Pages

Pages - Menu

Sunday, January 27, 2013

တင်ပါးကြီးကြီး ဝဝဖီးဖီးအဖြစ်သာ ပျော်ရွှင်ကျေနပ်နေသူ

တင်ပါးကြီးကြီး ဝဝဖီးဖီးအဖြစ်သာ ပျော်ရွှင်ကျေနပ်နေသူ

တင်ပါး အလွန်ကြီးကြီးနှင့် ကိုယ်အလေးချိန် (၄၂၀)ပေါင်ထိ ရှိနေသော်လည်း သူမအနေဖြင့် ဝိတ်လျှော့ရန် စိတ်ကူး မရှိသေးကြောင်း မစ်ကယ်လ် ရူဖီနယ်လီက ပြောကြားလိုက်သည်။ ကလေး(၄)ဦး၏ မိခင်ဖြစ်သော အသက်(၃၉)နှစ်အရွယ် မစ်ကယ်လ်သည် အရပ် (၅)ပေနှင့် (၄)လက်မသာ ရှိသော်လည်း ခန္ဓာကိုယ် အဆမတန် ဝဖြိုးလျှက် ရှိနေသည်။
အထူးသဖြင့် သူမ၏ တင်ပါးမှာ အလွန်ကြီးမား ဆူဖြိုးလျှက် ရှိနေသည်။ အမေရိကန်နိုင်ငံ၊ လော့စ်အန်ဂျလိစ်တွင် နေထိုင်သော အမျိုးသမီး၏ ခန္ဓာကိုယ် လုံးပတ်သည် သူမ၏ အရပ်ထက်ပင် ပိုမို ပမာဏ များပြားနေသည်။ သူမ၏ အဝလွန်မှုအတွက် စိုးရိမ်သူများက သတိပေးခဲ့သော်လည်း သူမကိုယ်တိုင်ကမူ လက်ရှိ အနေအထားကို ပျော်ရွှင်နေကြောင်း မစ်ကယ်လ်က ကျေကျေနပ်နပ် ပြောဆိုခဲ့သည်။



"ကျွန်မရဲ့ အချိုးအစားကို ကျွန်မကိုယ်တိုင် သဘောကျတယ်။ ကျွန်မ အစားလျှော့ဖို့ မလိုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မဆီမှာ ကျန်းမာရေး ပြဿနာ ဘာမှ မရှိလို့ပါ"ဟု မစ်ကယ်လ်က ဆိုသည်။ သူမ၏ ခါးမှာ လုံးပတ် လက်မ(၄၀) ရှိနေသော်လည်း ခန္ဓာကိုယ် အချိုးအစားနှင့် ယှဉ်လျှင် သွယ်လျသကဲ့သို့ ဖြစ်နေသည်။ "ယောက်ျားတွေက ပိန်ကပ်ကပ် မိန်းကလေးတွေကို မကြိုက်ကြဘူးရှင့်။ သူတို့က နေနာရီလို ပုံစံမျိုးကို သဘောကျကြတာ"ဟုလည်း မစ်ကယ်လ်က ပြောဆိုခဲ့သေးသည်။



မစ်ကယ်လ်၏ တင်ပါးမှာ အလွန် ကြီးမားလွန်းသဖြင့် သူမသည် သာမန် မော်တော်ကားကို မမောင်းနှင်နိုင်ဘဲ ထရက်ကား တစ်စင်းကို အသုံးပြုရသည်။ သူမ၏ တင်ပါးလုံးပတ်သည် (၈)ပေမျှ ရှိနေသဖြင့် ကမ္ဘာပေါ်တွင် တင်ပါး အတုတ်ဆုံးဟု ဆိုရမည် ဖြစ်သည်။ အသက်(၄၀)အရွယ် ခင်ပွန်းသည် ရက်ဂျီဘရွတ်ခ်မှာ ကွန်ပျူတာ ပညာရှင် တစ်ဦးဖြစ်ပြီး မစ်ကယ်လ်နှင့် သာယာချမ်းမြေ့သော အိမ်ထောင် တစ်ခုကို တည်ထောင်ထားသည်။ မစ်ကယ်လ် ကိုယ်တိုင်မှာလည်း Big Beautiful Women ဝက်ဘ်ဆိုက်အတွက် တစ်ကြိမ် ကိုယ်ဟန်ပြ ဓာတ်ပုံအရိုက်ခံလျှင် ဒေါ်လာတစ်ထောင်မျှ ရရှိနေကြောင်း သိရသည်။



