Pages

Pages - Menu

Tuesday, December 11, 2012

Software Application များနဲ့ Mobile Application များကို တစ်နေရာတည်းတွင် စုစုစည်းစည်း ဖော်ပြပေးထားတဲ့ Appexpo 2013 ပြပွဲကြီး ရန်ကုန်မြို့ MICT Part တွင် ကျင်းပမည်


Software Application များကို တစ်နေရာတည်းတွင် တွေ့ရှိနိုင်ရန်အတွက် AppeXpo 2013ကိုကျင်းပမည်ဖြစ်
ကြာင်း ကျင်းပရေးကော်မတီမှ တာဝန်ရှိသူကပြောသည်။ လာမည့် ဇန်န၀ါရီလ ၈ ရက် နေ့မှ ၉ ရက်နေ့အထိ MICTDC ပင်မဆောင်တွင် ကျင်းပမည်ဖြစ်သည်။

ဦးသန့်အရေးအခင်း အင်အားသုံးဖြိုခွင်းမှု ဦးတင်ဦး တောင်းပန်

ဦးသန့်အရေးအခင်း အင်အားသုံးဖြိုခွင်းမှု ဦးတင်ဦး တောင်းပန်

11.12.2012
လွန်ခဲ့တဲ့ ၃၈ နှစ်က ဖြစ်ပွားခဲ့တဲ့ ဦးသန့်ဈာပန အရေးအခင်းမှာ ရဟန်း၊ ရှင်၊ လူ၊ ကျောင်းသားတွေကို အင်အားသုံး နှိမ်နှင်းခဲ့တာနဲ့ ပတ်သက်ပြီး အဲဒီအချိန်တုန်းက ကာကွယ်ရေး ဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ NLD ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးက သူ့မှာ တာဝန်ရှိတဲ့အကြောင်းနဲ့ စိတ်မကောင်းဖြစ်မိတဲ့အကြောင်း ဒီနေ့ ရန်ကုန်၊ မရမ်းကုန်းမြို့နယ် ပေါက်စေတီ ကျောင်းတိုက်မှာ ကျင်းပတဲ့ ဦးသန့်အရေးလှုပ်ရှားမှု (၃၈) နှစ်ပြည့် အခမ်းနားမှာ ပြောသွားပါတယ်။ 

ပွင့်လင်းမှု တစုံတရာရှိလာတဲ့ နိုင်ငံရေးအခြေအနေ အခင်းအကျင်းတွေကြားမှာပဲ အရင် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီနဲ့ စစ်အစိုးရတွေ လက်ထက် နှိမ်နှင်းဖြိုခွဲခံခဲ့ရတဲ့ ကျောင်းသား လှုပ်ရှားမှုတွေအတွက် အောက်မေ့ဖွယ် အခမ်းအနားတွေ၊ အထိမ်းအမှတ် လှုပ်ရှားမှုတွေ မကြာခဏ ဆိုသလို ပေါ်လာခဲ့ပါတယ်။ အဲဒီအထဲက ဦးသန့်ဈာပနအရေးတော်ပုံလို့ သတ်မှတ်ခေါ်ခဲ့ကြ တဲ့ နိုင်ငံရေး လှုပ်ရှားမှုကတော့ ကုလသမဂ္ဂ အထွေထွေ အတွင်း ရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ ရုပ်အလောင်း မြန်မာနိုင်ငံကို ပြန်ပြီးအရောက် ၁၉၇၄ ခုနှစ်က ဖြစ်ပွားခဲ့တာပါ။

ကုလသမဂ္ဂကို ဦးဆောင်သူ ရှားရှားပါးပါး မြန်မာနိုင်ငံသားတယောက်ရဲ့ ရုပ်အလောင်း တိုင်းပြည် ကို ပြန်သယ်လာတဲ့အချိန်- ရဟန်းရှင်လူ ပြည်သူတွေ သောင်းသောင်ဖျဖျ ကြိုဆိုခဲ့ပေမယ့် အစိုးရတာဝန်ရှိသူတွေဘက်က ပျက်ကွက်ခဲ့တဲ့အကြောင်းတွေကို အခမ်းအနားမှာ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးက ပြောဆိုသွားပါတယ်။

“သံဃာတော် အရှင်သူမြတ်များနဲ့တကွ ပြည်သူများအားလုံးဟာ ကြိတ်ကြိတ်တိုး၊ စည်ကား…ပြီးတော့ ဂုဏ်ပြုနေတာကို ကျနော်တို့ ကြားရပါတယ်။ ဒါပေမဲ့လို့ အစိုးရအဖွဲ့အစည်းက ရှိနေတဲ့ပုဂ္ဂိုလ် တစ်ဦးတစ်လေမှ သွားရောက်ပြီး ကြိုဆိုခြင်း မဖြစ်ခဲ့ပါဘူး။ မဖြစ်ရတဲ့ အကြောင်းကလည်း သိတဲ့ အတိုင်းပဲ၊ တပါတီအာဏာရှင်စနစ်ဖြစ်တဲ့အတွက် မျက်နှာတစ်ခုတည်းကိုကြည့်ပြီး အလုပ်လုပ်ရတဲ့ ဟာကြောင့် အားလုံး ပုဂ္ဂိုလ်တွေရဲ့ မျက်နှာကို ကြည့်ပြီးတော့မှ သတ္တိရှိတဲ့လူ၊ သတ္တိပြောင်တဲ့လူ မထွက်ခဲ့နိုင်ပါဘူး။ အဲဒီတော့ - အဲဒီလို ကြိုဆိုနေတုန်းမှာ --- ပြည်သူလူထုကပဲ ခမ်းခမ်းနားနား သင်္ဂြိုဟ်မယ်၊ နောက်ပြီးတော့ ဦးခန့်ခေါင်းဆောင်တဲ့ သူ့ရဲ့ ဆွေမျိုးသားချင်းများကလည်းပဲ စုဝေးပြီးတော့ သိုက်သိုက်မြိုက်မြိုက်ဖြစ်အောင် လုပ်မယ်-ဆိုတဲ့ အသံတွေကြားတယ်၊ ပြီးတော့ သင်္ဂြိုဟ်ဖို့ နေရာတောင်းတဲ့အခါမှာလည်း ကြံတောသင်္ချိုင်းကိုပဲ ပို့မယ်၊ သင်္ဂြိုဟ်မဲ့နေရာ သတ်မှတ် တာကလည်းပဲ ဒေါ်ခင်မေသန်းအတွက် သတ်မှတ်ထားတဲ့နေရာ အကွက်ဘေးမှာ သတ်မှတ်ပေးမယ် ဆိုတာကို ထပ်မံကြားကြရပြန်တော့ ပြည်သူလူထုရဲ့စိတ်ထဲမှာ ကြိမ်မီးအုံးသလို ဖြစ်ပြီးတော့ ပိုပြီး ဆူပူလှုပ်ရှားလာတာ ဖြစ်ပါတယ်။”

ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးဟာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ဖွဲ့စည်းခဲ့တဲ့ အစိုးရအဖွဲ့ရဲ့ ဦးသန့်ဈာပန အခမ်း အနားကျင်းပရေး ကော်မတီ အဖွဲ့ဝင် ၁၅ ယောက်ထဲက တယောက်ဖြစ်ပါတယ်။ သူနဲ့အတူ အဖွဲ့ဝင် ၁၄ ယောက်က ဦးသန့်ဈာပနကို နိုင်ငံတော်ဈာပနအဖြစ် ကျင်းပဖို့ သဘောတူ တင်ပြခဲ့ပေမယ့် အဲဒီအချိန် ဗိုလ်ချုပ်ကြီးဟောင်း ဦးနေ၀င်းက- “မင်းတို့လုပ်ချင်လုပ်၊ ငါတော့ မလုပ်ဘူး”- ဆိုတဲ့ စကားကြောင့် အစီအစဉ် အထမမြောက်ခဲ့ဘူးလို့ ဆိုပါတယ်။

ဦးသန့်ဈာပနဖြစ်မြောက်ရေး တောင်းဆိုလှုပ်ရှားသူတွေကို နှိမ်နှင်းတဲ့အချိန်၊ အဲဒီအချိန်က ရဟန်းရှင်လူ၊ ကျောင်းသား ၅,၀၀၀ လောက်ကို အင်းစိန်ထောင်ထဲကို ဖမ်းဆီး ပို့ဆောင်ခဲ့တယ်လို့ ဦးတင်ဦးက ခန့်မှန်းပါတယ်။

“တာဝန်ကို ကျနော် မရှောင်ပါဘူး။ ပေးတဲ့တာဝန်ကို ထမ်းဆောင်ရတာ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ ဒီကိစ္စနဲ့ပတ်သက်လို့ ပထမဦးဆုံး ကျနော် ပြောတဲ့စကားဟာ အင်မတန်မှ ဝမ်းနည်းပါတယ်-လို့ ကျနော် ပြောရခြင်း ဖြစ်ပါတယ်။”

အခမ်းအနားမှာ ၇၄ ခုနှစ်၊ ဦးသန့်ဈာပန အရေးအခင်းတုန်းက နှစ်ရှည်ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရ သူ ကျောင်းသားဟောင်းတချို့နဲ့ သံဃာတော် တချို့လည်း တက်ရောက် မိန့်ခွန်းပြောဆိုခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟောင်း ဦးနုလက်ထက်က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်း ဌာနေ ကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့တဲ့ ဦးသန့်ဟာ ဧရာဝတီတိုင်း၊ ပန်းတနော်ဇာတိဖြစ်ပြီး ကမ္ဘာ့ တတိယမြောက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အဖြစ် ၁၉၆၂ ခုနှစ်မှာ တရားဝင် အရွေးချယ် ခံခဲ့ရပါတယ်။ သက်တမ်းနှစ်ကြိမ် စုစုပေါင်း (၁၀) နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့ပါတယ်။

မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်းလက်ထက်က ဦးသန့်ကို မြန်မာနိုင်ငံအတွက် ထူးခြားတဲ့ သမိုင်းဝင်ခေါင်းဆောင်တယောက်အဖြစ် ဂုဏ်ပြုဖို့ ပျက်ကွက်ခဲ့ပေမဲ့လည်း နောက်ပိုင်းခေတ်တွေမှာတော့ ဦးသန့်နဲ့ပတ်သက်တဲ့ အမှတ်တရ လှုပ်ရှားမှုတွေ၊ သူ့အကြောင်း စာအုပ်စာတမ်းတွေနဲ့ သူ့အတွက် စာကြည့်တိုက် ထူထောင်တာမျိုးတွေ ပေါ်လာခဲ့ပါတယ်။

မြန်မာအစိုးရ သမ္မတဦးသိန်းစိန် ပြီးခဲ့တဲ့စက်တင်ဘာလက ကုလသမဂ္ဂအထွေထွေ ညီလာခံ မှာ ပြောကြားတဲ့ မိန့်ခွန်းမှာလည်း မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေအနေနဲ့ ဦးသန့်ရဲ့ဆောင်ရွက်ချက်နဲ့ အောင်မြင်မှုတွေကို ဘယ်တော့မှ မေ့ပျောက်သွားမှာ မဟုတ်တဲ့အကြောင်း ထည့်သွင်း ပြောဆိုသွားခဲ့ပါသေးတယ်ခင်ဗျ။
VOA

