ဗဟိုထိန်းချုပ်ရေး အဖွဲ့ကို ဖွဲ့စည်း ကြောင်း ကြေညာ ခဲ့ပြီး ပြည်ထဲရေးဝန် ကြီးက ဥက္ကဋ္ဌ၊ ဘဏ္ဍာ/အခွန်ဝန်ကြီးက ဒုတိယဥက္ကဋ္ဌ၊ လယ်/ဆည်ဒု-ဝန်ကြီး၊ ဒုတိယရှေ့နေချုပ်နှင့် ဗဟိုဘဏ် ဥက္ကဋ္ဌ တို့က အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ရဲ ချုပ်က အတွင်းရေးမှူးအဖြစ် လည်း ကောင်း ပါဝင်သည်။

မင်းသုအောင်
Popular Myanmar , RangonNewsDaily
kolatt(PBDN): 26.6.2013

No comments:

Post a Comment