ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ) |
ရန်ကုန်- မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ဇွန် ၁၅ ရက်တွင်
ပြန်လည်ပို့ဆောင်ခံရသော မြန်မာနိုင်ငံသား ၄၅ ဦးမှာ လတ်တလောအကြမ်းဖက် မှုဖြစ်ပွားပြီးနောက်ဖမ်းဆီးခံရသူများမဟုတ်ဘဲမလေးရှားထောင်များ
တွင် ယခုနှစ်ပိုင်းကတည်းက ဖမ်းဆီးခံထားရသူများသာဖြစ်ကြောင်းသတင်းရရှိသည်။ မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများအား အကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက် မလေးရှားရဲတပ်ဖွဲ့က စာရွက်စာတမ်းမပြည်စုံသူ မြန်မာနိုင်ငံသား ၃၀၇ ဦးကို ဖမ်းဆီးထားကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဌာ
နဒုဝန်ကြီးဦးဇင်ယော်ကပြောသည်။ ၎င်းတို့ကို မြန်မာနိုင်ငံသို့ပြန်ပို့ရန်စီစဉ်နေသည်ဟု ဦးဇင်ယော် ကပြော
ကြားထားသော်လည်းဇွန် ၁၅ ရက်တွင်
မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသောသူများမှာယခင်ကတည်း
က
မလေးရှားထောင်များအတွင်း ဖမ်းဆီးခံထားရသူများနှင့်
တရားဝင်အလုပ်လုပ်ကိုင်နေပြီး ခေတ္တခွင့်ဖြင့်
ပြန်လည်ရောက်ရှိလာသူများဖြစ်နေသည်။
လက်ရှိအချိန်တွင် မလေးရှားရှိ မြန်မာသံရုံးမှ တရားမ၀င်နေထိုင်သူအားလုံးကို လိုအပ်သည့် အကူအညီများ
လက်ရှိအချိန်တွင် မလေးရှားရှိ မြန်မာသံရုံးမှ တရားမ၀င်နေထိုင်သူအားလုံးကို လိုအပ်သည့် အကူအညီများ
ပေးမည်ဖြစ်ကြောင်းနှင့် မြန်မာ နိုင်ငံမှ
လေကြောင်းလိုင်းများ၊စီးပွားရေးလုပ်ငန်းရှင်ကြီးများ၏
ထောက်ပံ့လှူ
ဒါန်းမှုများ မလေးရှားသို့ ပေးပို့ထားသော်လည်း ယခုပြန်ပို့ခံရသူ၄၅ ဦးမှာသံရုံး၏သက်သေခံလက်မှတ်ထုတ်
ပေးသည့်အကူအညီသာရရှိခဲ့သည်။ထိုသို့ မြန်မာနိုင်ငံသို့ ပြန်ရန် လေယာဉ်လက်မှတ်ကိုလည်းမိမိစရိတ်ဖြင့်
သာ ၀ယ်ယူခဲ့ရကြောင်း ဇွန် ၁၅ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည့် ပြန်ပို့
ခံရသူများကဆိုသည်။
“သံရုံးက သက်သေခံလက်မှတ်စီစဉ်ပေးလို့ လေယာဉ်လက်မှတ်ခ မလေးရှားရင်းဂစ် ၆၅၀ ပေးဝယ်ပြီး ပြန်
“သံရုံးက သက်သေခံလက်မှတ်စီစဉ်ပေးလို့ လေယာဉ်လက်မှတ်ခ မလေးရှားရင်းဂစ် ၆၅၀ ပေးဝယ်ပြီး ပြန်
လာတာပါ။ ထောင်ထဲမှာ စုစုပေါင်း ရက်တစ်ရာနေခဲ့ရပါတယ်။
ဒီနေ့မနက် ပြန်တော့မယ်ဆိုမှ Camp ထဲက ထွက်ရတာပါ။ ကျွန်တော်တို့မှာ
ပတ်စ်ပို့မရှိလို့ ဖမ်းခံရတာပါ။ ဆိုက်ထဲဝင်ဖမ်းတော့ ကျွန်တော်တို့နဲ့အတူ
မြန်မာ၄၇ယောက်အဖမ်းခံခဲ့ရပါတယ်”ဟုပီနန်ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတွင်
လုပ်ကိုင်ခဲ့ သည့် အုတ်
ဖိုဇာတိ ကိုဇော်ဝင်းထွန်းကပြောသည်။
ပြန်ပို့ခံရသူအများစုမှာ မလေးရှားနိုင်ငံသို့ ပြန်လည်သွားရောက်လုပ်ကိုင်လိုစိတ် မရှိတော့ကြောင်း တညီညွ
ပြန်ပို့ခံရသူအများစုမှာ မလေးရှားနိုင်ငံသို့ ပြန်လည်သွားရောက်လုပ်ကိုင်လိုစိတ် မရှိတော့ကြောင်း တညီညွ
တ်တည်း ပြောကြားခဲ့သည့်အပြင် တရားဝင်အလုပ်လုပ်ကိုင်ပါမစ်ဖြင့် သွားရောက်လုပ်ကိုင်ပြီး ခွင့်ဖြင့် ခေ