မစ်ကယ်လ်သည် နေအိမ်တွင် (၇)ပေ ကျယ်သော အိပ်ရာ၌ အိပ်ရပြီး သူမထိုင်ရန်အတွက် သံမဏိ ထောက်တိုင်များဖြင့် ထောက်ကန်ထားရသော ကုလားထိုင်များ စီစဉ်ပေးထားရသည်။ မစ်ကယ်လ်က သူမသည် လွန်ခဲ့သည့် (၁၀)နှစ်က လက်ထပ်ခဲ့သော ခင်ပွန်းသည် ရက်ဂျီကို သူမ၏ ထူးခြားသော ခန္ဓာကိုယ် ဖွဲ့စည်းပုံနှင့် ဆွဲဆောင် ဖမ်းစားနိုင်ခဲ့ကြောင်းလည်း ပြောကြားထားသည်။ မစ်ကယ်လ်သည် ဆယ်ကျော်သက် ဘဝကမူ ကိုယ်အလေးချိန် ပေါင်(၁၄၀)မျှသာ ရှိခဲ့သည်။

မစ်ကယ်လ်သည် ယခင်ချစ်သူဟောင်းနှင့် အသက်(၂၂)နှစ် အရွယ်တွင် ကလေးတစ်ဦး စတင်ရရှိခဲ့ပြီး ယခုအခါ ယင်းသားငယ် အင်ဒရူးမှာ အသက်(၁၉)နှစ်ပင် ရှိနေပြီ ဖြစ်သည်။ မစ်ကယ်လ်သည် စိတ်ပညာ အထူးပြုဖြင့် ဘွဲ့ရထားပြီး လက်ရှိတွင် ကျန်းကျန်းမာမာပင် ရှိနေသည်။ တစ်နေ့လျှင် ကီလိုရီ (၃၀၀၀)စာမျှ အစာအာဟာရများ စားလေ့ရှိသည် မစ်ကယ်လ်က "သူများအတွက်တော့ ဒီအာဟာရ ပမာဏက အများကြီးလို ဖြစ်နေလိမ့်မယ်။ ဒါပေမဲ့ ကျွန်မလို ကိုယ်လုံးကိုယ်ပေါက်မျိုးနဲ့ ကျတော့ ဒါက အရမ်းကြီး မဟုတ်ပါဘူး"ဟုလည်း ဆိုသည်။

သူမက Big Beautiful Women ဝက်ဘ်ဆိုက်နှင့် အတူတွဲ အလုပ်လုပ်ခဲ့သည့်နောက် မိမိကိုယ်ကိုယ် ယုံကြည်မှု တိုးပွားလာကြောင်းလည်း ဖွင့်ဟခဲ့သည်။ "ဓာတ်ပုံရိုက်ရင် ကျွန်မက အတွင်းခံတွေနဲ့ အများဆုံး ကိုယ်ဟန်ပြရတယ်။ ကျွန်မအတွက် အဝတ်အစား ချုပ်ပေးတဲ့ အပ်ချုပ်သမ (၂)ယောက် ရှိတယ်လေ။ ကျွန်မအတွက် အပေါ်ပိုင်း ဝတ်ဖို့က လွယ်လွယ် ရှာလို့ရတယ်။ ဒါပေမဲ့ ခန္ဓာကိုယ် အောက်ပိုင်းအတွက် ဆိုရင်တော့ အမြဲတမ်းလိုလို ပြဿနာ တက်ရတော့တာပါပဲ"ဟု မစ်ကယ်လ်က သူမ၏ အခက်အခဲကို ညည်းညူသွားခဲ့သည်။

Source: DailyMail

No comments:

Post a Comment