မြက်များဖုံးလွှမ်းနေသည့် ဦးသန့် ဂူဗိမာန်အား ၂၀၀၈ ခုနှစ်က မြင်ကွင်း။
မြက်များဖုံးလွှမ်းနေသည့် ဦးသန့် ဂူဗိမာန်အား ၂၀၀၈ ခုနှစ်က မြင်ကွင်း။
လွန်ခဲ့တဲ့ ၃၈ နှစ်က ဖြစ်ပွားခဲ့တဲ့ ဦးသန့်ဈာပန အရေးအခင်းမှာ ရဟန်း၊ ရှင်၊ လူ၊ ကျောင်းသားတွေကိုအင်အားသုံး
နှိမ်နှင်းခဲ့တာနဲ့ ပတ်သက်ပြီး အဲဒီအချိန်တုန်းက ကာကွယ်ရေး ဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ NLD ဒုဥက္ကဋ္ဌ ဗိုလ်
ချုပ်ကြီးဟောင်း သူရဦးတင်ဦးက သူ့မှာ တာဝန်ရှိတဲ့အကြောင်းနဲ့ စိတ်မကောင်းဖြစ်မိတဲ့အကြောင်း ဒီနေ့ ရန်ကုန်၊ မရမ်းကုန်းမြို့နယ် ပေါက်စေတီ ကျောင်းတိုက်မှာ ကျင်းပတဲ့ ဦးသန့်အရေးလှုပ်ရှားမှု (၃၈) နှစ်ပြည့် အခမ်းနားမှာ
 ပြောသွားပါတယ်။

တစ်ကိုယ်ရေ ကျန်းမာရေးအတွက် Nike မှထုတ်သော သားရေကွင်း (Nike+ FuelBand)

တစ်ကိုယ်ရေ ကျန်းမာရေးအတွက် Nike မှထုတ်သော သားရေကွင်း (Nike+ FuelBand) 

ယခုနှစ် ဧပြီလက စတင်လို့ ကမ္ဘာတစ်လွှားကို ဖြန့်ချိခဲ့တဲ့ တစ်ကိုယ်ရေ ကျန်းမာရေး ထိန်း ပစ္စည်း -သရေကွင်း- Nike+ FuelBand  ဖြစ်ပါ တယ်။ မြန်မာပြည် မှာ ခေတ်မစားပေမယ့် ကမ္ဘာတစ်လွှားမှာတော့ အရောင်းသွက်တဲ့ ပစ္စည်း ဖြစ်ပါတယ်။ 

အရောင်းသွက်လို့ နောက်ထပ်အရောင်နှစ်မျိုးတောင် လာမယ့် အောက် တိုဘာ ၃၀ ကနေ စတင်ဖြန့်ချိပေးအုံးမှာ ဖြစ်ပါ တယ်။ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၁၄၉ ဒေါ်လာဝန်းကျင် ရှိပါတယ်။

သားရေကွင်းရယ်လို့မဟုတ်ပဲ နာရီလို့လည်း သတ်မှတ်နိုင်ပါတယ်။ LED မျက်နှာပြင်ကို အကွင်း အပြားသေးသေးလေးမှာ ထည့်သွင်းပေးထားပါ တယ်။ နာရီကြည့်လို့ရပါမယ်။ တစ်နေ့တာ လှုပ်ရှားမှုများကို ဒီဂျစ်တယ် ဂဏန်းတွေနဲ့ ပြပါမယ်။ မျက်နှာပြင်သေးတဲ့ အတွက် အားလုံးတော့ မမြင်ရပါ ဘူး။ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းတို့နဲ့ ကြည့်မှ အားလုံး မြင်ရတာ ဖြစ်ပါတယ်။ 

ကယ်လိုရီလောင်ကျွမ်းမှုနှုန်း၊ လမ်းလျှောက်မှု ပမာဏ၊ အချိန်၊ ကုန်ခမ်းသွားသော ကိုယ်ခန္ဓာ စွမ်းအင် ပမာဏ စတဲ့ လေးမျိုးကို အဓိကထား ဖော်ပြပါတယ်။ ယင်းနောက် ပမာဏအားလုံးကို တွက်ချက်ပြီ လမ်းဘယ်လောက်လျှောက်သင့်တယ်။ ဘယ်လို အစားအစာများကို ပိုမို စားသုံးသင့်တယ်။ ကယ်လိုရီ ဘယ်လောက်လိုတယ် စတာတွေကို တွက်ချက် အကြံပေးမှာ ဖြစ်ပါတယ်။ Nike ရဲ့  Fuel Band official ဝဘ်ဆိုဒ်မှာလည်း Share ပေးပါတယ်။ Fuel Band မှာ ဘလူးတော့ ပါဝင်ပါတယ်။ 

ဒါကြောင့် လမ်းလျှောက်နေစဉ်လည်း မိုဘိုင်းဖုန်းဖွင့်ပြီး App ကတစ်ဆင့် ဝင်ရောက် ကြည့်ရှု မှတ်သားနိုင်ပါတယ်။ Android, iOS, Windows Phone OS စတာတွေအတွက် Fuel Band App ပါရှိပါတယ်။ PC ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီး ကြည့်ရှုဖို့လည်း USB ပေါက် နဲ့ ကြိုးလည်း ပါဝင်ပါသေးတယ်။ 

