Pages

Pages - Menu

Sunday, February 3, 2013

ကင်ညာမွတ်စလင်အဖွဲ့မှ ခရစ်ယာန် ဘုရားကျောင်းများကို ကာကွယ်ပေးနေ

ကင်ညာမွတ်စလင်အဖွဲ့မှ ခရစ်ယာန် ဘုရားကျောင်းများကို ကာကွယ်ပေးနေ 

ကင်ညာနိုင်ငံရှိ မွတ်စလင်ခေါင်းဆောင်များသည် ကိုယ်ပိုင်ကာကွယ်ရေး အဖွဲ့တစ်ဖွဲ့ အမြန်ဆုံး ဖွဲ့စည်းပြီး တနင်္ဂနွေနေ့ကဖြစ်ပွားခဲ့သော ခရစ်ယာန် ဘုရားကျောင်းများအားဗုံးခွဲ တိုက်ခိုက်မှုမျိုးနောက်ထပ်မဖြစ်ပွားစေရန် ကာကွယ်ပေးရန် သဘောတူထားကြသည်။
ဆိုမာလီနိုင်ငံနှင့် ကင်ညာနိုင်ငံ နယ်စပ်ရှိ ဂါရီစာမြို့တွင်းရှိ ခရစ်ယာန်ဘုရားကျောင်း တိုက်ခိုက်ခံရမှုကြောင့် လူ ၁၅ ဦးသေဆုံးခဲ့ရပါသည်။
“ဤတိုက်ခိုက်မှုသည် အကြမ်းဖက်မှုလုပ်ရပ်တစ်ခုသာဖြစ်သည်” ဟု ကင်ညာနိုင်ငံ မွတ်စလင် ကောင်စီဦးစီး အဒန်ဝါချူးက BBC သို့ ပြောကြားသည်။ ဆက်လက်ပြီး သူက “မွတ်စလင်များ၏ သဘောထားမှာ ဤမြို့ရှိ ခရစ်ယာန်များ လူနည်းစုဖြစ်၍ လူများစုဖြစ်သော မွတ်စလင်များက အတတ်နိုင်ဆုံး ကာကွယ်စောင့်ရှောက်ရမည်။”
“ဒီမှာရှိတဲ့ အချို့လူတွေက ကျနော်တို့ ကင်ညာနိုင်ငံ ကို နိုင်ဂျီးရီးယား နိုင်ငံကဲ့သို့ ခရစ်ယာန်နှင့် မွတ်စလင် အချင်းချင်း အကြမ်းဖက်တိုက်ခိုက်ကြအောင် လုပ်နေတယ်။
“ကင်ညာနိုင်ငံထဲမှာ လူမျိုးရေး ဘာသာရေး ကွဲပြားမှုကြောင့်ဖြစ်မယ့် အကြမ်းဖက်မှုများကို ဘယ်သောအခါမှ ခွင့်ပြုမှာမဟုတ်ပါဘူး။ မည်သူမဆို ထိုကဲ့သို့ အကြမ်းဖက်မှု့ဖြစ်ပွားအောင် လုပ်ဆောင်လျှင်လည်း မုချဧကန် ကျဆုံးမှာသာ ဖြစ်ပါတယ်။” ဟု သူက ဆက်လက်ပြောကြားပါတယ်။
ညီညွတ်ရေး တပ်ဦး
အင်္ဂါနေ့ကကျင်းပသော ကင်ညာနိုင်ငံ ဘာသာပေါင်းစုံ ရင်းနှီးချစ်ကြည်ရေးကောင်စီ၏ အစည်းအဝေးမှ တညီတညွတ်တည်း ဆုံးဖြတ်သည်မှာ ဤခရစ်ယန်ဘုရားကျောင်း တိုက်ခိုက်ခံရမှုသည် အစွန်းရောက်များ၏ အကြမ်းဖက် လုပ်ရပ်သာဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့ အားလုံး ၀ိုင်းဝန်းဖြေရှင်း တစ်ခုတည်းသော ညီညွတ်ရေးတပ်ဦး အဖြစ် အတူတကွ ရပ်တည်ကြပါစို့။
ကျွန်တော်တို့ အားလုံးဆုံးဖြတ်ချက် ချထားပြီးပါပြီ၊ မွတ်စလင်လူငယ်များအနေနှင့် ဂါရီစာမြို့အတွင်း သာမကအခြားခရစ်ယာန်များ အင်အားမကောင်းသောမြို့များတွင်ပါ ဘုရားကျောင်းကိုမျက်ခြေမပြတ် ကာကွယ်စောင့်ရှောက်ပေးသွားမှာပါ။
 ဘာသာပြန်သူ – ဆောင်းသစ္စာ (စင်ကာပူရ်)http://news.mmsy.info/news/4216
မှကူးယူဖော်ပြပါသည်။

