အမေရိကန် ပြည်ထောင်စုက ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင် ၅၀
ပါဝင်တဲ့အဖွဲ့ဟာ မြန်မာနိုင်ငံမှာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ
လုပ်နိုင်မယ့် အခြေအနေတွေ လေ့လာဖို့အတွက် ဒီကနေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မှာ
ရောက်ရှိမှာဖြစ်တယ်လို့ U.S Chamber of Commerce အင်တာနက်စာမျက်နှာမှာ
ဖော်ပြ ထားပါတယ်။
အဆိုပါ အမေရိကန်စီးပွားရေး လုပ်ငန်းရှင်ကြီးတွေဟာ
မော်တော်ကားလုပ်ငန်း၊ လယ်ယာလုပ်ငန်း၊ စွမ်းအင် လုပ်ငန်း၊ အီလက်ထရောနစ်နဲ့
ဆက်သွယ်ရေး လုပ်ငန်းတွေက ဖြစ်ကြပြီး ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကနေ ၂၈
ရက်နေ့ထိ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေကို ဘယ်လို လုပ်သင့်မလဲ
ဆိုတာ လေ့လာသွားမှာလို့ အဆိုပါ ၀က်ဆိုဒ် စာမျက်နှာမှာ ရေးသားထားပါတယ်။
အဆိုပါ အမေရိကန် စီးပွားရေး လုပ်ငန်းရှင် ကိုယ်စားလှယ်အဖွဲ့ဟာ
အမေရိကန်-မြန်မာ ရင်းနှီးမြှုပ်နှံရေး ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို
တက်ရောက်မှာဖြစ်ပါတယ်။
မြန်မာခရီးစဉ်အတွင်းမှာ အဆိုပါ အမေရိကန် စီးပွားရေး
ကိုယ်စားလှယ်တွေအနေနဲ့ မြန်မာအစိုးရ တာဝန်ရှိ
သူတွေ ကျွမ်းကျင်သူတွေ၊ NGO
အဖွဲ့တွေ၊ အခြား တွေ့သင့်တွေ့ထိုက်သူတွေနဲ့လည်း တွေ့ဆုံ သွားမှာဖြစ်တယ်လို့
သိရပါတယ်။
RND: 24.2.2013
No comments:
Post a Comment