အမှန်တော့ ဒီလို ပစ္စည်းက ဇိမ်ခံပစ္စည်းဖြစ်ပါတယ်။ ကျန်းမာရေးအတွက် အထောက်အကူပြုရန် ပစ္စည်းအနေနဲ့ အားကစား ပစ္စည်းထုတ် Nike မှ နည်းပညာ အကူအညီနဲ့ ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။ 

ခန္ဓာကိုယ်ရဲ့ တစ်နေ့တာ လှုပ်ရှားမှုကို မှတ်သားပြီးအမြဲ Fit ဖြစ်နေ ရန် စောင့်ကြည့် လမ်းညွန်ပေးမယ့် ပစ္စည်းတစ်ခုလို့ ဆိုပါတယ်။ 

Nike+ FuelBand ဟာ ဧပြီလက စတင်လို့ယနေ့တိုင် အဝယ်လိုက်နေတဲ့ ပစ္စည်း တစ်ခုဖြစ်ပြီး Nike ရဲ့  Official ဝဘ်ဆိုဒ်မှာ ဝင်ရောက် လေ့လာနိုင် ပါတယ်။ 

http://store.nike.com/us/en_us/?l=shop,fuelband

မြန်မာပြည်မှာလည်း ရရှိနိုင်ပါပြီ။ Fuel Band တစ်ကွင်းကို မြန်မာကျပ်ငွေ ၁သိန်း၈ သောင်းနဲ့ www.ads.com.mm မှာဖော်ပြထားတာ တွေ့ရပါတယ်။ စိတ်ပါဝင်စားလို့ အွန်လိုင်းကနေ ဆက်သွယ်မှာယူ လိုသူများ အောက်ပါလခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။ 

http://www.ads.com.mm/for-sale/mobile-phones-phone-accessoires/iphone/18061.html
---
--
http://www.innewsmyanmar.com/2012/12/nike-nike-fuelband.html
--
----

ယခုနှစ် ဧပြီလက စတင်လို့ ကမ္ဘာတစ်လွှားကို ဖြန့်ချိခဲ့တဲ့ တစ်ကိုယ်ရေ ကျန်းမာရေး ထိန်း ပစ္စည်း -သရေကွင်း- 
Nike+ FuelBand ဖြစ်ပါ တယ်။ မြန်မာပြည် မှာ ခေတ်မစားပေမယ့် ကမ္ဘာတစ်လွှားမှာတော့ အရောင်းသွက်တဲ့ ပစ္စည်း ဖြစ်ပါတယ်။

မအူပင်မြို့မရဲစခန်းမှ အချုပ်သား ၃ ဦးထွက်ပြေး

မအူပင်မြို့မရဲစခန်းမှ အချုပ်သား ၃ ဦးထွက်ပြေး

December 11, 2012Home, သတင်း 

မအူပင်မြို့နယ် ကမ်းနားလမ်း(အောင်) အပေါင်ဆိုင်တွင် (ဗိုလ်မှူးအတုက သေနတ် အတု နှင့် ရွှေအတု ကို လိမ်လည်ပေါင်နှံသူများဟု စွပ်စွဲခံ၇၍ မအူပင်မြို့မ ရဲစခန်းတွင် ပြစ်မှုအမှတ် ပ/၁၇၂ (၂၀၁၂) ပုဒ်မ ၄၂၀ /၁၇၀/၁၄၀/၃၄/အရ အရေးယူ စစ်ဆေးနေဆဲ ဖြစ်သည့် (မြင့်နိုင်ဦး ၊ ခင်မောင်တင် ၊ ကျော်လွင်ဦး ၊ ကြူဇင်) တို့ (၄) ဦးအနက်မှ (မြင့်နိုင်ဦး ၊ ခင်မောင်တင် ၊ ကျော်လွင်ဦး ) တို့ (၃) ဦးသည် (၉.၁၂.၁၂) နေ့နက်က ရဲအချုပ်ခန်းမှ ထွက်ပြေးသွားကြောင်း သိရှိရပါသည်။ သို့ပါ၍ ဖော်ပြပါ ဓာတ်ပုံတွင် ပါရှိသူများကို ပြည်သူများအနေ နှင့် တွေ့ရှိပါက နီးစပ်ရာ ရဲစခန်း နှင့် တာဝန်ရှိသူများ ထံ (သတင်းပေးပို့)ဆက်သွယ် ကူညီနိုင်ပါရန် သက်ဆိုင်၇ာ က နိုးဆော်ထားကြောင်း သတင်းရရှိပါသည်။

ခြိမ့်နိုင်


အေးချမ်းမွန်မှ  The Hot News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။


December 11, 2012

မအူပင်မြို့နယ် ကမ်းနားလမ်း(အောင်) အပေါင်ဆိုင်တွင် (ဗိုလ်မှူးအတုက သေနတ် အတု နှင့် ရွှေအတု ကို လိမ်
လည်ပေါင်နှံသူများဟု စွပ်စွဲခံ၇၍ မအူပင်မြို့မ ရဲစခန်းတွင် ပြစ်မှုအမှတ် ပ/၁၇၂ (၂၀၁၂) ပုဒ်မ ၄၂၀ /၁၇၀/၁၄၀/၃၄
/အရ အရေးယူ စစ်ဆေးနေဆဲ ဖြစ်သည့် (မြင့်နိုင်ဦး ၊ ခင်မောင်တင် ၊ ကျော်လွင်ဦး ၊ ကြူဇင်) တို့ (၄) ဦးအနက်မှ (မြင့်နိုင်ဦး ၊ ခင်မောင်တင် ၊ ကျော်လွင်ဦး ) တို့ (၃) ဦးသည် (၉.၁၂.၁၂) နေ့နက်က ရဲအချုပ်ခန်းမှ ထွက်ပြေးသွား
ကြာင်း သိရှိရပါသည်။

