Pages

Pages - Menu

Tuesday, February 12, 2013

ကန့်သတ်ကုန်များမှ ပစ္စည်းလေးမျိုး ထပ်မံ တင်သွင်းခွင့်ပြု

ရန်ကုန် (မဇ္ဈိမ)။ ။ ပို့ကုန် သွင်းကုန်ဥပဒေအရ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များအား ပြည်ပမှ တင်သွင်းခွင့် မပြုသည့် ကန့်သတ်ကုန်များမှ ပစ္စည်းလေးမျိုးအား ထပ်မံတင်သွင်းခွင့်ပြုကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အမိန့် ကြော်ငြာစာ ၉/ ၂၀၁၃ နှင့် ထုတ်ပြန်ခဲ့ကြောင်းသိရသည်။ “အရင်က တင်သွင်းခွင့်မပြုတဲ့ ချင်ဂန်း ၊ကိတ်၊ ဝေဖါ၊ ချောကလက် စတဲ့ ကန့်သတ်ကုန် လေးမျိုးကို အမိန့်
ကြော်ငြာစာ ၉/၂၀၁၃ အရ ကုန်သည်တွေအနေနဲ့ တရားဝင်တင်သွင်းနိုင်ပြီဖြစ်ပါတယ်။အဲဒီကုန်တွေ တင်သွင်းရာမှာ တည်ဆဲအမိန့်၊ ညွှန်ကြားချက်တွေနဲ့အညီ လိုက်နာဆောင်ရွက်ရမှာဖြစ်ပါတယ်။”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်လွင် က ပြောကြားသည်။

ယင်းအမိန့်ကြော်ငြာစာအရစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂၃ ၇က်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၃/ ၂၀၁၁ အား လွှမ်းမိုးပယ်ဖျက်သည်ဟု ဆိုသည်။

“ တည်ဆဲဥပဒေအရ ကန့်သတ်တဲ့ အရက်၊ ဘီယာ၊စီးကရက်၊တည်ဆဲဥပဒေအရ ကန့်သတ်ပစ္စည်းစတဲ့ ပစ္စည်း စတဲ့ ပစ္စည်း၎မျိုးတော့ ပြည်ပက တင်သွင်းခွင့်မရှိသေးပါဘူး။ ပြည်တွင်းဈေးကွက်လိုအပ်ချက် ပေါ်မူတည်ပြီး၊ အခါအားလျှော်စွာ ပြင်ဆင် ပြောင်းလဲသင့်တာတွေကို ဆောင်ရွက်ပေးသွားမယ်လို့ထုတ်ပြန်ထားပါတယ်။”ဟု ဦးခင်မောင်လွင် က ဆက်လက်ပြောကြားသည်။

ပြည်တွင်းမှ တင်သွင်းခွင့်မပြုသော ပစ္စည်းများနှင့် ပတ်သက်ပြီး ၀န်ကြီးဌာနအနေဖြင့် အမိန့်ကြော်ငြာစာ ၈/၂၀၁၃ ဖြင့် ထုတ်ပြန်ခဲ့သည်။ ပြည်တွင်းလုပ်ငန်းရှင်များကို ကာကွယ်သည့်အနေဖြင့် ယခင်က တင်သွင်းခွင့် ကန့်သတ်ထားသည့် ပစ္စည်းများမှာ အများအပြား ရှိခဲ့ကြောင်း နယ်စပ်ကုန်သွယ်ရေး ဦးစီးဋ္ဌာနမှ အငြိမ်းစား ၀န်ထမ်း တဦးကပြောသည်။

၎င်းက “ဂျုံ စက်တွေကို ကာကွယ်ပေးတဲ့ အနေနဲ့ ခေါက်ဆွဲခြောက်တွေကို နယ်စပ်ကနေ တင်သွင်းမှု ခွင့်မပြုခဲ့ဘူး။ အခု ခေါက်ဆွဲခြောက်တွေကို တင်သွင်းခွင့် ပေးလိုက်တော့ဈေးကွက်အတွင်း ယှဉ်ပြိုင်ရတာတွေကြောင့်
ဈေးသက်သာတယ်။ စားသုံးသူအနေနဲ့ နှစ်သက်ရာရွေးပြီး ၀ယ်ယ်နိုင်တယ်။ ဒါဟာ စားသုံးသူ လူ သန်း၆၀ ကို အနိုင်ပေးလိုက်တာလို့ပြောလို့ရပါတယ်။”ဟု ပြောဆိုသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဋ္ဌာန၏ ၉/၉၉ အမိန့်ကြော်ငြာစာအရ အချိုမှုန့် ၊အချိုရည်၊ ဘီစကစ်မုန့်မျိုးစုံ၊ စည်သွပ်ဘူးများ( အသားနှင့် အသီး)၊ ခေါက်ဆွဲခြောက် အမျိုးမျိုး၊ အရက်၊ ဘီယာ၊ စီးကရက်၊ သစ်သီးအစိုအမျိုးမျိုး၊ ပလတ်စတစ် လူသုံး/အိမ်သုံးပစ္စည်းမျိုးစုံ၊ တည်ဆဲဥပဒေအရ ကန့်သတ်ထားသော ပစ္စည်းများကို နယ်စပ်ဒေသများမှ တစ်ဆင့်တင်သွင်းခွင့် မပြုခဲ့ပေ။

နောက်ပိုင်းတွင် သစ်သီးစိုများကို မြန်မာနိုင်ငံတွင် စိုက်ပျိုးထွက်ရှိချိန်မျိုး မဟုတ်သည့် ကာလများတွင် တင်သွင်းခွင့်
ပေးခဲ့သည်။ ထိုအတူ အချိုမှုန့်၊ အချိုရည်၊ ဘီစကစ်မျိုးစုံ စသည့် ပစ္စည်းများကိုလည်း ၂၀၁၁ ခုနှစ် နောက်ပိုင်း ကာလများတွင် ပြန်လည်ခွင့်ပြုခဲ့ကြောင်း သိရသည်။
ခင်မျိုးသွယ် 
(မဇ္ဈိမ)

No comments:

Post a Comment