Pages

Pages - Menu

Saturday, March 23, 2013

ဗန်းမော်ခရိုင် မန်စီမြို့နယ် နန့်ဟန်ကျေးရွာတွင်သစ်ကားစီးရေ( ၇၀၀) ခန့် ရောက်ရှိနေ

ဗန်းမော်ခရိုင် မန်စီမြို့နယ် နန့်ဟန်ကျေးရွာတွင်သစ်ကားစီးရေ(၇၀၀) ခန့်
ရောက်ရှိနေ
===============================================
ဗန်းမော် မတ်လ ၂၃ ရက်

၁။ ၂၀၁၃ခုနှစ်ဇန်န၀ါရီလမှစတင်ကာ မန်စီမြို့နယ် နန့်ဟန်ကျေး ရွာနှင့်ရှမ်းပြည်မြောက် ပိုင်းကျောက်မဲခရိုင် မဘိန်းမြို့နယ်တ ၀ိုက်တွင်တရုတ်နိုင်ငံနောင်တောင်းမြို့အခြေစိုက် BDY အမည်
ရှိသစ်ကုမ္မဏီအမည်ခံသစ်ခိုးဂိုဏ်းကြီးရောက်ရှိလာပါသည်။ယင်းနှင့်အတူ လမ်းဖေါက်လုပ်ရေးစက် ယန္တယားများ၊ ဘက်ဖိုး ယာဉ်များ၊မြေးတူးမြေေ က်ာစက်များ ၊ချိန်းဆောများ၊တရုတ်နိုင်ငံသား ကျွမ်းကျင် ပညာရှင်များ၊တရုတ်လုပ်သားများ၊စုစုပေါင်း အင်အား(၅၀၀)ခန့်တပါတည်းလိုက်ပါလာပါသည်။

၂။ BDY ကုမ္မဏီ ကအောက်ပါသစ်ခိုး လမ်းကြောင်းများကိုတစ်လ အတွင်း အပြီးဖေါက်လုပ် ကာတရုတ်နိုင်ငံနောင်တောင်းမြို့ ဖက်မှ ယန်းဖေါင်၊အယ်စူဝူးစသည့်(၁၀) ဘီးသစ်တင် ယဉ်ကြီး စီးရေ (၇၀၀)ခန့်ကို အသုတ်လိုက်တင်သွင်းခဲ့ပါသည်-
(က)နန့်ဟန်-စကရွာ-ပကာကောက်-နှစ်မွှာ-ပါဖန်-ပန်ဂျပ်-လွယ်ခန်း-ပန်ထန်-ဘုံချောင်း-
လူးလူးယန်-ကောင်ဗွေယန်-မန်ဝိန်းကြီး-တရုတ်နိုင်ငံနောင်တောင်းမြို့
(ခ)ပန်ထန်-မိုင်၃၀-ခပ်ပရာ-တိန်ဆင်းပါ-အင်ဘာပါ- တရုတ်နိုင်ငံနောင်တောင်းမြို့
(ဂ)မန်စီမြို့ဘုရားကုန်း-ဂျာမိုင်- ခပ်ပရာ-တိန်ဆင်းပါ-အင်ဘာပါ- တရုတ်နိုင်ငံနောင်တောင်းမြို့
(ဃ)ကြိုးစွန်တောင်သစ်တောကြိုးဝိုင်း-နန့်အူကြီး-၇မိုင်-စီမွန်း-မန်သာ-မိုင်းခေါင်-မဒန်ယန်-
၁၇မိုင်- ခပ်ပရာ-တိန်ဆင်းပါ-အင်ဘာပါ- တရုတ်နိုင်ငံနောင်တောင်းမြို့
(င)မိုင်းခေါင်-ဂျေစွမ်း-မကျီကုန်-ဘော်နွယ်- တရုတ်နိုင်ငံနောင်တောင်းမြို့

