Pages

Pages - Menu

Tuesday, May 28, 2013

ရုပ်ရှင်မင်းသား ရဲတိုက် ယနေ့ နံနက် ၁၀ နာရီခန့်ကဗိုလ်အောင်ကျော်လမ်းထောင့်ရှိ စိန့်မေရီ ကာသီဒြယ် ဘုရားကျောင်းရှေ့တွင်ဆန္ဒဖော်ထုတ်


ရန်ကုန်၊ မေ ၂၈။
ရုပ်ရှင်မင်းသား ရဲတိုက်သည် ယနေ့ နံနက် ၁၀ နာရီခန့်က ရန်ကုန်မြို့ဗိုလ်ချုပ်လမ်းမနှင့် ဗိုလ်အောင်ကျော်
လမ်းထောင့်ရှိ စိန့်မေရီ ကာသီဒြယ်ဘုရားကျောင်း ဘုရားဝင်ဖူးရာတွင် ယင်းကျောင်းမှ တာဝန်ရှိသူတစ်ဦး
ကမောင်းထုတ်လိုက်သည့်အတွက် “ဘာသာမတူလျှင် ဖူးမျှော်ခွင့်၊လေ့လာခွင့် မရှိဘူးလား” ဟု ဆိုကာ နေ့
လည် ၁ နာရီ ၁၀ မိနစ်မှ စ၍ ဆန္ဒပြနေခြင်းဖြစ်ကြောင်း သိရသည်။ ကျွန်တော်တို့ ဒီကို မနက် ၁၀ နာရီကတည်းက ရောက်နေတာ။ ပထမကားရေဆေးနေတာ ပြီးတော့မှ ဘုရား
ကျောင်းထဲဝင်ပြီး ဘုရားဝင် ဖူးတာ။ဒုတိယတစ်ခေါက် ဝင်ဖူးတဲ့အချိန်မှာ မောင်းထုတ်လိုက်တယ်လို့ သူက
ပြန် ထွက်လာတော့ ပြောတယ်။ ချာ့လ်ကျောင်းဆိုတာ ဘယ် သူမဆို ဖူးမျှော်ခွင့်၊ ဝင်ရောက်လေ့လာခွင့် ရှိ
တယ်ဆိုပြီးနောက်တစ်ခါ ရဲတိုက် ဘုရားကျောင်းထဲပြန်ဝင်သွားတဲ့အခါ ထိုးတာ ကြိတ်တာတွေလည်း ရှိ
တယ်” ဟု ရုပ်ရှင်မင်းသားရဲတိုက်၏ သူငယ်ချင်းဖြစ်သူ ကိုမောင်စိုးကပြောကြားသည်။

ယခုကဲ့သို့ ဆန္ဒပြခြင်းသည် ဆူပူလိုစိတ်ဖြင့် ဆန္ဒပြခြင်း မဟုတ်ဘဲ ဘာသာမတူသော်လည်း အများပြည်သူ
ဝင်ရောက်လေ့လာနိုင်စေရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်းသိရသည်။

ရည်မွန်
The Myanma Age , Rangonnewsdaily
RND:  :28.5.2013

No comments:

Post a Comment