Pages

Pages - Menu

Saturday, February 9, 2013

ဝက်ဆိုဒ်လုံခြုံရေး အားနည်းချက်များကို ထောက်ပြသော တိုက်ခိုက်မှုများရှိလာ

ဖေဖော်ဝါရီ ၈ ရက်၊ ၂၀၁၃

မြန်မာနိုင်ငံ၊ ပြည်တွင်းဝက်ဆိုင်ဒ်များ တိုက်ခိုက်ခံရခြင်းသည် ၀က်ဆိုဒ်လုံခြုံရေးထက် ဒီဇိုင်းကို ပိုမိုဦးစားပေး လုပ်ဆောင်ခြင်းကြောင့် လုံခြုံရေးပိုင်း အားနည်းချက်များရှိပြီး တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

ဝက်ဆိုက်ဒ် တည်ထောင်လိုသူများအနေဖြင့် ၀က်ဆိုက်ဒ် တည်ဆောက်သူ၏ ဖန်တီးခြင်းကို သိရှိနားလည်ရမည်ဖြစ်ပြီး အခြား Hackerများ၏ တိုက်ခိုက်ခြင်းကို မခံရစေရန် ၀က်ဆိုဒ်၏ Version အသစ်ထွက်တိုင်း မြှင့်တင်ပေးရန်လိုအပ်ကြောင်း ၊ Scanning ဖတ်ခြင်းကိုလည်း အမြဲပြုလုပ်သင့်ကြောင်း ၀က်ဆိုက်ဒ်တည်ထောင်သူပညာရှင်တဦးက အကြံပြုပြောဆိုသည်။

“၀က်ဆိုဒ် တစ်ခုကိုတည်ထောင် မယ်ဆိုရင် ပြုလုပ်လိုက်တဲ့ ၀က်ဆိုဒ် က CMS(Joomla, Wordpress) အမျိုးအစားဆို ပါတော့ ဗားရှင်းကို အမြဲ အဆင့်မြင့် ပေးနေဖို့လိုအပ်ပါတယ်။ ဆိုဒ်ကိုလည်း အမြဲ Scanning လုပ်နေသင့်ပြီး အားနည်းချက်ဖြစ်နေတဲ့ Plug in မျိုးတွေကို ရှောင်ရှားသင့်ပါတယ်။ ” ဟု ၀က်ဆိုက်ဒ် တည်ထောင်သူ တစ်ဦးက ပြောသည်။

ဝက်ဆိုက်ဒ်များ၏ လုံခြုံရေးအားနည်းချက်နှင့် ပတ်သက်ပြီး ၀က်ဆိုက်ဒ် အမျိုးအစားအလိုက် မည်သည့်အားနည်းချက်ရှိနေ သည်ကို ဂူဂဲလ်တွင် exploits-db ရိုက်ထည့်၍ ရှာခြင်းအားဖြင့် သိရှိနိုင်ကြောင်း ၄င်းက ဆက်လက်ပြောသည်။

ကုမ္ပဏီများနှင့် စီးပွားရေးလုပ်ငန်းများအနေဖြင့် ၀က်ဆိုက်ဒ်တစ်ခုတည်ထောင်မည်ဆိုပါက ၀က်ဆိုက်ဒ် ဒီဇိုင်းကို ဦးစားမပေးဘဲ လုံခြုံရေးအနေဖြင့် Ethical Hacker Group နှင့် www.mmcert.org.mm
 
တို့တွင် ဆွေးနွေးကာ အကြံဥာဏ်တောင်းနိုင်ကြောင်း အစိုးရပိုင်းမှ ၀က်ဆိုက်ဒ်တည်ထောင်သူတစ်ဦးက ဆိုသည်။

“ မြန်မာနိုင်ငံမှာ လုံခြုံရေး ပိုင်း အတွက် အကြံပေးတဲ့ Ethical Hacker Group တွေ ၊ Security Office တွေလည်းရှိတယ် ၊ www.mmcert.org.mm
 
လည်းရှိတယ် အဲ့ဒီမှာ အကြံဥာဏ်တောင်းပြီး ၀က်ဆိုက်ဒ် မ hack ခံရအောင် ဆွေးနွေးနိုင်တယ်” ဟု အစိုးရပိုင်းမှ ၀က်ဆိုက်ဒ်တည်ထောင်သူ တစ်ဦးက ပြောသည်။