၃။ ကျွန်းသစ်နှင့်တမလန်းသစ်များထွက်ရှိရာပင်ရင်းဒေသမှာ ကျောက်မဲ ခရိုင်မဘိန်းမြို့နယ်ဖြစ်ပြီးယင်းမှ တစ်ဆင့် ကွန်းချောင်း-ခေါလော-ယန်းဘို-မအူကုန်း-မဲဇလီ-ပင်ကြိမ်း-လ၀ါ လမ်းကြောင်း အတိုင်း မန်စီမြို့ နယ် နန့်ဟန်ကျေးရွာကျေးရွာ တွင်သယ် ယူစု ပုံခြင်းဖြစ် ပါသည်။

မန်စီမြို့နယ်အတွင်းတရုတ်နိုင်ငံနောင်တောင်းမြို့အခြေစိုက် BDY အမည်ရှိသစ် ကုမ္မဏီအမည်ခံ သစ်ခိုးဂိုဏ်းကြီးက သယ်ဆောင်ခိုး ထုတ်နေသောကျွှန်းသစ်နှင့်တမလန်းသစ်များစုပုံတည်ရှိရာ
ဒေသများမှာအောက်ပါအတိုင်း ဖြစ်ပါသည်။
(က)နန့်ဟန်ရွာ
(ခ) ဂျာမိုင်ရွာ
(ဂ) မိုင်းစိမ်း၊မိုင်းဟိန်းရွာ
(ဃ)အင်ဂျီရွာ
(င) မိုင်းခေါင်ရွာ
(စ)ကြိုးစွန်တောင်သစ်တောကြိုးဝိုင်း
(ဆ)သံတံတားရွာ
(ဇ)အောက်ချောင်းရွာ

၎။ တရုတ်နိုင်ငံနောင်တောင်းမြို့အခြေစိုက် BDY အမည်ရှိ သစ်ကုမ္မ ဏီ အမည်ခံသစ်ခိုးဂိုဏ်းကြီး သည် ၂၀၁၃ခုနှစ် ဇန်န၀ါရီ လကုန် ခန့်မှ စတင်ကာစုရပ်ဖြစ်သော မန်စီမြို့နယ်နန့်ဟန်ကျေးရွာနှင့်
မိုင်းခေါင်ကျေးရွာတို့မှ အပိုဒ်(၂)ပါသစ်ခိုးလမ်းကြောင်း (၅)ကြောင်း အ တိုင်း တရုတ်နိုင်ငံနောင်ေ တာင်း မြို့သို့သယ်ဆောင်ခိုးထုတ်ခဲ့ရာ ယနေ့တိုင်ဖြစ်ပါသည်။ သစ်တင်ယဉ်တစ်စီးလျှင် တန် (၂၀) ခန့် တင်ဆောင်ပြီးနေ့ စဉ်စီးရေ (၁၀၀) ခန့် နယ်စပ်သို့ သယ်ဆောင်ခိုး ထုတ်နေပါသည်။ ကျွန်းသစ်လုံးများပေါ်တွင်အဆိုပါဂိုဏ်း၏markerတံဆိပ်BDY-1,BDY-2  စာတမ်း ရိုက်နှိပ်ထားပါ သည်။ဖြစ်စဉ်နှင့်ပတ်သက်ပြီးဇန်န၀ါရီလ ၂၈ ရက်နေ့ထုတ် The Voice Weekly ဂျာနယ်ကလည်း  သတင်းရေးသား ဖေါ်ပြခဲ့ဖူးပါသည်။

၅။ တရုတ်နိုင်ငံနောင်တောင်းမြို့အခြေစိုက် BDY အမည်ရှိသစ်ကုမ္မဏီအမည်ခံသစ်ခိုးဂိုဏ်းကြီး
၏ဂိုဏ်းခေါင်းဆောင်(၃)ဦးမှာအောက်ပါအတိုင်းဖြစ်ပါသည်-
(က) B=ဘရန်နူး၊ကချင်လူမျိုး
(ခ ) D=ဒွန်ဖေါ့တန်ဂွန်း၊ကချင်လူမျိုး (ဂ) y=မော်ရုံး(ခ)လီးမော်ရုံး၊တရုတ်လူမျိုး