မမျော်လင့်ပဲသေဆုံးသွားပြီးဖြစ် တဲ့ဇနီးကိုသချိုင်းကနေအိမ်ကိုပြန်သယ်လာတဲ့ အချစ်ရှူးသမား

မမျော်လင့်ပဲသေဆုံးသွားပြီးဖြစ်တဲ့ဇနီးကိုသချိုင်းကနေအိမ်ကိုပြန်သယ်လာတဲ့ အချစ်ရှူးသမား

11/12/2012

အမေရိကန်နိုင်ငံ Arizona က Jeff Greenဆိုတဲ့ အသက် ၃၂ နှစ် အရွယ်ရှိ လူတစ်ယောက်ရဲ့ ဇနီးဖြစ်သူ Lucy ဟာနှလုံးရောဂါနဲ့ ဆုံးပါးသွားခဲ့ပါတယ်..။ 
သူဟာ သူ့မိန်းမကို အရမ်းချစ်လွန်းပြီးသိပ်ကို ခံစားခဲ့ရပါတယ်..၊ နောက်ဆုံးတော့ သူဟာ သာမန်လူသားတွေ လုပ်ဖို့ မစဉ်းစားရဲတဲ့ မိုက်မဲတဲ့ လုပ်ရပ်တစ်ခုကို လုပ်ခဲ့ပါတယ်..၊ အဲဒါကတော့သေဆုံးသူ သူ့ဇနီးကို သချိုင်းကနေ အိမ်ကို ပြန်သယ်လာတာပဲ ဖြစ်ပါတယ်။

Lucy မသေဆုံးမီ Jeff Green ကို "ငါတို့ ကောင်းကဘုံမှာ ပြန်ဆုံရအောင်" လို့ပြောခဲ့ပါတယ်.။

 ဒီစကားက Jeff ရဲ့ ခံစားချက်တွေကို နှစ်သိမ့်နိုင်စွမ်းမရှိခဲ့ပါဘူး၊ အသုဘချတဲ့နေမှာ..၊ မျှော်လင့်ချက်ကင်းမဲ့တဲ့မျက်နှာနဲ့ Jeff ဟာLucy ကို သူ့စီကနေ ထွက်ခွာခွင့်မပြုဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။သူဟာ တာဝန်ရှိသူတွေနဲ့ စကားပြောခဲ့ပါတယ်..၊ သူ့ကိုတာဝန်ရှိသူတွေက မယုံကြည်နိုင်ခဲ့ပေမယ့်..၊ ပြင်းထန်လှတဲ့သှူ့ဆန္ဒကို မလွန်ဆန်နိုင်တာကြောင့် ထူးခြားနောက်ဆုံးတော့သူ့ဇနီးကို အိမ်ပြန်သယ်သွားနိုင်မယ့် အထူးခွင့်ပြုချက်ကို ပေးခဲ့ပါတယ်..၊

" ကျွန်တော့်ဇနီးကိုအိမ်မှာထားရတာက မြေအောက်၇ ပေ လောက်မှာ မြှပ်ရမှာထက်ပိုကောင်းပါတယ်၊Lucyဟာပျော်ရွှင်တတ်သူလည်း ဖြစ်တာေ ကြာင့် သူက ကျွန်တော့် ကော်ဖီစားပွဲဖြစ်ရတာ သူဝမ်းသာမှာပါ " လို့လည်းပြောခဲ့ပါတယ်..။

Jeff ဟာ အလောင်းကို မပျက်စီးစေမယ့် အထူးစီမံပြုလုပ်ထားတဲ့ ဖန်အခေါင်းတစ်လုံးကို ဒေါ်လာ ၆၀၀၀ လောက် အကုန် အကျခံကာ မှာယူခဲ့ပါတယ်။ တစ်ချို့ အပေါင်းအဖော်နဲ့ ဆွေမျိုးတွေဟာ.၊ ကြောက်လန့်ပြီး သူ့အိမ်ကို လာမလည်တော့ ပါဘူး..၊ 

ဒါပေမယ့် သူ့ခံစားချက်ကို နားလည်တဲ့ သူငယ်ချင်းအချို့ကတော့ လာလည်မြဲ လာလည်ကြပါတယ်၊ တစ်ချို့ဆိုရင် ဒီကော်ဖီစားပွဲဟာ အတော်ကောင်းကြောင်းကိုတောင်ချီးမွမ်းပြောဆိုသွားပါသတဲ့ဗျာ။

အမေရိကန်နိုင်ငံ Arizona က Jeff Greenဆိုတဲ့ အသက် ၃၂ နှစ် အရွယ်ရှိ လူတစ်ယောက်ရဲ့ ဇနီးဖြစ်သူLucyဟာ
လုံးရောဂါနဲ့ ဆုံးပါးသွားခဲ့ပါတယ်..။ သူဟာ သူ့မိန်းမကို အရမ်းချစ်လွန်းပြီးသိပ်ကို ခံစားခဲ့ရပါတယ်..၊ နောက်ဆုံး
တော့ သူဟာ သာမန်လူသားတွေ လုပ်ဖို့ မစဉ်းစားရဲတဲ့ မိုက်မဲတဲ့ လုပ်ရပ်တစ်ခုကို လုပ်ခဲ့ပါတယ်..၊ အဲဒါကတော့
သေဆုံးသူ သူ့ဇနီးကို သချိုင်းကနေ အိမ်ကို ပြန်သယ်လာတာပဲ ဖြစ်ပါတယ်။

