ယာဉ်ထိန်းတပ်ဖွဲ့ဝင်များရဲ့အလုပ
လာရင်လာသလိုဆက်လက်လ မ်းရှင်းလက်အချက်ပြရပါတယ်။ထမင်း စားချိန်ကတော့အဆင်ပြေသလို
စားကြတာပေါ့။ဒါပေမဲ့တစ်ယောက်ချင်းပဲသွားစားရတယ်။နာရီဝက်ထက်ပိုမကြာရဘူး။
ညဆိုရင် ၁၀ နာရီမှတရားဝင်တန်းဖြုတ်လို့ရတယ် ။အိမ်ပြန်ရောက်တော့ ၁၀နာရီခွဲ ၁၁ နာရီ အိပ်ရာထဲရောက်တော့မှ ကိုယ့်သားသမီးမျက်နှာလေးတွေဝအော င်ကြည့်ရတယ်။ကလေးက လန့်နိုးပြီး အမေရေ သားတို့ခြင်ထောင်ထဲဘယ်ကလူကြီးမှ န်းမသိဘူးဝင်လာတယ်လို့အော်ခဲ့တဲ့ ဟာသဆန်ဆန်အဖြစ်အပျက်လေးတွေလဲတက ယ်ဖြစ်ခဲ့ကြဖူးပါတယ်။
တနေကုန်စီး ထားတဲ့လည်ရှည်ဖိနပ်ကချွတ်လိုက်ရ င်ခြေထောက်တွေကနူးအိပြီးကိုယ့်အ နံ့တောင်ကိုယ်မ
ခံနိုင်ပါဘူး။အခိုးတွေအပေါ်မှုတ်ပြီးမျက်စိတွေနီရဲ တာ၊မျက်စိမှုန်လာတာတွေကအပိုဆုပါ။ တခါတရံအပေါ့
အလေးတွေချုပ်တီးရလွန်းလို့ဒုက္ခအင်မတန်ရောက်ရပါတယ်။
အဲကျွန်တော်တို့ရတဲ့လစာက တစ်သိန်းရဲ့အောက်တော်တော်ရောက် ပါတယ်။သန့်ရှင်းသောအစိုးရ၊ကောင်းမွန်သောအစိုးရကိုလဲကြိုက်ပါတယ် ။ဖြစ်နိုင်ရင်အဂတိတရားကင်းရှင်း စွာနဲ့လုပ်ငန်းတာဝန်တွေကိုအားသွ န်ခွန်စိုက်ပျော်ပျော်ကြီးထမ်းေ ဆာင်ချင်ပါတယ်။
ဒါပေမဲ့ကျွန်တော် တို့ဝတ်ဆင်ရတဲ့နဖူးကနေခြေဖျားအထိယူနီဖောင်းအဆင်တန်ဆာတွေက ဝယ်ရတာဗျ။
တာဝန်ကျနေရာကိုသွားတဲ့ ဆိုင်ကယ်နဲ့ဆီဘိုးကလဲကိုယ့်စရိတ်နဲ့ကိုယ်ပဲဗျ။အိမ်ကမိသားစုကစား တဲ့ဆန်
တို့ဆီတို့ကလေးကျောင်းစရိတ်တို့ကလဲအများနည်းတူပဲဗျ။ပေါက်ဈေးပဲ။နောက်ပြီး အများသူငါပျော်ရွှင်ကြ
တဲ့ပွဲလမ်း သဘင်တို့၊အခါကြီးရက်ကြီးတို့ဆို ရင်လုံးဝမအားတော့ဘူး။အားလုံးအဆင်ပြေချောမွေ့စွာသွားလာ
နိုင်ရေးအ တွက်ကျွန်တော်တို့ရဲ့ဘဝတင်မကပဲမိသားစုတွေရဲ့ဘဝပါပေးဆပ်ထားကြရတာပါ။ဒီကြားထဲမှာလူ
မုန်းများတာခံ ရပါသေးတယ်။
ဘယ်သူဖြစ်ဖြစ်အဖမ်းခံ ရရင်ဘယ်ကျေနပ်ပါ့မလဲ။တချို့က ညပိုင်းမှာဆဲသွားကြသေးတယ်။အဆင့် မရှိတဲ့ကောင်တွေတဲ့။ဟုတ်ကဲ့ကျွန်တော်တို့ဆယ်တန်းအောင်မှဒီအထဲဝင်လို့ရခဲ့တာပါ။နောက်တမျိုး
ကျတော့ လမ်းဘေးနေလမ်းဘေးစားတွေတဲ့။အဲဒါကျတော့မှန်နေပြန်ရော။
ကျွန်တော် တို့လမ်းဘေးနေလမ်းဘေးစားနေတာအများပြည်သူတွေလမ်းပေါ်မှာအဆင်ပြေချောမွေ့စွာသွား
နိုင်ဖို့ကျွန်တော်တို့နဲ့ကျွန်တော်တို့ရဲ့မိသားစုဝင်တွေရဲ့ဘဝတွေကိုကျေကျေနပ်နပ်ကြီးချခင်းပေးထားတာပါ
ဗျာ။ဘာပဲေ ပြာပြောကျွန်တော်တို့လမ်းရှင်းေ ပးရတာပျော်ပါတယ်။အများပြည်သူကလက်ခုပ်တီးပေးရင်
ပိုပြီးပျော်ရမှာ ပါ။မြို့မေတ္တာခံယူတဲ့သားတွေဖြစ် ချင်ပါတယ်။
RND: 24.2.2013
မန္တလေးသတင်းပုံရိပ်များ
No comments:
Post a Comment