Pages

Pages - Menu

Wednesday, March 20, 2013

သြစတြေးလျနိုင်ငံသူတစ်ဦးလွယ်ထားသည့် ကင်မရာအိတ်လုယူထွက်ပြေးသွားသူအား ဖမ်းဆီးရမိ

၁၄-၃-၂၀၁၃ရက်နေ့ ၁၁၃၀ အချိန် ညောင်ဦးမြို့၊ သီရိမာလာဟိုတယ်တွင် တည်းခိုနေသော သြစကြေးလျနိုင်ငံသူ Ms. Beres Ford Anne Louise သည် ပုဂံဘုရားများအား လှည့်လည်ကြည့်ရှုနေစဉ် လူငယ်တစ်ဦးမှ လိုက်ပါပို့ဆောင်ပေးမည်ဟုပြီး လိုက်ပါလာခဲ့ရာ တာမဏီဘုန်းကြီးကျောင်းအနီး ဘုရားအမှတ်(၁၁၃၁)အရောက်၌ အဆိုပါလူငယ်က လွယ်ထားသည့်ကင်မရာအိတ်အား ဆွဲယူ ထွက်ပြေးသဖြင့် Ms. Beres Ford Anne Louise မှ ပြန်လှန်ဆွဲယူခဲ့သော်လည်း အမေရိကန်ဒေါ်လာ ၅၀ တန် ကင်မရာအိတ် ၁ လုံး၊ ရွှေကွပ်ထားသည့် ပုလဲတစ်လုံးပါနားကွင်း ၁ ရံ၊ ဒေါ်လာ ၁၅၀ တန် ကင်မရာမှန်ဘီလူး ၁ ခု၊ ဒေါ်လာ ၃၀ တန်Swiss အမျိုးအစား အနက်ရောင် မိန်းမပတ်နာရီ ၁ လုံးနှင့် ရန်ကုန်အပြန်လေယာဉ်လက်မှတ်(၁)စောင်တို့ပါသွားကြောင်း သတင်းအရ ညောင်ဦးခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များကသွားရောက်စုံစမ်းခဲ့သည်။

စုံစမ်းချက်အရ အခင်းဖြစ်နေရာအနီးတွင် ပါဆုံးပစ်္စည်းများဖြစ်သည့် ပုလဲတစ်လုံးပါ နားကွင်း ၁ ရံ၊ ကင်မရာမှန်ဘီလူးအဖုံး ၁ ခုနှင့် နာရီ ၁ လုံးတို့အား ပြန်လည်တွေ့ရှိခဲ့ပြီး လုယက်သူအား သြစတြေးလျနိုင်ငံသူမှ ဓါတ်ပုံမှတ်တမ်းတင်ထားကြောင်းတွေ့ရှိရပြီး စုံစမ်းခဲ့ရာ ပုဂံမြို့သစ်၊ ဥဇနာရပ်နေ အောင်ဖြိုးဦးမောင်ဆိုသူဖြစ်ကြောင်း သိရှိခဲ့ရသောကြောင့် ၁၈၀၀ အချိန်တွင် ဖမ်းဆီးခဲ့ကာ ပုဂံရဲစခန်း(ပ)၂၄/၂၀၁၃၊၊ ပြစ်မှုပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

 


ရဲဇာနည်,Rangonnewsdaily
RND:  :20.3.2013

No comments:

Post a Comment