ရက်ပ်ပါဂီတသမားများကို ပုတ်ခတ်ပြောဆိုသွားခဲ့သည့် Wanted အဖွဲ့မှ အဆိုတော်ဖော်ကာ သက်ဆိုင်သူများ အား တောင်းပန်ပါကြောင်း ယနေ့ပြောကြား

ရန်ကုန်၊ဒီဇင်ဘာ-၁၁

ဒီဇင်ဘာ ၇ ရက်တွင် ပြုလုပ်ခဲ့သည့် ဖျော်ဖြေပွဲတစ်ခုတွင် Wanted အဖွဲ့မှ အဆိုတော်ဖော်ကာ (Fokker)မှ စင်မြင့်

ထက်တွင် စီဒီနှင့်သီဆိုသူများအား ပုတ်ခတ်ပြောဆိုသွားသည့်အပေါ် ရက်ပ်ပါဂီတသမားများအကြား မကျေနပ် မှုများ အရှိန်ပြင်းထန်နေပြီး ယခုကဲ့သို့ ပြောကြားခဲ့ခြင်းအပေါ်သက်ဆိုင်သူများအား တောင်းပန်ပါကြောင်း Fokker
က ဒီဇင်ဘာ ၁၁ ရက်တွင် 7Day News သို့ ပြောသည်။

`၁၂ နှစ်သက်တမ်းရှိ ထားဝယ်တက္ကသိုလ် အဓိပတိလမ်း ပြင်ဆင်မှုစတင်´

Photo: `၁၂ နှစ်သက်တမ်းရှိ ထားဝယ်တက္ကသိုလ် အဓိပတိလမ်း ပြင်ဆင်မှုစတင်´

ထားဝယ်တက္ကသိုလ်၏တစ်မိုင်နီးပါးရှည်လျားသည့် ရွှေဝယ်သီရိလမ်းမကြီး
အား ယနေ့နံနက်ပိုင်းမှစတင်ကာ တိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်မှုဖြင့်
ပြန်လည်ပြင်ဆင်လျက်ရှိကြောင်းသိရသည်၊
ယင်းလမ်းမကြီးကို ၂၀၀၀
ပြည့်နှစ်ခန့်ကပင်ဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၀၇ ခုနှစ်ခန့်တွင် ထားဝယ်လေ
ဆိပ်တိုးချဲ့တည်ဆောက်ရေးစီမံကိန်းအတွက် မြေသယ်ယူသည့်ကားကြီး
များဝင်ထွက်သွားလာမှုကြောင့်ပျက်စီးခဲ့ကာ ယခုအချိန်မှ ပြန်လည်ြပင်ဆင်နိုင်ကြောင်းသိရသည်။ 

သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)

ထားဝယ်တက္ကသိုလ်၏တစ်မိုင်နီးပါးရှည်လျားသည့် ရွှေဝယ်သီရိလမ်းမကြီးအားယနေ့နံနက်ပိုင်းမှစတင်ကာတိုင်း
ဒသကြီးအစိုးရအဖွဲ့၏စီစဉ်မှုဖြင့် ပြန်လည်ပြင်ဆင်လျက်ရှိကြောင်းသိရသည်၊

ရွှေဂုံတိုင် ခုံးကျော်တံတား ပန္နက်တင်ပွဲကြောင့် လမ်းအချို့ယာယီပိတ်မည် "

ရန်ကုန်၊ဒီဇင်ဘာ ၁၁ ရက်
ရွှေဂုံတိုင် ခုံးကျော်တံတား ပန္နက်တင်ပွဲအား ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်း ရန်ကုန်စည်ပင်

မှ သိရသည်။ပန္နက်တင်ပွဲ အခမ်းအနားအား မနက်၈ နာရီအချိန်တွင် ပြုလုပ်မည်ဖြစ်ပြီးယင်းနေ့နံနက်ပိုင်းတွင်ပုလဲ
လမ်းဆုံ၊ ကမ္ဘာအေးဘုရားလမ်းဆုံ၊ လစ်လမ်းနှင့် ရွှေဂုံတိုင်လမ်းဆုံ တောင်နှင့်မြောက်ဘက်လမ်းများအား ခေတ္တ
ပိတ်ထားမည်ဖြစ်ကြောင်း ရန်ကုန်စည်ပင်လမ်းတံတားဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်မြို့ လယ်ခေါင်မှာ မြို့ နယ်စုံမှ ဖောက်ထွင်းမှုများဖြင့် ဖမ်းဆီးခံထားရသော တရားခံ ၂ ဦး ထွက်ပြေးလွတ်မြောက်

