Saturday, June 22, 2013
သီလဝါ အထူးစီးပွားရေးဇုန်အလားအလာများကြောင့်သန်လျင်မြို့နယ်တွင်အကောင်အထည် ဖော်နေသည့်
သီလဝါ အထူးစီးပွားရေးဇုန်အလားအလာများကြောင့်သန်လျင်မြို့နယ်တွင်အကောင်အထည် ဖော်နေသည့်
ကြယ်စင်အိမ်ရာစီမံကိန်း(Star City Project)
တွင် အမေရိကန်ဒေါ်လာ သန်းတစ်ရာ နီးပါး ရင်းနှီးမြှုပ်နှံမည်
ဖြစ်ကြောင်း
အဆိုပါ အိမ်ရာစီမံကိန်းတွင် ဝင်ရောက် ရင်းနှီးမြှုပ်နှံခဲ့ သည့် ပြင်သစ်
ဆောက်လုပ်ရေးကုမ္ပဏီ
Bouyges မှ တာဝန်ခံ Peter Francis က The Voice သို့
ပြောကြားသည်။
သီလဝါအထူးစီးပွားရေးဇုန်ကြောင့် ဝယ်လိုသူ များပြားနေသည့် အတွက် ဈေးကွက် အခြေအနေ ကောင်းမွန်
သီလဝါအထူးစီးပွားရေးဇုန်ကြောင့် ဝယ်လိုသူ များပြားနေသည့် အတွက် ဈေးကွက် အခြေအနေ ကောင်းမွန်
ကြောင်း ၎င်းက ပြောဆိုသည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲများကလည်း ၎င်းတို့ ကုမ္ပဏီ လာရောက် ရင်းနှီး မြှုပ်နှံရန် ဆွဲဆောင်နိုင်ခဲ့သည်ဟု Mr. Francis ကဆိုသည်။
Bouyges က ကြယ်စင်အိမ်ရာ စီမံကိန်းတွင် ၆၀ ရာခိုင်နှုန်း ပိုင်ဆိုင်မည် ဖြစ် သည်။
လက်ရှိတွင် ကြယ်စင်အိမ်ရာစီမံကိန်းသည်ဒုတိယအဆင့်စတင်နေပြီဖြစ်ပြီးယင်းအဆင့်စီမံကိန်း (Zone တွင်

ရှစ်ထပ်အဆောက်အအုံသုံးလုံးနှင့်၁၂ ထပ်
အဆောက်အအုံ နှစ်လုံး ပါဝင်မည် ဖြစ်ကာ အခန်းပေါင်း ၁၀၀၀
ကျော်
ပါရှိမည်ဖြစ်ကြောင်း စီမံကိန်း အချက်အလက်များအရ သိရသည်။
အခန်းဖွဲ့စည်းမှုအခြေအနေပေါ်မူတည်၍တစ်စတုရန်းပေလျှင်အနိမ့်ဆုံး ၁၆၀ ဒေါ်လာမှ ၂၂၀ ဒေါ်လာနှုန်း
အခန်းဖွဲ့စည်းမှုအခြေအနေပေါ်မူတည်၍တစ်စတုရန်းပေလျှင်အနိမ့်ဆုံး ၁၆၀ ဒေါ်လာမှ ၂၂၀ ဒေါ်လာနှုန်း
ထား အခန်းများဖြင့် ဖွဲ့စည်းထားသော အဆောက်အအုံ ငါးခုကို ယခုလတွင် စတင် ဆောက်လုပ်မည်ဖြစ်ပြီး အခန်း များ ရောင်းချမှုကိုမူ ဧပြီလကတည်းက စတင် ရောင်းချခဲ့ကြောင်း ယင်းစီမံကိန်း ပြုလုပ်သည့် SPA Project Management Ltd. မှ စီမံကိန်း ဒါရိုက်တာ David Whitting က ပြောကြားသည်။
ဧက၄၂၀ ကျော်ကျယ်ဝန်းသော မြေနေရာပေါ်အကောငအထည်ဖော်နေသော ကြယ်စင်အိမ်ရာစီမံကိန်း
(Star City Project)သည်အဆောက်အအုံငါးခု ပါဝင်သော စီမံကိန်း ပထမအဆင့် Zone A ပြီးစီးနေပြီဖြစ်ပြီး
အခန်းအားလုံး ရောင်းချပြီးဖြစ်ကြောင်း SPA Project Management Ltd. ထံမှ
သိရှိရသည်။
The Voice Weekly , RangonNewsDaily
kolatt(PBDN): 22.6.2013
The Voice Weekly , RangonNewsDaily
kolatt(PBDN): 22.6.2013
No comments:
Post a Comment