Pages

Pages - Menu

Tuesday, March 19, 2013

မွန်ပြည်နယ်၊မော်လမြိုင်မြို့တွင် ကရင်လက်နက်ကိုင်ငြိမ်းချမ်းရေးအဖွဲ့အစည်းက လက်နက်ထုတ် ချိန်းခြောက်ပြီး ဆိုင်ကယ်လုယူမှုဖြစ်ပွား

မွန်ပြည်နယ်၊မော်လမြိုင်မြို့နယ်ကမ်းနားလမ်းYKKOစားသောက်ဆိုင်အနီးတွင် ကရင်လက်နက်ကိုင်ငြိမ်းချမ်းရေးအဖွဲ့အစည်းက လက်နက်ထုတ် ချိန်းခြောက်ပြီး ဆိုင်ကယ်လုယူသွားကြောင်းသိရှိရပါသည်၊၊ မော်လမြိုင်မြို့ ဖက်တန်းရပ်ကွက် မျက်တန်းလမ်းတွင် နေထိုင်သူ သိန်းဇော်(ခ)ငဇော် ဆိုသူ တရားမ၀င်လောင်းကစားဘော်လုံး ပွဲဒိုင်တစ်ဦးဖြစ်ပြီး ဘိုကုန်းရပ်ကွက် သံလွင်ဈေးအရှေ့ သုံးထပ်တိုက် တွင်နေထိုင်သော ဦးမောင်အေး ၏တူ သိန်းထိုက်အောင်မှ ရရှိရန် ငွေ(၃၀)သိန်း မရရှိသဖြင့် သိန်းဇော်(ခ)အဇော် က ကရင်လက်နက်ကိုင်ငြိမ်းချမ်းရေးအဖွဲအ့စည်းတစ်ခုဖြစ်သော KPF(ခေါ်)ဟောင်သရော မှ ကိုအောင်နိုင်နဲ့အပေါင်းအပါနှစ်ဦး ကို ခေါ်လာပြီး ၂၇.၂.၂၀၁၃ ညနေ(၆)နာရီအချိန် ၊မော်လမြိုင်မြို့နယ် ကမ်းနားလမ်းYKKO စားသောက်ဆိုင်အနီးတွင် ဦးမောင်အေး၏တူ သိန်းထိုက်အောင်နဲ့တွေ့ဆုံ စကားများကြရာမှ သေနတ် ထုတ်ချိန်ပြီး သေ နတ်ဒင်ဖြင့် သိန်းထိုက်အောင်ကို ရိုက်ရာ သိန်းထိုက်အောင်က ရှောင်ကာ ထွက်ပြေးသွားခဲ့ပြီး ကျန်ရစ်ခဲ့တဲ့ ဆိုင်ကယ်ကို အဖွဲ့အစည်းပိုင် ကားပေါ်သို့ ယူဆောင်သွားခဲ့ပါသည်၊၊

ယင်းဖြစ်စဉ်နဲ့ ပတ်သတ်ပြီး ဦးမောင်အေးက မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားခဲ့ပါသည်၊၊ကရင်လက်နက်ကိုင်ငြိမ်းချမ်းရေးအဖွဲ့အစည်း ဖြစ်သော KPF(ခေါ်)ဟောင်သရော မှဦးမောင်အေးဆီဖုန်း ဆက်ကာ ဦးမောင်အေးနေထိုင်သောသုံးထပ်တိုက်ကို ဗုံးနဲ့ဖောက်ခွဲမည်ဟု ထပ်မံ ချိန်းခြောက်ခဲ့ကြောင်း သိရှိပါသည်၊၊

မော်လမြိုင်မြို့ပေါ်တွင်ဖြစ်ပွါးခဲ့သော ဥပဒေမဲ့ လက်နက်ထုတ် ရိုက်နှက်ပြီး ဆိုင်ကယ်လုယူသွားသော အမှုကို မြို့မစခန်း ဒုရဲအုပ်ခင်မောင်ဇော်က အမှုစစ်ဖြစ်သော်ငြားလည်း ကရင်လက်နက် ကိုင်ငြိမ်းချမ်းရေး အဖွဲ့အ စည်းနဲ့ ထိပ်တိုက်ဖြေရှင်းရမှာကြောက်နေပြီး၊ယနေ့၁၉.၃.၂၀၁၃ နေ့အထိ တရားခံပြေးဖြစ်သော သိန်းဇော်၊ကိုအောင်နိုင်တို့ကို ဆိုင်ကယ်စီးပြီး
သွားလာနေကြောင်း၊ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း၊ဦးမောင်အေးတိုက်အနီးနေထိုင်သော လူများကလည်း ဘယ်နေ့ဘယ်အချိန်ဗုံးလာဖောက်မည်ကို စိုးရိမ်နေကြောင်း၊ဥပဒေမဲ့မင်းမဲ့စရိုက်ကို ရဲအနေနဲ့ အမှုကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာ စိတ်ဝင်စားနေကြောင်းသတင်းရရှိ
သည်၊၊

From:mail မော်လမြိုင်မြို့ ဘိုကုန်းရပ်ကွက်သူ/သားများ သတင်းပေးပို့သည်။
Rangonnewsdaily
RND:  :19.3.2013

No comments:

Post a Comment