၆။ တရုတ်နိုင်ငံနောင်တောင်းမြို့အခြေစိုက် BDY အမည်ရှိ သစ်ကုမ္မဏီ အမည်ခံသစ်ခိုးဂိုဏ်းကြီး တွင်အဖွဲ့ဝင် သစ်လောပန်း (၂၀)ဦးရှိပြီး ကနဦးမတည်ထည့်ဝင်ငွေ တရုတ်ယွမ်သိန်း(၅၀) စီဖြင့်စုစု ပေါင်းယွမ်သိန်း (၁၀၀၀)(မြန်မာငွေကျပ်သန်းပေါင်း ၁၄၀၀၀ ခန့်) ကိုအပိုဒ် ၅  ပါသုံးဦးထံသို့ထည့်ဝင် ရပါ သည်။ ယင်းငွေများအနက်ယွမ်သိန်း ၆၀၀ ကို KIA အဖွဲ့ထံသို့စ စ်အသုံးစ ရိတ်ရန်ပုံငွေေ ပးချေ ရပါသည်။KIA အဖွဲ့သည် ယင်းငွေယွမ်သိန်း ၆၀၀ဖြင့်တရုတ်လုပ်လက်နက်မျိုးစုံကိုဝယ်ယူစုဆောင်း
နိုင်ခဲ့သည်။BDYသစ်ကုမ္မဏီသည်ကျန်တရုတ်ယွမ်ငွေသိန်း(၄၀၀)(မြန်မာငွေကျပ်သိန်းပေါင်း ငါးသောင်းကျော်ခန့်) ကိုနောင်တော င်းမြို့ ရှိ တရုတ်အာဏာပိုင်များနှင့်ကချင်ပြည်နယ်နှင့်ရှမ်း
ပြည်နယ်ရှိမြန်မာအာဏာပိုင်များအားလာဘ်ငွေများပေးကာ၎င်း၏ယန္တယားကိုလည်ပတ်ခဲ့ပါသည်။

၇။ ယင်းသို့လည်ပတ်ရာတွင် သစ်ခိုးလမ်းကြောင်းပေါ်ရှိအရေးကြီး check point များတွင် အောက်ပါလမ်းကြောင်း ထိန်းများကို ခန့်အပ် တာဝန်ပေးပြီး ကင်းထောက်စေပါသည် ၊၄င်း၏ တာဝန် သည်သစ် ကား များအဖမ်းမခံရရေးအတွက် ဖမ်းဆီးရေး စစ်ကြောင်းအားကြို တင်စနည်း နာခြင်း၊ လိုအပ်လျှင် လာဘ်ငွေ အမြောက်အမြားေ ပးခြင်းတို့ လုပ်ဆောင်ရပါသည်။လမ်းကြောင်းထိန်းတစ်ဦး
လျှင် pajero တစ်စီး၊ကျပ်သိန်း ၃၀၀ ၊တရုတ်ဖုန်း၊cdma ဖုန်း၊လမ်းလျှောက်စကားပြောစက် တို့
ထောက်ပံ့တပ်ဆင်ပေးထားပါသည်-
(က)မန်စီမြို့နယ် မန်ဝိန်းကြီးရွာ တွင် ကိုဘောက်လာ
(ခ).....။……….. နန့်ဟန်ရွာ …… ကိုမာဘရန်
(ဂ)မန်စီမြို့ပေါ် ကိုဖိုးသား
(ဃ)မန်စီမြို့နယ် ကိုက်ထိပ် စခန်း ကိုမိုက်ကယ် 
(င)….။……….. မိုင်းခေါင်ရွာ ကိုဘယ်ကြီး 

ဂ။ မန်စီမြို့နယ် နန့်ဟန်ကျေးရွာမှောင်ခိုသစ်ကွင်းတွင်သစ်တင်လုပ်သား၊ယာဉ်မောင်းတရုတ်လူမျိုး
(၅၀၀)ခန့်၊ဒေသခံတိုင်းရင်းသား(၅၀၀၀)ခန့်နှင့်သစ်ကားစီးရေ (၇၀၀)ခန့်မှနေ့စဉ်တရုတ်နယ်စပ်
သို့သစ်များခိုးထုတ်နေပါသည်။ မန်စီမြို့နယ်နန့်ဟန်ကျေးရွာသစ်ကွင်းတွင်လေးကောင်၊ခြောက်ကောင်လောင်းကစားဝိုင်း(၅၀)ခန့်၊အနှိပ်ခန်း(၃၀)ခန့်၊ပြည့်တန်ဆာခန်း(၂၀)ခန့်၊ဘိန်းနှင့်ရာမစိတ်ကြွဆေး ဆိုင်(၁၀)ဆိုင်ခန့်ရောင်းချလျှက်ရှိနေပါသည်။