ရန်ကုန်မြို့ လယ်ခေါင် အချုပ်သားထွက်ပြေးလွတ်မြောက်နေ

10.12.2012 ရက်နေ့ တနင်္လာနေ့က ရန်ကုန်မြို့ လယ်ခေါင် ဆရာဝန်အသင်းတိုက် အနီးရှိ မင်္ဂလာတောင်ညွှန့်မြို့ နယ် တရားရုံးမှ အချုပ်သား ၂ယောက် အချုပ်ခန်းတွင်းမှရန်ကုန်မြို့တွင်းမြို့ နယ်စုံမှ ဖောက်ထွင်းမှုများဖြင့် ဖမ်းဆီးခံထားရသော တရားခံ ၂ ဦး ထွက်ပြေးလွတ်မြောက်သွားသည်ဟုသိရပါသည်။
ဖြစ်ပွားပုံမှာ တရားရုံး ရှိအချုပ်ခန်း အတွင်းတံခါးမှ ပတ္တာရှိ မူလီများကို လှည့်ထွက်ကာ ဧည့်တွေ့သူများနှင့် ရောနှောကာ အပြင်သို့  ထွက်သွားပြီး လွတ်မြောက်သွားခြင်းဖြစ်သည် ။
 မင်္ဂလာတောင်ညွှန့်မြို့ နယ် တရားရုံးတွင် ရုံးထုတ်လာသော တရားခံများသည် မိသားစုဝင်များနှင့် လွတ်လွတ်လပ်လပ် တွေ့ ဆုံစကားပြောလိုပါက  တာဝန်ကျ ရဲဝန်ထမ်းများကို ငွေကျပ် တစ်သောင်းပေးပြီး ရုံးဆင်းချိန်ထိတိုင်အောင် ၊ အချုပ်ခန်းပြင်ပ ရဲအစောင့်များအနီးရှိ ခုံတန်းတွင်လွတ်လပ်စွာနေထိုင်ပြောဆိုနိုင်သည်ဟုသိရပြီး ၊ ယခုထွက်ပြေးလွတ်မြောက်သွားကြသူများမှာ အဆိုပါ ပြင်ပ ဧည့်သည်များနှင့် ရောနှောကာ အချုပ်ခန်းပြင်ပသို့  အေးဆေးစွာထွက်သွားနိုင်ခဲ့ပြီး လွတ်မြောက်သွားခြင်းဖြစ်သည် ။
၎င်းအချုပ်သား ၂ ယောက် တရားရုံးအ၀င်အ၀ သို့ ရောက်ချိန်တွင် ဈေးရောင်းချနေသူများမှ မှတ်မိကာ အချုပ်သားများ အပြင်ရောက်နေကြောင်း တာဝန်ကျရဲများသို့  အကြောင်းကြားခဲ့သော်လည်း လုံခြုံရေးရဲဝန်ထမ်းများမှ ပြန်လည်ဖမ်းဆီးရန် နှောင့်နှေးခဲ့ပြီး လွတ်မြောက်သွားခဲ့သည် ။

10.12.2012 ရက်နေ့ တနင်္လာနေ့က ရန်ကုန်မြို့ လယ်ခေါင် ဆရာဝန်အသင်းတိုက် အနီးရှိ မင်္ဂလာတောင်ညွှန့်မြို့ နယ် တရားရုံးမှ အချုပ်သား ၂ယောက် အချုပ်ခန်းတွင်းမှရန်ကုန်မြို့တွင်းမြို့ နယ်စုံမှ ဖောက်ထွင်းမှုများဖြင့် ဖမ်းဆီး
ခံထားရသော တရားခံ ၂ ဦး ထွက်ပြေးလွတ်မြောက်သွားသည်ဟုသိရပါသည်။

