Pages

Pages - Menu

Sunday, May 26, 2013

စမ်းချောင်းမြို့နယ်၌ နှစ်ထပ်တိုက် ဖြိုဖျက်နေစဉ် ဆန်းရှိတ်ပြိုကျရာမှ လူသုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

    Created on Sunday, 26 May 2013 01:50 

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ အောင်ချမ်းသာရပ်ကွက် ရှင်စောပုလမ်း၊ ခြံအမှတ် (၁) တွင် မေ ၂၅ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်က ဖြိုလက်စ နှစ်ထပ်တိုက် ဖြိုဖျက်နေစဉ် ဆန်းရှိတ်ပြိုကျရာမှ လူသုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

အိမ်ဟောင်းဖျက်ခွင့် တင်ထားဆဲဖြစ်သည့် ယင်းနှစ်ထပ်တိုက်အား အင်ဂျင်နီယာ ဦးအေးသိန်းက တာဝန်ယူပြီး အလုပ်သမားခေါင်းဆောင် ကိုဝင်းညိုနှင့်အဖွဲ့မှ ဖြိုဖျက်နေစဉ် ဖျက်လက်စတိုက်၏ ဆန်းရှိတ်ပြိုကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြိုလက်စ နှစ်ထပ်တိုက်၏ ဆန်းရှိတ်ပြိုကျမှုကြောင့် ထွန်းလွင်ဖြိုး (၂၂) နှစ်၊ ဧရာဝတီတိုင်း၊ ၀ါးခယ်မမြို့နေသူမှာ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း အောင်ချမ်းသာရပ်ကွက်ရှိ ရာအိမ်မှူး ဦးမိုးမြင့်အောင်က ဆိုသည်။

ထို့နောက် ဆန်းရှိတ်ပြိုကျရာတွင် လူသုံးဦး ဒဏ်ရာရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကုသရာတွင် ရှိန်းကို (၂၂) နှစ်၊ ပုသိမ်မြို့နှင့် မိုးကျော်သူ (၂၇) နှစ်၊ ၀ါးခယ်မမြို့တို့သည် ဦးခေါင်းကွဲကြေ၊ ခါးရိုးကျိုး ဒဏ်ရာများဖြင့် ရန်ကုန်ဆေးရုံကြီးတွင် သေဆုံးသွားခဲ့ကြောင်း စမ်းချောင်းရဲစခန်းမှ စခန်းမှူး သိန်းအေးက ပြောကြားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ အဆောက်အအုံရေးရာ ဌာနမှ တာဝန်ရှိသူ တစ်ဦးက "တိုက်ဖြိုဖျက်တဲ့ နေရာမှာ အန္တရာယ်မရှိအောင် လုပ်ရမယ်ဆိုတဲ့ ခံဝန်ရှိတယ်။ ခံဝန်ထိုးပြီးမှလည်း ဖျက်လို့ရတယ်။ အခုလိုမျိုး ကိစ္စတွေ ဖြစ်လာရင် တာဝန်ရှိတဲ့လူကို လုပ်ငန်းလိုင်စင် ပိတ်မယ်" ဟု ပြောသည်။

အဆိုပါ ဖြိုလက်စ နှစ်ထပ်တိုက်၏ သက်တမ်းသည် နှစ်ပေါင်း ၆၀ ကျော်ရှိကြောင်း သိရပြီး ပြန်လည်ဆောက်လုပ်ရန် လုပ်ဆောင်နေကြောင်း သိရသည်။

ယင်းဖြစ်စဉ်တွင် တာဝန်ရှိသူကို စမ်းချောင်းမြို့နယ် ရဲစခန်းက ပုဒ်မ ၃၀၄ (က)/၃၃၈ ဖြင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စခန်းမှူးသိန်းအေးက ပြောကြားသည်။

