အများဆုံးပေးသွားမယ့် ခရီးစဉ်အတွင်း နော်ဝေးဘုရင်နဲ့ အစိုးရအဖွဲ့အပြင်-------------------------------
စီးပွားလုပ်ငန်းရှင်များနဲ့လည်း
လေ့လာကြည့်ရှုပြီး သက်ဆိုင်ရာ လုပ်ငန်းရှင်တွေနဲ့ တွေ့မယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
နော်ဝေးနိုင်ငံက တယ်လီနော်(Telenor) တယ်လီဖုန်းကုမ္မဏီဟာ မြန်မာပြည်မှာရင်းနှီးမြှုပ်နှံဖို့ မနှစ်ကတည်း
က မြန်မာတာဝန်ရှိသူတချို့နဲ့ ဆွေးနွေးထားပါတယ်။
မကြာသေးမီ ရက်ပိုင်းက နော်ဝေးနိုင်ငံက မြန်မာအပေါ်တင်ရှိတဲ့ကြွေးမြီ နော်ဝေးခရိုနာ ၃.၂ ဘီလီယံ (အမေရိကန် ဒ်ါလာ ၅၃၄ သန်း) ကို လျှော်ပစ်လိုက်ပါတယ်။ ဒါဟာ နော်ဝေးနိုင်ငံရဲ့ ဖွံဖြိုးဆဲနိုင်ငံတွေအပေါ်
တင်ရှိ
နော်ဝေးနိုင်ငံဟာ လူသားချင်း စာနာထောက်ပံ့မှုတွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲတွေနဲ့ မြန်မာအ
စိုးရကြား ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးနဲ့ ပြန်လည်ထူထောင်ရေးဆိုင်ရာ နိုင်ငံရေးဖြစ်စဉ်တွေမှာ
လည်း ကူညီဆောင်ရွက်နေပါတယ်။
နော်ဝေးနိုင်ငံအခြေစိုက် နော်ဝေး၀န်ကြီးချုပ်ဟောင်းဘွန်ဒယ်ဘစ်ဦးဆောင်ပြီးမနှစ်က ဇွန်လမှာ ဖွဲ့ထား
တဲ့ အောင်ဆန်းစုကြည် လွတ်မြောက်ရေးဖောင်ဒေးရှင်း (Aung San Suu Kyi’s Freedom Foundation) အဖွဲ့
ကလည်း မြန်မာနိုင်ငံ အင်းလေးဒေသအတွင်း အဆင့်မြင့်ဟော်တယ် ဆောက်လုပ်ရေး ရင်းနှီးမြှုပ်နှံတွေ
ပြုလုပ်နေကြောင်းလည်း သိရပါတယ်။ အဆိုပါဖောင်ဒေးရှင်းဟာ ဒေါ်အောင်ဆန်းစုကြည် နာယကအဖြစ်
ဆောင်ရွက်တဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီ ၁၅ရက် မှာလည်း ၈လေးလုံး မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ကိုပြုံးချိုတို့လည်း ၄ရက်ကြာ နော်ဝေးနိုင်ငံကို အလည်အပတ် ရောက်လာပါလိမ့်မယ်။
မနှစ်က ဇွန်လအတွင်း ဒေါ်အောင်ဆန်းစုကြည် နော်ဝေးနိုင်ငံကို ရောက်ရှိလာခဲ့ပြီး နိုဘဲလ်ငြိမ်းချမ်းရေး
ဆုကို ကိုယ်တိုင်လက်ခံရယူသွားခဲ့ပါတယ်
ကိုညို (အော်စလို)
No comments:
Post a Comment