ဝက်ဆိုက်ဒ်များကို တိုက်ခိုက်သူတို့သည် ၀က်ဆိုက်ဒ်တည်ထောင်သူများကို နစ်နာလိုခြင်းမရှိဘဲ ၄င်းတို့ ၀က်ဆိုဒ်တွင် လုံခြုံရေး အားနည်းချက်ရှိသည်ကို သိရှိကြပြီး ပြန်လည်ပြင်ဆင်နိုင်ရန်အတွက် အသိပေးခြင်းသဘောမျိုးသာ ရည်ရွယ်သည်ဟု Blink Hacker Group မှ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“မြန်မာနိုင်ငံမှာ ၀က်ဆိုဒ် လုံခြုံရေး ပေါက်သွားခဲ့ရင် အပြစ်တင်ဖို့ ကို အရင်လုပ်တယ်။ ဘယ်လို လုပ်သွားတာလဲ ၊ ဘယ်နေရာ က ၀င်သွားတာလဲ ဆိုပြီး မေးတဲ့လူ ရှားပါတယ် ။ ကျွန်တော် တို့ မြန်မာဆိုက်ဒ် တွေ တိုက်ခိုက်တယ်ဆိုတာက လုံခြုံရေးအားနည်း ချက်ကို ထောက်ပြချင်လို့ပါ “ဟု Blink Hacker Group မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၁၂ခုနှစ်ခန့်က ပုဂ္ဂလိက လုပ်ငန်းရှင်များ လုပ်ကိုင်သည့် သတင်းမီဒီယာများ၊ မြန်မာ့ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ၀က်ဆိုက်ဒ်ကို တိုက်ခိုက်ခြင်းခံရခြင်းကြောင့် ၀က်ဆိုက်ဒ်ပေါ် သတင်းအချက်အလက်များ တင်ခြင်းများကို ခေတ္တရပ်နားခဲ့ရသည်ဟု သိရှိရသည်။

“၀က်ဆိုက်ဒ် တိုက်ခိုက်ခံရတယ်လို့ပဲပြောရမလား Hack ခံရတယ်ဘဲ ပြောရမလား hack ခံရတော့ ကျွန်တော်တို့ လုပ်ငန်းနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ တင်မရတော့ဘူး ၊ ပြည်သူတွေလည်း သတင်းဝင်ပြီး ကြည့်မရတော့ဘူး အဲ့ဒါကြောင့် စိတ်ကသိကအောက်ဖြစ်ရတယ် “ ဟု ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

weekly eleven သတင်း ၀က်ဆိုက်ဒ်ကို hackerများမှ မကြာခဏ ၀င်ရောက် တိုက်ခိုက်ခံရကြောင်း နှင့် ဖေဖော်ဝါရီ လဆန်းပိုင်းတွင်လည်း The voice ဂျာနယ်၏ ၀က်ဆိုက်ဒ် တိုက်ခိုက်ခံခဲ့ရကြောင်း သတင်းများရ အသိရှိရသည်။

(မြစ်မခ)

မြန်မာနိုင်ငံ၊ ပြည်တွင်းဝက်ဆိုင်ဒ်များ တိုက်ခိုက်ခံရခြင်းသည် ၀က်ဆိုဒ်လုံခြုံရေးထက် ဒီဇိုင်းကို ပိုမိုဦးစားပေး လုပ်ဆောင်ခြင်းကြောင့် လုံခြုံရေးပိုင်း အားနည်းချက်များရှိပြီး တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။
ဝက်ဆိုက်ဒ် တည်ထောင်လိုသူများအနေဖြင့် ၀က်ဆိုက်ဒ် တည်ဆောက်သူ၏ ဖန်တီးခြင်းကို သိရှိနားလည်ရမည်ဖြစ်ပြီး အခြား Hackerများ၏ တိုက်ခိုက်ခြင်းကို မခံရစေရန် ၀က်ဆိုဒ်၏ Version အသစ်ထွက်တိုင်း မြှင့်တင်ပေးရန်လိုအပ်ကြောင်း ၊ Scanning ဖတ်ခြင်းကိုလည်း အမြဲပြုလုပ်သင့်ကြောင်း ၀က်ဆိုက်ဒ်တည်ထောင်သူပညာရှင်တဦးက အကြံပြုပြောဆိုသည်။

“၀က်ဆိုဒ် တစ်ခုကိုတည်ထောင် မယ်ဆိုရင် ပြုလုပ်လိုက်တဲ့ ၀က်ဆိုဒ် က CMS(Joomla, Wordpress) အမျိုးအစားဆို ပါတော့ ဗားရှင်းကို အမြဲ အဆင့်မြင့် ပေးနေဖို့လိုအပ်ပါတယ်။ ဆိုဒ်ကိုလည်း အမြဲ Scanning လုပ်နေသင့်ပြီး အားနည်းချက်ဖြစ်နေတဲ့ Plug in မျိုးတွေကို ရှောင်ရှားသင့်ပါတယ်။ ” ဟု ၀က်ဆိုက်ဒ် တည်ထောင်သူ တစ်ဦးက ပြောသည်။