တ္တပြန်လာသူမြန်မာနိုင်ငံသားအများစုကလည်း ပြန်လည်သွားရောက်လိုစိတ်မရှိကြောင်း 7Day Daily ၏
မေးမြန်းမှုကို ဖြေကြားသည်။
“မလေးမှာ ဓားတွေနဲ့လိုက်ခုတ်တဲ့ ကောင်တွေကယူအင်န်ကတ်တွေကိုင်ထားတဲ့ ကောင်တွေဆိုတော့ ကျွန်
“မလေးမှာ ဓားတွေနဲ့လိုက်ခုတ်တဲ့ ကောင်တွေကယူအင်န်ကတ်တွေကိုင်ထားတဲ့ ကောင်တွေဆိုတော့ ကျွန်
တော်တို့ဘက်က လုံခြုံပေမယ့် ရှောင်ရတယ်။ မြန်မာတွေ
တော်တော်အထိများတယ်။ အခုပြန်ဖို့ သူဌေးစီ
စဉ်ပေးတာပါ။ မလေးဆိုရင်တော့
ပြန်မသွားချင်တော့ဘူး။အခုမလေးက အရင်လိုခေတ်မကောင်းတော့ဘူး
” ကလန်းမြို့ ဆိုဖာစက်ရုံတွင် တရားဝင်အလုပ်လုပ်ကိုင်ခွင့်ပါမစ်ဖြင့် လေးနှစ်ကြာအလုပ်လုပ်ခဲ့သောဟင်္သာ
တမြို့မှ ကိုလှမျိုးထွန်းကဆိုသည်။
ပြန်ပို့ခံရသော မြန်မာနိုင်ငံသားများတွင် အ၀တ်အစားအသုံးအဆောင်ပစ္စည်းအိတ်များလည်း မပါဝင်ဘဲ အ၀တ်တစ်ထည်၊ ကိုယ်တစ်ခုဖြင့်သာ ပြန်ရောက်လာကြခြင်းဖြစ်သည်။
“ကျွန်တော်ပတ်တနီထောင်မှာ ကိုးလပိုင်းကတည်းကထောင်ကျနေတာ။ ငါးလပိုင်း ၂ ရက်နေ့ထောင်က

ထွက်ပြီး Camp မှာရက်နှစ်ဆယ် လောက်နေရတယ်။ ထောင်ထဲမှာမွတ်ဆလင်နဲ့ရောထားတော့အဆင်မပြေ
ပါဘူး။ မကောင်းဘူးပေါ့ဗျာ။
အသက်အန္တရာယ်တင်မကဘူး။နေရထိုင်ရတာကအစ မကောင်းဘူး။ ဖြစ်လာ
ရင်ဘာမှ
အကာအကွယ်မရပါဘူး။ ကိုယ့်အိမ်မှာကိုယ်ငါးပိရည်နဲ့ပဲ စားစားပါဗျာ။
ပြန်မသွားတော့ဘူး” ဟု ပတ်တနီရာဘာခြံတစ်ခြံတွင်ရာဘာခြစ်ရင်းအဖမ်းခံခဲ့ရသည့် ကျောက်ဖြူမြို့မှကိုစိုးစိုးအောင်ကပြောသည်။
ယခုပြန်ပို့ခံရသူ ၄၅ဦးတွင်အသက်အငယ်ဆုံးအဖြစ် ၁၇ နှစ်အရွယ် မောင်ရန်နိုင်လင်းလည်း ပါဝင်ပြီး မလေး
ယခုပြန်ပို့ခံရသူ ၄၅ဦးတွင်အသက်အငယ်ဆုံးအဖြစ် ၁၇ နှစ်အရွယ် မောင်ရန်နိုင်လင်းလည်း ပါဝင်ပြီး မလေး
ရှားနိုင်ငံ၊ ပတ်တနီသို့ ရောက်ရှိပြီး
တစ်ရက်အကြာတွင် ဖမ်းဆီးခံရသူလည်းဖြစ်သည်။
“မလေးရှားရဲသုံးယောက်က ၀ိုင်းဖမ်းတယ်။ ထောင်ထဲမှာရဲတွေကရိုက်တယ်”ဟုရန်နိုင်လင်းက ပြောသည်။
“မလေးရှားရဲသုံးယောက်က ၀ိုင်းဖမ်းတယ်။ ထောင်ထဲမှာရဲတွေကရိုက်တယ်”ဟုရန်နိုင်လင်းက ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းမြန်မာအထူးအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံပြီးနောက်မလေးရှားပြည်
ထဲရေးဒုဝန်ကြီးက မလေးရှားထောင်များအတွင်း ဖမ်းဆီးထားသော မြန်မာနိုင်ငံသားလေးထောင်ကျော်ကို
ပြန်ပို့မည်ဖြစ်ကြောင်း ဘန်ကောက်ပို့စ်သတင်းစာတွင် ဖော်ပြထားသည်။
ပြန်ပို့ခံရသူများသည် မြန်မာနိုင်ငံသို့ ဆက်တိုက်ဝင်ရောက်လာဖွယ်ရှိနေပြီး ဇွန် ၁၇ ရက်တွင်လည်း ဧရာဝ
ပြန်ပို့ခံရသူများသည် မြန်မာနိုင်ငံသို့ ဆက်တိုက်ဝင်ရောက်လာဖွယ်ရှိနေပြီး ဇွန် ၁၇ ရက်တွင်လည်း ဧရာဝ
တီဖောင်ဒေးရှင်း၏ စီစဉ်မှုဖြင့်မလေးရှားရောက်
မြန်မာအလုပ်သမားအချို့ပြန်လာမည်ဖြစ်ကြောင်း သတင်း
ရရှိသည်။
7Day News, RangonNewsDaily
kolatt(PBDN): 16.6.2013
7Day News, RangonNewsDaily
kolatt(PBDN): 16.6.2013
No comments:
Post a Comment