အခင်းဖြစ်ပွားရာ ဖြိုလက်စ နှစ်ထပ်တိုက်အား တွေ့ရစဉ်

အေးချမ်းမွန် Credit & Copy From >Eleven Media Group< Thank For Your Post
သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်
အခင်းဖြစ်ပွားရာ ဖြိုလက်စ နှစ်ထပ်တိုက်အား တွေ့ရစဉ်
Sunday, 26 May 2013
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ အောင်ချမ်းသာရပ်ကွက် ရှင်စောပုလမ်း၊ ခြံအမှတ် (၁) တွင် မေ ၂၅ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်က ဖြိုလက်စ နှစ်ထပ်တိုက် ဖြိုဖျက်နေစဉ် ဆန်းရှိတ်ပြိုကျရာမှ လူသုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ အိမ်ဟောင်းဖျက်ခွင့် တင်ထားဆဲဖြစ်သည့် ယင်းနှစ်ထပ်တိုက်အား အင်ဂျင်နီယာ ဦးအေးသိန်းက တာဝန်ယူပြီး အလုပ်သမားခေါင်းဆောင် ကိုဝင်းညိုနှင့်အဖွဲ့မှ ဖြိုဖျက်နေစဉ် ဖျက်လက်စတိုက်၏ ဆန်းရှိတ်ပြိုကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြိုလက်စ နှစ်ထပ်တိုက်၏ ဆန်းရှိတ်ပြိုကျမှုကြောင့် ထွန်းလွင်ဖြိုး (၂၂) နှစ်၊ ဧရာဝတီတိုင်း၊ ၀ါးခယ်မမြို့နေသူမှာ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း အောင်ချမ်းသာရပ်ကွက်ရှိ ရာအိမ်မှူး ဦးမိုးမြင့်အောင်က ဆိုသည်။

ထို့နောက် ဆန်းရှိတ်ပြိုကျရာတွင် လူသုံးဦး ဒဏ်ရာရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကုသရာတွင် ရှိန်းကို (၂၂) နှစ်၊ ပုသိမ်မြို့နှင့် မိုးကျော်သူ (၂၇) နှစ်၊ ၀ါးခယ်မမြို့တို့သည် ဦးခေါင်းကွဲကြေ၊ ခါးရိုးကျိုး ဒဏ်ရာများဖြင့် ရန်ကုန်ဆေးရုံကြီးတွင် သေဆုံးသွားခဲ့ကြောင်း စမ်းချောင်းရဲစခန်းမှ စခန်းမှူး သိန်းအေးက ပြောကြားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ အဆောက်အအုံရေးရာ ဌာနမှ တာဝန်ရှိသူ တစ်ဦးက "တိုက်ဖြိုဖျက်တဲ့ နေရာမှာ အန္တရာယ်မရှိအောင် လုပ်ရမယ်ဆိုတဲ့ ခံဝန်ရှိတယ်။ ခံဝန်ထိုးပြီးမှလည်း ဖျက်လို့ရတယ်။ အခုလိုမျိုး ကိစ္စတွေ ဖြစ်လာရင် တာဝန်ရှိတဲ့လူကို လုပ်ငန်းလိုင်စင် ပိတ်မယ်" ဟု ပြောသည်။

အဆိုပါ ဖြိုလက်စ နှစ်ထပ်တိုက်၏ သက်တမ်းသည် နှစ်ပေါင်း ၆၀ ကျော်ရှိကြောင်း သိရပြီး ပြန်လည်ဆောက်လုပ်ရန် လုပ်ဆောင်နေကြောင်း သိရသည်။

ယင်းဖြစ်စဉ်တွင် တာဝန်ရှိသူကို စမ်းချောင်းမြို့နယ် ရဲစခန်းက ပုဒ်မ ၃၀၄ (က)/၃၃၈ ဖြင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စခန်းမှူးသိန်းအေးက ပြောကြားသည်။

Eleven Media Group , Rangonnewsdaily
RND:  :26.5.2013

No comments:

Post a Comment