မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် မဟာမြိုင်ရပ်ကွက် လမ်းကြားတစ်ခုမှာ လည်ပင်းပြတ်လုဒဏ်ရာနဲ့ လူသေအလောင်း တစ်လောင်းတွေ့ရှိ
မန္တလေးမြို့၊ ဧပြီ (၂၇)
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်ရပ်ကွက်ရှိ
ကိုးဖူးရှင်ဘုရားနှင့် ဗန်းမော်တိုက်အတွင်းရှိ လမ်းကြားပေါ်မှာ
ဦးခေါင်းပိုင်း လည်ပင်းပြတ်လုနီးပါး ဒဏ်ရာဖြင့် လူသေလောင်းတစ်လောင်းကို
ဧပြီ (၂၇)ရက်၊ မနက်(၇)နာရီခန့်မှာ ဆွမ်းခံကြွလာတဲ့ ကိုရင်လေးများက
စတင်တွေ့ရှိခဲ့ကြပါတယ်။
သေဆုံးသူမှာ မဟာမြိုင်(၁)ရပ်ကွက်
အပိုင်း-၅(က)မှာ နေထိုင်သူ ကိုဝင်းသိန်း(ဘ)ဦးနီ အသက်(၃၈)နှစ် ဖြစ်ကြောင်း
သိရှိရပါတယ်။ လက်ရှိ ဖိနပ်ချုပ် အလုပ်သမားတစ်ဦးဖြစ်ပြီး
အရက်အလွန်အကျွံသောက်ခဲ့ဖူးသူ ဖြစ်ကြောင်း နှင့် အရက်ဖြတ်ထားသည်မှာ
(၄)နှစ်ခန့်ရှိပြီဖြစ်ကြောင်း ယခုသေဆုံးချိန်အထိ အသောက်အစားကင်းကာ
ဘာသာရေးကို ဦးစားပေးလုပ်ကိုင်နေပြီး မည်သူနှင့်မျှ ရန်ငြိုးရန်စ
မရှိကြောင်း သိရပါတယ်။
အခင်းဖြစ်ပွားရာနေရာသို့ အမှတ်(၉)ရဲစခန်းမှ
လာရောက် စစ်ဆေးပြီး သေမှုသေခင်း အမှတ်စဉ် ၈/၂၀၁၃ ဖြင့် အမှုဖွင့်
အရေးယူဆောင်ရွက်လျှက်ရှိပြီး သေဆုံးရခြင်း အကြောင်းအရင်းကို
စုံစမ်းစစ်ဆေးဆဲဖြစ်ပါတယ်။
မဟာမြိုင် နာရေးကူညီမှုအသင်းက
သေဆုံးသူကိုဝင်းသိန်း အလောင်းကို မန္တလေးပြည်သူ့ဆေးရုံကြီး သို့
ပို့ဆောင်ပေးခဲ့တယ်လို့ သတင်းရရှိပါတယ်။
Credit to:အောင်ကျော်မိုး
ZinYawNews, Rangonnewsdaily
RND: :27.4.2013
No comments:
Post a Comment