ဝက်ဆိုက်ဒ်များ၏ လုံခြုံရေးအားနည်းချက်နှင့် ပတ်သက်ပြီး ၀က်ဆိုက်ဒ် အမျိုးအစားအလိုက် မည်သည့်အားနည်းချက်ရှိနေ သည်ကို ဂူဂဲလ်တွင် exploits-db ရိုက်ထည့်၍ ရှာခြင်းအားဖြင့် သိရှိနိုင်ကြောင်း ၄င်းက ဆက်လက်ပြောသည်။

ကုမ္ပဏီများနှင့် စီးပွားရေးလုပ်ငန်းများအနေဖြင့် ၀က်ဆိုက်ဒ်တစ်ခုတည်ထောင်မည်ဆိုပါက ၀က်ဆိုက်ဒ် ဒီဇိုင်းကို ဦးစားမပေးဘဲ လုံခြုံရေးအနေဖြင့် Ethical Hacker Group နှင့် www.mmcert.org.mm

တို့တွင် ဆွေးနွေးကာ အကြံဥာဏ်တောင်းနိုင်ကြောင်း အစိုးရပိုင်းမှ ၀က်ဆိုက်ဒ်တည်ထောင်သူတစ်ဦးက ဆိုသည်။

“ မြန်မာနိုင်ငံမှာ လုံခြုံရေး ပိုင်း အတွက် အကြံပေးတဲ့ Ethical Hacker Group တွေ ၊ Security Office တွေလည်းရှိတယ် ၊ www.mmcert.org.mm

လည်းရှိတယ် အဲ့ဒီမှာ အကြံဥာဏ်တောင်းပြီး ၀က်ဆိုက်ဒ် မ hack ခံရအောင် ဆွေးနွေးနိုင်တယ်” ဟု အစိုးရပိုင်းမှ ၀က်ဆိုက်ဒ်တည်ထောင်သူ တစ်ဦးက ပြောသည်။

ဝက်ဆိုက်ဒ်များကို တိုက်ခိုက်သူတို့သည် ၀က်ဆိုက်ဒ်တည်ထောင်သူများကို နစ်နာလိုခြင်းမရှိဘဲ ၄င်းတို့ ၀က်ဆိုဒ်တွင် လုံခြုံရေး အားနည်းချက်ရှိသည်ကို သိရှိကြပြီး ပြန်လည်ပြင်ဆင်နိုင်ရန်အတွက် အသိပေးခြင်းသဘောမျိုးသာ ရည်ရွယ်သည်ဟု Blink Hacker Group မှ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“မြန်မာနိုင်ငံမှာ ၀က်ဆိုဒ် လုံခြုံရေး ပေါက်သွားခဲ့ရင် အပြစ်တင်ဖို့ ကို အရင်လုပ်တယ်။ ဘယ်လို လုပ်သွား
တာလဲ ၊ ဘယ်နေရာ က ၀င်သွားတာလဲ ဆိုပြီး မေးတဲ့လူ ရှားပါတယ် ။ ကျွန်တော် တို့ မြန်မာဆိုက်ဒ် တွေ တိုက်ခိုက်တယ်ဆိုတာက လုံခြုံရေးအားနည်း ချက်ကို ထောက်ပြချင်လို့ပါ “ဟု Blink Hacker Group မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၁၂ခုနှစ်ခန့်က ပုဂ္ဂလိက လုပ်ငန်းရှင်များ လုပ်ကိုင်သည့် သတင်းမီဒီယာများ၊ မြန်မာ့ဟို

တယ်နှင့် ခရီးသွားလုပ်ငန်း ၀က်ဆိုက်ဒ်ကို တိုက်ခိုက်ခြင်းခံရခြင်းကြောင့် ၀က်ဆိုက်ဒ်ပေါ် သတင်းအချက်
အလက်များ တင်ခြင်းများကို ခေတ္တရပ်နားခဲ့ရသည်ဟု သိရှိရသည်။

“၀က်ဆိုက်ဒ် တိုက်ခိုက်ခံရတယ်လို့ပဲပြောရမလား Hack ခံရတယ်ဘဲ ပြောရမလားhackခံရတော့ကျွန်တော်

တို့ လုပ်ငန်းနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ တင်မရတော့ဘူး ၊ ပြည်သူတွေလည်း သတင်း
ဝင်ပြီး ကြည့်မရတော့ဘူး အဲ့ဒါကြောင့် စိတ်ကသိကအောက်ဖြစ်ရတယ် “ ဟု ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

weekly eleven သတင်း ၀က်ဆိုက်ဒ်ကို hackerများမှ မကြာခဏ၀င်ရောက်တိုက်ခိုက်ခံရကြောင်း နှင့် ဖေဖော်

ဝါရီ လဆန်းပိုင်းတွင်လည်း The voice ဂျာနယ်၏ ၀က်ဆိုက်ဒ် တိုက်ခိုက်ခံခဲ့ရကြောင်း သတင်းများရ အသိရှိ
ရသည်။

(မြစ်မခ)

No comments:

Post a Comment