ကင်ညာနိုင်ငံရှိ မွတ်စလင်ခေါင်းဆောင်များသည် ကိုယ်ပိုင်ကာကွယ်ရေး အဖွဲ့တစ်ဖွဲ့ အမြန်ဆုံး ဖွဲ့စည်းပြီး တနင်္ဂနွေနေ့ကဖြစ်ပွားခဲ့သော ခရစ်ယာန် ဘုရားကျောင်းများအားဗုံးခွဲ တိုက်ခိုက်မှုမျိုးနောက်ထပ်မဖြစ်ပွားစေရန် ကာကွယ်ပေးရန် သဘောတူထားကြသည်။
ဆိုမာလီနိုင်ငံနှင့် ကင်ညာနိုင်ငံ နယ်စပ်ရှိ ဂါရီစာမြို့တွင်းရှိ ခရစ်ယာန်ဘုရားကျောင်း တိုက်ခိုက်ခံရမှုကြောင့် လူ ၁၅ ဦးသေဆုံးခဲ့ရပါသည်။
“ဤတိုက်ခိုက်မှုသည် အကြမ်းဖက်မှုလုပ်ရပ်တစ်ခုသာဖြစ်သည်” ဟု ကင်ညာနိုင်ငံ မွတ်စလင် ကောင်စီဦးစီး အဒန်ဝါချူးက BBC သို့ ပြောကြားသည်။

ဆက်လက်ပြီး သူက “မွတ်စလင်များ၏ သဘောထားမှာ ဤမြို့ရှိ ခရစ်ယာန်များ လူနည်းစုဖြစ်၍ လူများစုဖြစ်သော မွတ်စလင်များက အတတ်နိုင်ဆုံး ကာကွယ်စောင့်ရှောက်ရမည်။”
“ဒီမှာရှိတဲ့ အချို့လူတွေက ကျနော်တို့ ကင်ညာနိုင်ငံ ကို နိုင်ဂျီးရီးယား နိုင်ငံကဲ့သို့ ခရစ်ယာန်နှင့် မွတ်စလင် အချင်းချင်း အကြမ်းဖက်တိုက်ခိုက်ကြအောင် လုပ်နေတယ်။


“ကင်ညာနိုင်ငံထဲမှာ လူမျိုးရေး ဘာသာရေး ကွဲပြားမှုကြောင့်ဖြစ်မယ့် အကြမ်းဖက်မှုများကို ဘယ်သောအခါမှ ခွင့်ပြုမှာမဟုတ်ပါဘူး။ မည်သူမဆို ထိုကဲ့သို့ အကြမ်းဖက်မှု့ဖြစ်ပွားအောင် လုပ်ဆောင်လျှင်လည်း မုချဧကန် ကျဆုံးမှာသာ ဖြစ်ပါတယ်။” ဟု သူက ဆက်လက်ပြောကြားပါတယ်။
ညီညွတ်ရေး တပ်ဦး


အင်္ဂါနေ့ကကျင်းပသော ကင်ညာနိုင်ငံ ဘာသာပေါင်းစုံ ရင်းနှီးချစ်ကြည်ရေးကောင်စီ၏ အစည်းအဝေးမှ တညီတညွတ်တည်း ဆုံးဖြတ်သည်မှာ ဤခရစ်ယန်ဘုရားကျောင်း တိုက်ခိုက်ခံရမှုသည် အစွန်းရောက်များ

၏ အကြမ်းဖက် လုပ်ရပ်သာဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့ အားလုံး ၀ိုင်းဝန်းဖြေရှင်း တစ်ခုတည်းသော ညီညွတ်ရေးတပ်ဦး အဖြစ် အတူတကွ ရပ်တည်ကြပါစို့။

ကျွန်တော်တို့ အားလုံးဆုံးဖြတ်ချက် ချထားပြီးပါပြီ၊ မွတ်စလင်လူငယ်များအနေနှင့် ဂါရီစာမြို့အတွင်း သာမကအခြားခရစ်ယာန်များ အင်အားမကောင်းသောမြို့များတွင်ပါ ဘုရားကျောင်းကိုမျက်ခြေမပြတ် ကာကွယ်စောင့်ရှောက်ပေးသွားမှာပါ


ဆောင်းသစ္စာ (စင်ကာပူရ်)

No comments:

Post a Comment