၉။ တရုတ်နိုင်ငံနောင်တောင်းမြို့အခြေစိုက် BDY သစ်ကုမ္မဏီ အမည်ခံသစ် ခိုးဂိုဏ်းကြီးသည် ဗန်းမော်မြို့(၃)မိုင်ကွက်သစ်တွင် ရွှေမိုးသွန်းအောင် ကုမ္မဏီအမည်ဖြင့်ရုံးခန်းဖွင့်လှစ်ထားပြီး
ဗန်းမော်-နမ့်ခမ်းကားလမ်းကို BOT စနစ်ဖြင့်ငှားရမ်းဖေါက်လုပ်ကာဒေသဖွံ့ဖြိုးရေးကိုFOR SHOW
လုပ်ကိုင်လျှက်ရှိပါသည်။

၁၀။ BDY သစ်ခိုးဂိုဏ်းကြီးအခြေပြုရာမန်စီမြို့နယ် နန့်ဟန်ကျေး ရွာနှင့်မိုင်းခေါင်ကျေးရွာ၊ကျောက်မဲ ခရိုင်မဘိန်ြး မို့နယ်တ၀ိုက် သည်၂၀၁၁ခုနှစ်မတိုင်မီကမိမိအမာခံနယ်မြေများဖြစ်သော်လည်းယခုအခါ KIAအဖွဲ့အစည်းဝင်များဆက်ကြေးကောက် သွားလာလှုပ်ရှားရာနယ်မြေများဖြစ်လာခဲ့ပါသည်။ရဲ၊ သစ်တော စသည့်နယ်ဖက်ဌာနဆိုင်ရာများသွားလာမရသည့်အညိုရောင်နယ်မြေများဖြစ်ပါသည်။
BDY သစ်ခိုးဂိုဏ်းကြီးနှင့်KIA တို့ပေါင်းကာသစ်တောဝန် ထမ်းများကို သတ်ဖြတ်ခဲ့ရာ ၁ ဦးသေဆုံး ၃ဦးဒါဏ်ရာရှိခဲ့ပါသည်။BDY သစ်ခိုးဂိုဏ်းကြီးသည်နယ်မြေမအေးချမ်းမှုကို အခွင့်ကောင်းယူကာ
စိတ်တိုင်းကျသစ်မှောင်ခိုခိုးထုတ်ခွင့်ရရှိခဲ့သည်။

၁၁။ အဆိုပါနယ်မြေအတွင်း တပ်မ ၉၉၊စကခ ၁၆၊စကခ ၂၁၊မပခ မိုးမိတ်စစ်ဗျုဟာ စသည့် တပ်မတော် စစ်ကြောင်းများ တာဝန်ထမ်းဆောင်နေပါသည်။

ကချင်ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးကွန်ယက်

(ဖမ်းဆီးလျှင် ပစ်ခတ်မှုတွေ ပြန်ဖြစ်လာမည်။ သောက်သုံးမကျသည့် မီဒီယာများ တစ်ဖက်ကနေ ပြန်ဖွမည်။ ပြည်ပရောက် ဒုက္ခသည် တိုင်းရင်းသား အမည်ခံ သူတောင်းစားများ ဘေးက အော်မည်။ အဆုံးတွင်တော့ ကချင်ပြည်နယ် ပြောင်မည်။ အသံထွက်ဝံ့သူ၊ အမုန်းခံနိုင်သူ၊ တိုင်းပြည် အတွက်သာ ဦးစားပေးသည့် သူများ ဆောင်ရွက်တားဆီး နိုင်ပါစေ။)

Rangonnewsdaily
RND:  :23.3.2013

No comments:

Post a Comment