ယခု မွတ်စလင်မ်များအပေါ် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ရာ သာကေတတွင် ရခိုင်ပဋိပက္ခဖြစ်ပွားပြီးနောက်ပ
ရခိုင်တိုးတက်ရေးပါတီမှ ထုတ်ပြန်ချက်မှာ `မြန်မာပြည်တွင်းမှာ အဆိုပါရခိုင်ပြည်ကဲ့သို့ ပြဿနာများ ပေါ်ပေါက်လာမှသာ မြန်မာလူမျိုးတွေ ကိုယ်ချင်းစာနိုင်မယ်´လို့ ရေးသားထားတာကို Facebook ပေါ်ရှိ ဘာသာရေး အစွန်းရောက် အကြမ်းဖက်လှုံ့ဆော်မှုအသားပေး စာမျက်နှာတစ်ခုမှာ ဖော်ပြထားပါတယ်။
ယနေ့ ညပိုင်းမှာ ပြဿနာဖြစ်ပွားရာ သာကေတ မာန်ပြေရှိ မွတ်စလင်မ်များရဲ့ အိမ်များ၊ ဆိုင်များကိုလည်း လိုက်လံ၍ လုယက်ဖျက်ဆီးမီးရှိုရန် (၁၇x၁၈)လမ်းမများပေါ်တွင် ပေါ်ပေါ်တင်တင် စည်းရုံးနေသည့်အပြင် အခင်းဖြစ်နေရာ၌လည်း ပေါ်ပေါ်တင်တင် ၀င်ရောက်လုယက်ဖျက်ဆီးခဲ့သည့်အပြ
အခင်းဖြစ်ရာ နေရာအနီးတ၀ိုက်တွင် ရဲဝန်ထမ်းများ ယူနီဖောင်းဖြင့် စောင့်ကြပ်နေသော်လည်း အထက်ပါ စည်းရုံးမှုများအား တားဆီးခြင်းမရှိတာဟာ ထူးခြားမှုတစ်ခုဖြစ်နေပြီး ရပ်ကွက် NLD ပါတီဝင်အချို့၊ နိုင်ကျဉ်း ကျောင်းသားအချို့၊ ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့သော ဘုန်းတော်ကြီးအချို့မှ အခြေအနေအား ထိန်းသိန်းနေသော်လည်း အစိုးရရဲ့ ပူးပေါင်းပါဝင်မှု အားနည်းနေတာကြောင့် အစွန်းရောက်သူများရဲ့ အကြမ်းဖက်လုပ်ရပ်များ ပိုမိုကြီးထွားလာမှာကို မွတ်စလင်မ်လူထုမှ စိုးရိမ်နေကြတယ်လို့ mmm သတင်းရရှိပါတယ်။
ယင်းစိုးရိမ်မှုများကြောင့် အခင်းဖြစ်ဒေသတ၀ိုက်ရှိ မွတ်စလင်မ်များမှာ မိမိတို့နေထိုင်ရာ အိုးအိမ်များကို စွန့်ခွါ၍ ဆွေမျိုးများရှိရာသို့ သွားရောက်ရှောင်တိန်းနေထိုင်နြေ
သတင်းပေးပို့သူ
ktzo
No comments:
Post a Comment