Pages

Pages - Menu

Thursday, April 4, 2013

မုဒိမ်းမှုများကြောင့် အိန္ဒိယသို့ အမျိုးသမီး ကမ္ဘာလှည့် ခရီးသည် ၀င်ရောက်မှု ကျဆင်း

Thursday, 4 April 2013

ကမ္ဘာတစ်ဝန်းတွင် ခေါင်းကြီးပိုင်း သတင်းများအဖြစ် ဖော်ပြခံခဲ့ရသည့် အိန္ဒိယ မှ မုဒိမ်းမှု ဖြစ်စဉ်များအပြီး ပြီးခဲ့သည့် သုံးလတာအတွင်း အိန္ဒိယသို့ သွားရောက်လည်ပတ်သော နိုင်ငံခြားသား အမျိုးသမီး ကမ္ဘာလှည့်ခရီးသည် အရေအတွက်သည် ၃၅ ရာခိုင်နှုန်း ကျဆင်း သွားကြောင်း စစ်တမ်းကောက် ယူမှု အသစ်တစ်ရပ်တွင် တွေ့ရှိ ခဲ့သည်။

အိန္ဒိယသို့ လာရောက်လည်ပတ်သည့် ကမ္ဘာလှည့်ခရီးသည် အရေအတွက် သည် နှစ်စဉ် ၂၅ ရာခိုင်နှုန်း ကျဆင်းလာပြီး ခရီးသွားများသည် အိန္ဒိယအစား မလေးရှားနှင့် ထိုင်းစသည့် အခြားအာရှနိုင်ငံများသို့ လည်ပတ်လာကြ .ကြောင်း အိန္ဒိယ စက်မှုလုပ်ငန်းရှင်များနှင့် ကုန်သည်ကြီးများအသင်း က ပြည်တွင်းရှိ ခရီးသွားလုပ်ငန်း ၁၂၀၀ အား စစ်တမ်းကောက်ယူ၍ ထုတ်ပြန်ကြေညာခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာက နယူးဒေလီတွင် အသက် ၂၃ နှစ်အ ရွယ် ဆေး .ကျောင်းသူတစ်ဦးအား ဘတ်စ်ကား တစ်စီးပေါ်၌ အုပ်စုဖွဲ့ မုဒိမ်း ကျင့်နှိပ်စက်မှု ဖြစ်ပွားခဲ့ပြီးနောက် အခြားလိင်ပိုင်းဆိုင်ရာ တိုက်ခိုက်ခံရမှု သတင်းများစွာ ထွက်ပေါ်ခဲ့သည်။

မက်ဒ်ယာပရာဒေ့ရှ် ပြည်နယ်တွင်လည်း ပြီးခဲ့သည့် ဇန်န၀ါရီလက တောင်ကိုရီးယား အမျိုးသမီး ကမ္ဘာလှည့်ခရီးသည် တစ်ဦးကို သူမတည်းခိုရာ ဟိုတယ်ပိုင်ရှင်၏ သားဖြစ်သူက မူးယစ်ဆေး တိုက်ကျွေးကာ အဓမ္မပြုကျင့်ခဲ့သည်။ ယင်းပြည်နယ်၌ပင် ဆွစ်ဇာလန်အမျိုးသမီး စက်ဘီးစီးသမား တစ်ဦးအား မတ်လအတွင်း အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု ဖြစ်ပွားခဲ့သည်။

ယင်းဖြစ်ရပ်များက အိန္ဒိယတွင် အမျိုးသမီး ခရီးသွားဧည့်သည်များ၏ လုံခြုံရေးနှင့်ပတ်သက်၍ စိုးရိမ် မှုများ မြင့်တက်စေခဲ့ကြောင်း အဆိုပါအသင်းမှ အတွင်းရေးမှူးချုပ် ဒီအက်စ်ရာဝပ် က ပြောကြား ခဲ့သည်။

Ref:AFP

Ref:AFP, Rangonnewsdaily
RND:4.4.2013

No comments:

Post a Comment