Pages

Pages - Menu

Wednesday, June 19, 2013

သက်တမ်းလွန် BAB ကလေးအားတိုးဆေးပြား ၁၇ သိန်းကျော် မီးရှို့ ဖျက်ဆီး

Wednesday, June 19, 2013

သက်တမ်း ကျော်လွန်နေသည့် BAB ကလေးအားတိုးဆေးပြား ၁၇ သိန်း ကျော်နှင့် နှလုံးကျန်းမာရေး အတွက် သောက်သုံးသည့် Protect ဆေးပြားပေါင်း နှစ်သိန်းကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ် မီးသတ်တပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောကြားသည်။ ဇွန်လ ၁၈ ရက်နေ့ နံနက် ၁၁ နာရီ က ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်း မြို့နယ် ကမ်းနားလမ်းနှင့် ကွမ်းအပ် မင်းသားလမ်းထောင့်ရှိ ဆေးဂိုဒေါင် မြေနေရာတွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ယင်းအရာရှိက ဆိုသည်။

"ဥပဒေအရတော့ သက်တမ်းလွန် ဆေးတွေကို လုံးဝမရောင်းရဘူး။ ဆေးကုမ္ပဏီတွေ အနေနဲ့ ဆေးသက်တမ်းကုန်ရင် ဆေးနှင့်ဆေးပစ္စည်း ကုန်သည်ကြီးများ အသင်းကို ဆက်သွယ်ပြီး မျက်မြင်သက်သေ တွေရဲ့ရှေ့မှာ ဆေးတွေကို မီးရှို့မြေမြှုပ်ရမယ်" ဟု အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေး ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ သိင်္ဂီဇင်က ပြောကြားသည်။

အဆိုပါ သက်တမ်းလွန်ဆေးဝါး များအား မီးရှို့ဖျက်ဆီးမည့် အကြောင်းကို AA Medical က မြို့နယ်ကျန်းမာရေး ဦးစီးဌာန နှင့် မီးသတ်တပ်ဖွဲ့ တို့ကို ကြိုတင်အသိပေး အကြောင်းကြား ခဲ့ကြောင်း မီးသတ်ဦးစီး ဌာနထံမှ သိရသည်။

အဆိုပါ သက်တမ်းလွန်ဆေးဝါးများ မီးရှို့ဖျက်ဆီးမှုနှင့် ပတ်သက်ပြီး AA Medical Product ထံ ဆက်သွယ် မေးမြန်းရာ ရုံးဝန်ထမ်းတစ်ဦးက တာဝန်ရှိသူ ခရီးသွားနေကြောင်းသာ ပြန်လည် ဖြေကြားသည်။

The Voice Weekly , RangonNewsDaily
kolatt(PBDN): 19.6.2013

No comments:

Post a Comment