ဦးမယ်ထင်ပါတယ်။ ခုတော့ အဲဒီ့ကောင်မလေး အသတ်ခံရလို့ သေရှာပါပြီ။ ဒီနေ့မနက် ဖေ့စ်ဘုတ်ပေါ်မှာ အဲ
ဒီ့သတင်းတွေ့တော့ အမှုမဲ့အမှတ်မဲ့ပဲနေမိတယ်။ စောစောက ထိုင်းသတင်းစာ တစ်စောင်မှ မြန်မာမိန်းက
လေးတစ်ယောက် အသတ်ခံရတယ်ဆိုပြီး သတင်း ပါလာတော့ စိတ်ဝင်စားတာနဲ့ ထိုင်းလိုကျွမ်းကျင်တဲ့ မိတ်
ဆွေတစ်ယောက်ကို အကူအညီတောင်းပြီး ဘာသာပြန်ခိုင်းရတယ်။
၁၃-၄-၂၀၁၃ (သင်္ကြန်အကြိုနေ့) တုန်းက အဲဒီ့ကောင်မလေးက ဖေ့စ်ဘုတ်ပေါ်မှာ ရင်းနှီးတဲ့ ကောင်လေး
တစ်ယောက် (ဖေ့စ်ဘုတ်အကောင့် နာမည် နတ်သားလေး တဲ့)နဲ့ ချိန်းတွေ့ပါသတဲ့။ ချိန်းတွေ့ရင်း ကောင်မ
လေးကို သတ်ဖြတ်ပြီး ပိုက်ဆံနဲ့ဖုန်းကို ယူသွားခဲ့တယ်လို့ သိရပါတယ်။
ကောင်မလေးအလောင်းကို သူ့အခန်းထဲမှာ အ၀တ်အစားမပါပဲ တွေ့တယ်ဆိုတော့ အဓမ္မကျင့်ဖို့ ကြံစည်ရင်း
နဲ့ အသတ်ခံလိုက်ရတာလည်း ဖြစ်နိုင်ပါတယ်။ ခုတော့ တရားခံကို ဆမူပါကန်မြို့ဖမ်းမိပြီလို့ သိရပါတယ်။ တ
ရားခံကလည်း မြန်မာလူမျိုးတစ်ယောက်ပါပဲ။
ပြည်ပရောက်နေတဲ့ ကိုယ့်လူမျိုးအချင်းချင်း ယုတ်မာရဲတဲ့စိတ်ဓာတ်ကိုရွံမိပါတယ်။ ဖေ့စ်ဘုတ်ပေါ်က မိန်းက
လေးတွေအနေနဲ့လည်း ချက်တင်မှာ တွေ့တဲ့သူတိုင်းကို လွယ်လင့်တကူ မယုံကြည်သင့်ကြောင်း မမြင့်မြင့်
အေး (ခ) သဲသဲသော် (ဖေ့စ်ဘုတ်အမည် Sky Queen) က အသက်နဲ့လဲပြီး သက်သေပြသွားပါပြီ။
မနက်ဖြန် သင်္ဂြုလ်မယ်လို့ သိရပါတယ်။ မမြင့်မြင့်အေး (ခ) မသဲသဲသော် တစ်ယောက် ကောင်းရာမွန်ရာ
ရောက်ပါစေ။
မိုးဇေညိမ်း
Rangonnewsdaily
RND: :27.4.2013
No comments:
Post a Comment