မေလ ၂၆ရက်ထုတ် The Daily Eleven သတင်းစာပါ အမြန်လမ်းနှင့် ပတ်သက်သော
အယ်ဒီတာ့အာဘော်
ကြောင့် The Daily Eleven သတင်းစာပို့သည့်ကားများအား အမြန်လမ်းမတွင် ဖြတ်သန်းခွင့်ပိတ်ပင်ကြောင်း အမြန်လမ်းပိုင်းဆိုင်ရာ တာဝန်ရှိသူတစ်ဦးဖြစ်သူ အင်ဂျင်နီယာမှူးကြီးဦးမျိုးမြင့်က ပြောကြားခဲ့ပါသည်။
မေလ ၂၇ရက် ညပိုင်းတွင် The Daily Eleven သတင်းစာပို့သည့်ကားများ အမြန်လမ်းမှတဆင့် နေပြည်တော်
သို့ သတင်းစာပို့ဆောင်ရန် ထွက်ခွာစဉ် ယနေ့သည် နောက်ဆုံးဖြတ်သန်းခွင့်ပြုခြင်းဖြစ်ကြောင်း နောက်ရက်
များမှစ၍The Daily Elevenသတင်းစာပို့သည့်ကားများကိုအမြန်လမ်းမအားဖြတ်သန်းခွင့်ပြုတော့မည်မဟုတ်
ကြောင်း ရန်ကုန် Toll Gate မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
Eleven Media Group သည် The Daily Eleven သတင်းစာ စတင်ထုတ်ဝေသည့်အချိန်ဖြစ်သည့် မေလ ၃ရက်
နေ့မှစ၍ အမြန်လမ်းမကြီးအား ပုံမှန်အသုံးပြုခဲ့ခြင်းဖြစ်ပြီးယခုအချိန်ကျမှ ဖြတ်သန်းခွင့် တားမြစ်ခံရခြင်းဖြစ်
သည်။
အဆိုပါအယ်ဒီတာ့အာဘော်သည် မေ ၂၅ရက် နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေးအမြန်လမ်းမပေါ်တွင် ဖြစ်
ပွားခဲ့သော ၁၁ဦးသေဆုံးခဲ့ရသည့် ယာဉ်မတော်တဆမှုအပေါ်အခြေခံကာ အမြန်လမ်းမ၏ လိုအပ်ချက်များ
အား ဝေဖန်ထောက်ပြ ရေးသားခဲ့ခြင်းဖြစ်သည်။
ယင်းအယ်ဒီတာ့အာဘော်နှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ၄င်း၏ဖေ့
ဘွတ်စာမျက်နှာမှတဆင့် ပြန်လည်တုံ့ပြန်ရေးသားခဲ့ပြီးဖေ့ဘွတ်တွင်ထင်မြင်ချက်မှတ်ချက်ပေးသူများနှင့်
လည်း အပြန်အလှန် ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုမှုများ ပြုလုပ်ထားသည်ကို တွေ့ရသည်။
ယင်းနောက်ပိုင်းတွင် ယခုကဲ့သို့ The Daily Elevenသတင်းစာပို့သည့်ကားများအားပိတ်ပင်ခံရမှုဖြစ်ပေါ်ခဲ့ခြင်း
ဖြစ်သည်။အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ Eleven Media Group မှ မန်းနေးဂျင်းဒါရိုက်တာဒေါက်တာ
သိန်းမြင့်က “ဒီကိစ္စဟာ လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားလုပ်တာပဲ ဖြစ်ပါတယ်။ ပြည်သူတွေ၊ နစ်နာသူ
တွေက သမ္မတကြီးကို လူမှန်၊ လူကောင်းအဖြစ် အားထားလို့တိုင်တယ်။ ၉ တန်းကျောင်းသူ မဂျာဆိုင်းအိန်
ကိစ္စမှာလည်း သမ္မတကြီးကိုတိုင်တယ်။
ဘာမှအရေးမယူဘူး၊ မစစ်ဆေးဘူး။ တိုင်တဲ့သူကိုတရားပြန်စွဲတယ်။ အခုလည်းဒီလိုအခွင့်အာဏာအလွဲသုံး
