Pages

Pages - Menu

Sunday, June 16, 2013

မန္တလေးမြို့တွင် ငါးလအတွင်း သာသနာညှိုးနွမ်းစေမှု ၃၀ ကျော် ဖြစ်ပွား

မန္တလေး၊ ဇွန် ၁၆
သံဃာပေါင်း ၄၀,၀၀၀ ကျော် သီတင်း သုံးနေထိုင်သော မန္တလေးမြို့တွင် ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ မေလ

အထိ ငါးလတာ ကာလအတွင်း သာသနာညှိုးနွမ်းအောင် ပြုလုပ်သော သံဃာတော်များကို ပြစ်မှုဆိုင်ရာ ဥ
ပဒေပုဒ်မ၂၉၅-က အရ အရေးယူ ဆောင်ရွက်မှု၃၆ မှုရှိခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံ
မှ သိရသည်။
မန္တလေးခရိုင် အတွင်းတွင် ဘုရား ကျောင်းဝင်း၊ ဘုန်းကြီးကျောင်းဝင်း၊ ဘုရားကြီး ဗောဓိစောင်းတန်း တို့တွင် အရက်သေစာ သောက်စားမူးယစ်ခြင်း၊ မန္တလေး ဆေးရုံကြီးတွင် စာအိတ်များဖြင့် အလှူခံ ခြင်းများစသည့် လုပ်ရပ်များကို မြို့နယ် သံဃနာယက၊ သာသနာတော်ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့များ၊ စာသင်တိုက်
ကြီး များ၏ နာယကဆရာတော်ကြီးများမှ တစ်ဆင့် သက်ဆိုင်ရာမြို့နယ် ရဲစခန်းများက ပြစ်မှုပုဒ်မ ၂၉၅-က အရ အရေးယူ ဆောင်ရွက်ပေးလျက် ရှိကြောင်း ခရိုင် သာသနာရေးမှူးထံမှ သိရသည်။

ဇွန်လ ၁၂ ရက်နေ့တွင် ချမ်းအေးသာစံ မြို့နယ်တွင်သံဃာတစ်ပါးကကွန်ပျူတာစာစီထားသော စာအိတ်များ

 အသုံးပြုကာ မန္တလေးဆေးရုံကြီးရှိ လူနာများထံမှ အလှူခံနေကြောင်း သိရသဖြင့် သက်ဆိုင်ရာနယ်မြေရဲ များနှင့်အတူ မြို့နယ်သာသနာတော်ထိန်း သိမ်းစောင့်ရှောက်ရေး အဖွဲ့များက သွားရောက် စစ်ဆေးခဲ့ရာ အလှူခံနေသည့် သံဃာ မှာ အရှင်တေဇာဘာသာ ၂၀ နှစ်၊ ဝါသုံးဝါ ဆိုသူဖြစ်ပြီး ၄င်းထံမှ အလှူခံစာအိတ် ၇၈ အိတ်၊ သင်္ကန်းရောင် လွယ်အိတ်တစ်လုံး၊ အလှူခံရငွေ ၃၀၀၀ ကျပ်တို့ကိုပါ သိမ်းဆည်း ရမိသဖြင့် လူ
ဝတ်လဲပေးပြီး အရေးယူဆောင် ရွက်ရန် သက်ဆိုင်ရာ နယ်မြေရဲစခန်းသို့ အပ်နှံခဲ့ကြောင်း ရဲတပ်ဖွဲ့မှူးရုံးထံ
မှ သိရသည်။

အဆိုပါနေ့တွင် ချမ်းမြသာစည် မြို့နယ် ကျွန်းလုံးဥသျှောင်ရပ်ကွက် ဦးပွားဘုရားဝင်း အတွင်းတွင် ရဟန်း

တစ်ပါး အရက်သေစာ သောက်စား မူးယစ်နေသဖြင့် ချမ်းမြသာစည် မြို့မရဲစခန်းက အမှုသေးအမှတ် ၃/၂၀၁၃ ပြစ်မှုပုဒ်မ၂၉၅-က အရ အမှုဖွင့် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဇွန်လ၁၂ ရက်နေ့တွင်လည်းမဟာမြတ်မုနိဘုရားကြီးအတွင်းခိုး၊ဆိုး၊ နှိုက်သတင်းစုံစမ်းနေစဉ်
ဘုရားကြီးမ

ဟာဗောဓိစောင်းတန်း တွင် အရက်သေစာ သောက်စားမူးယစ်နေသည့် သက်တော် ၃၇ နှစ်၊ ဝါတော်ရှစ်ဝါ
ရှိသော ရဟန်းတစ်ပါးကို မြို့နယ်သာသနာထိန်းသိမ်းစောင့်ရှောက်အဖွဲ့ကသိက္ခာချလူဝတ်လဲ ပေးပြီးအရေး
ယူဆောင်ရွက်ပေးရန် သက်ဆိုင်ရာ နယ်မြေရဲစခန်းသို့ အပ်နှံခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရ
သည်။

"တချို့ မြို့တွေမှာရှိတယ်။ သင်္ကန်းဝတ်ကြီးနဲ့ ဆိုင်ကယ်မောင်းတာတွေ၊ ကားမောင်းတာတွေ မြင်တွေ့တယ်

ဆိုရင် လိုက်ပြီး လျှောက်တင်ပြောတယ်။ မသင့်တော်ပါဘူး၊ ပုဒ်မ ၂၉၅-က အရ အရေးယူခံ ရလိမ့်မယ်လို
့ ပြောပါတယ်" ဟု ခရိုင်သာသနာရေးမှူး ဦးကျော်လှိုင်က ပြောကြားသည်။

သာသနာညှိုးနွမ်းအောင် ပြုလုပ်သောသံဃာများကို တွေ့ရှိပါက သက်ဆိုင်ရာ နယ်မြေခံဆရာတော်၊ စာသင်

တိုက် ဆရာတော်ကြီးထံ အသိပေးလျှောက်တင် ရကြောင်း ခရိုင်သာသနာရေးမှူးက ပြောကြားခဲ့သည်။

ဇွန်လ ၁၂ ရက်နေ့တွင်လည်း မဟာအောင်မြေ မြို့နယ်တွင် ရဟန်းတစ်ပါးက ၄င်းနှင့်ကပ်လျက် ကျောင်းသို့ လာရောက် တည်းခိုသော ဧည့်သည်ထံမှ ငွေကျပ်သိန်း ၉၀ ခိုးယူသဖြင့်သက်ဆိုင်နယ်မြေရဲစခန်းက ဖမ်းဆီး

အရေးယူ ဆောင်ရွက်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။

The Voice Weekly , RangonNewsDaily
kolatt(PBDN): 16.6.2013

No comments:

Post a Comment