တဲ့ တာဝန်ရှိသူတွေကို ကျွန်တော်တို့တိုင်မယ်။ သမ္မတကြီးဘယ်လိုအရေးယူမလဲ” ဟုပြောကြားခဲ့သည်။
ထို့နောက် “အကြောင်းအရာတွေကို ဆုံးဖြတ်တဲ့နေရာမှာ တပြေးညီဖြစ်ဖို့တော့ လိုပါတယ်။ ကျွန်တော်တို
့ကိုခွင့်မပြုဘူးဆိုရင် မြ၀တီသတင်းစာတိုက်နဲ့အစိုးရသတင်းစာတိုက်ကအသုံးပြုတဲ့ကားတွေကိုလည်းတစ်သ
ဘောတည်း ထားသင့်ပါတယ်။ အခုကျွန်တော်တို့ကားတွေ ဖြတ်သန်းခွင့်ကို ဘယ်လိုစံနှုန်းတွေကြောင့် တား
မြစ်ခံရတယ်ဆိုတာကို သိချင်ပါတယ်” ဟုဒေါက်တာသိန်းမြင့်က ဆက်လက်ပြောကြားခဲ့သည်။
အဆိုပါကိစ္စနှင့် ဆက်စပ်ပြီး The Daily Eleven အယ်ဒီတာချုပ် ကိုဝေဖြိုးကလည်း "ကျွန်တော်တို့ကို အခုလိုဖိ
အားပေးတာမျိုးတွေလုပ်လို့အယ်ဒီတာအဖွဲ့ရဲ့ ပေါ်လစီကိုလုံးဝပြောင်းလဲမှာ မဟုတ်ပါဘူး။ လာဘ်ပေးလာ
ဘ်ယူမှုတွေ၊ ပြည်သူမတရားခံရတာတွေ၊ ထောက်ပြစရာရှိတာတွေကိုရေးဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပါ
တယ်။ ဒီအတိုင်းပဲရေးခဲ့တယ်။ ဒီအမြန်လမ်းမကြီးဟာတကယ်တော့လူအများကြီးသေကြေပျက်ဆီးစေတယ်။
စံချိန်စံညွှန်းလိုအပ်နေတယ်။ နောက်၆လအကြာမှာ နေပြည်တော်မှာ ကျင်းပမယ့်ဆီးဂိမ်း ရှိနေတယ်။ နိုင်ငံ
တကာကအားကစားသမားတွေဒီလမ်းကိုအသုံးပြုလို့မတော်တဆတစ်ခုခုဖြစ်ခဲ့ရင်တိုင်းပြည်သိက္ခာကျနိုင်
တယ်။
ဒါကြောင့်ဒီလမ်းရဲ့ လိုအပ်ချက်ကို အချိန်မီပြင်ဆင်နိုင်အောင် ထောက်ပြတာပါ။ ဒီလမ်းက အမှန်တကယ်ပဲ နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့ညီရင် နိုင်ငံတကာကျွမ်းကျင်သူတွေကို ခေါ်စစ်ဆေးလိုက်ရင် အဖြေပေါ်မှာ
ပါ” ဟု ပြောကြားခဲ့သည်။
The Daily Eleven သတင်းစာကို နေ့စဉ်အမြန်လမ်းမမှတဆင့် နေပြည်တော်နှင့် ၀န်းကျင်ဒေသများသို့ ပေး
ပို့နိုင်ရန် ကားဖြတ်သန်းခွင့်အား ၂၀၁၃ခုနှစ် ဧပြီလ ၂ရက်နေ့တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် အမြန်
လမ်းရဲတပ်ဖွဲ့မှူးရုံးများသို့ တရားဝင်တင်ပြခဲ့ပြီး ခွင့်ပြုချက်ဖြင့် ဖြတ်သန်းပို့ဆောင်နေခြင်း ဖြစ်သည်။
ယခုမှ ပိတ်ပင်ခြင်းနှင့်ပတ်သက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ စာနယ်ဇင်းလွတ်လပ်ခွင့်ကိုထိပါးသော ဂုဏ်သိက္ခာနှင့် လျော်ညီခြင်းမရှိသည့်လုပ်ဆောင်မှုအတွက်The Daily Elevenသတင်းစာအနေဖြင့်သမ္မတထံ
တင်ပြတိုင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
Eleven Media , Rangonnewsdaily
RND: :28.5.2013

No comments:
Post a Comment