နစ်နာမှုရှိမှသာ သံဃာများဆန္ဒထုတ်ဖေါ်ရတာဖြစ်တယ်လို့ အဆိုတော် ဆောင်းဦးလှိုင်ဆို

နစ်နာမှုရှိမှသာ ဆန္ဒထုတ်ဖေါ်ရတာဖြစ်တယ်လို့ အဆိုတော် ဆောင်းဦးလှိုင်ဆို

December 11, 2012Home, သတင်း 

လက်ရှိတွင် လက်ပံတောင်း တောင် ကြေးနီစီမံကိန်း ကိစ္စ အင်အားသုံးခြင်းနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်လျက် ရှိသော သံဃာများနှင့်ပြည်သူများ သည် ယင်းတို့မှာ နစ်နာမှုရှိလို့ သာ ဆန္ဒထုတ်ဖော်ရတာဖြစ်ကြောင်း၊ ဆန္ဒထုတ်ဖော်ရသည်မှာလည်းမလွယ်ကြောင်း၊ ၂၀၁၂ခုနှစ်   ဒီဇင်ဘာလ ၈ ရက်က မြောက်ဥက္ကလာ ခေမာမှတ်တိုင်ရှိ နာရေး ကူ ညီမှုအသင်း(ရန်ကုန်) တွင် ပြုလုပ် ခဲ့သော ယင်း၏မွေးနေ့ပွဲတွင် ပြောကြားခဲ့သည်။
““ဒီဖြစ်စဉ်မှာကျွန်တော်လေ့ လာကြည့်တော့ အုပ်ချုပ်သူအာဏာပိုင်နဲ့ဆန္ဒထုတ်ဖော်ကြတဲ့ ဒီလက်ပံတောင်းတောင်တစ်ဝိုက် မှာနေထိုင်ကြတဲ့ ပြည်သူလူထု   ပြည်သူလူထုကိုမှ မေတ္တာပေး ဝေမျှနေတဲ့။ အကာအကွယ် ပေးတဲ့ သံဃာတော်တွေ။ဒီနှစ်ဖက် ဖြစ်သွားတဲ့ ဒါကို တစ်ဘက်က ပြောနေတာရှိတယ်။ အမြဲတမ်း  ဆန္ဒပြနေတာပဲ။ ကျွန်တော်က ပြည်သူ့ကြားမှာနေတဲ့လူတစ် ယောက်ဖြစ်တဲ့အတွက် ဆန္ဒဖော် ထုတ်တယ်ဆိုတဲ့ ကိစ္စမှာ ဒါကို   ဘယ်သူမှမလုပ်စေချင်ဘူး။အကျိုး အကြောင်းရှိလို့၊သူတို့မှာ နစ်နာမှုရှိလို့သာလျှင် ဒီလိုဆန္ဒ ထုတ်ဖော်ရတာဖြစ်တယ်။ ဆန္ဒပြတယ်ဆို တာမလွယ်ဘူး။နေပူရင်၊နေပူထဲ မှာပြတယ်၊မိုးရွာရင်  မိုးရွာထဲမှာ ပြတယ်။ဆောင်းတွင်းအေးတဲ့ထဲ မှာလည်းပြတယ်။ အခုလို ဆန္ဒပြ တာမလွယ်လို့သာ ဆန္ဒပြတဲ့သူ တွေမီးလောင်ကျွမ်းရတာဖြစ်တယ်။  ကိုယ်ဒုက္ခရောက်နေတာကိုသိစေချင်လို့ ဖော်ထုတ်ကြတာဖြစ်တယ်။    အမြဲတမ်း ဆန္ဒပြနေတာပဲလို့  ဒီလို စွပ်စွဲတာလည်းမှားယွင်းသ လို ဆန္ဒပြတဲ့တစ်ယောက်တစ်ဖက် ပြည်သူ့ရဲတပ်ဖွဲ့က အတိုင်းအတာ  တစ်ခုကျော်လွန်လာတဲ့အခါမှာ ဖြေရှင်းကိုင်တွယ်မှုဆိုတာရှိမှာပေါ့။ဒါပေမဲ့ ဖြေရှင်းကိုင်တွယ်တဲ့အခါ မှာ သိမ်သိမ်မွေ့မွေ့ညင်ညင်သာ သာနဲ့ ထိလည်းထိရောက်မယ့်နည်း လမ်းကို ရှာရမယ်။အခုလို သံဃာ တော်တွေ မီးလောင်ကျွမ်းတဲ့ အဖြစ်က အရမ်းကိုအကျည်းတန် သွားတယ်။အဲဒီမှာ အရေးကြီးဆုံး က မြန်မာပြည်ရဲ့ပြုပြင်ပြောင်းလဲ    မှုက အဆင်ပြေနေပါပြီ။အောင် မြင်မှုလမ်းကြောင်းကို လိုက်နေပါ ပြီ အများပြည်သူလူထုကလည်း  ဒုက္ခရောက်ရင် ဆန္ဒဖော်ထုတ်ကြ မယ်။ ရဲတပ်ဖွဲ့နဲ့ညှိနှိုင်းမယ်။ အာဏာပိုင်နဲ့ညှိနှိုင်းမယ်။ကျွန်တော် တို့လို လူမှုရေးသမားတွေနဲ့ညှိနှိုင်း မယ်။နိုင်ငံရေးသမားတွေနဲ့ညှိနှိုင်း မယ်။နိုင်ငံရေးခေါင်းဆောင်တွေ နဲ့ညှိနှိုင်းပြီးတော့ ဒီလို ဒီမိုကရေ စီနဲ့လူ့အခွင့်အရေးကို လူးလွန့်လှုပ် ရှားလာတဲ့ အချိန်ကြီးမှာ ဒီလို ဖြစ်လာတယ်ဆိုတော့ အရမ်းအထိ နာတယ်။ ဘယ်သူအထိနာလည်း  ဆိုရင် အုပ်ချုပ်သူအာဏာပိုင် အထိနာတယ်။ ဘာလို့လည်း ဆို တော့ ဒီလိုလုပ်မယ်ဆိုရင် မီးမောင်း  ထိုးပြသလိုဖြစ်သွားမယ်။တစ်ဖက် က ပြန်တွေးကြည့်ရင် ကျွန်တော် တို့စိတ်မကောင်းဘူး။ စိတ်ထဲမှာ လည်း နာကျင်တယ်””ဟု ပြော ကြားခဲ့သည်။
ယင်းမှ ဆက်လက်ပြောကြား  ရာတွင်လည်း ““ဒီဖြစ်ရပ်ကိုအစ ကပြန်လည်သုံးသပ် လိုက်ရင် အများပြည်သူလူထုက အလကားနေရင်းဆန္ဒပြတာမ ဟုတ်ဘူး။ဆန္ဒပြတာတွေကို   ဖြိုခွင်းရပ်တန့်စေတဲ့အချိန်မှာ တတ်နိုင်သမျှအပြေလည်ဆုံးဖြစ် နိုင်မဲ့နည်းလမ်းတွေကို အဖြေရှာ သင့်ပါတယ်။ ဒီလိုမျိုးဖြစ်လာ တော့ ဘယ်သူ့ကိုမှစိတ်မကောင်း ပါဘူး။ပြည်သူလူထုရဲ့စိတ်ထဲမှာ လည်း ဒဏ်ရာအနာတရတွေထပ်   ဖြစ်သွားတယ်။ပြည်သူလူထုအတွက် လည်း စိတ်မကောင်းဘူး။အာဏာပိုင်တွေအတွက်လည်း စိတ်မ ကောင်းဘူး””ဟု ပြောကြားခဲ့ သည်။
လက်ပံတောင်းတောင် ကိစ္စ နှင့်ပတ်သက်၍လည်း ရန်ကုန်    မြို့နှင့်အခြားသောမြို့များတွင် ဒီ  အင်အားသုံး ဖြိုခွင်းမှုနှင့်ပတ် သက်၍ ဆက်တိုက်ဆိုသလို ဆန္ဒ ပြမှုများဖြစ်ပေါ်နေကြောင်းသိရ သည်။

 
ဖြိုးအောင်

အေးချမ်းမွန်မှ  The Hot News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

December 11, 2012

လက်ရှိတွင် လက်ပံတောင်း တောင် ကြေးနီစီမံကိန်း ကိစ္စ အင်အားသုံးခြင်းနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်လျက် ရှိသော သံဃာများနှင့်ပြည်သူများ သည် ယင်းတို့မှာနစ်နာမှုရှိလို့ သာဆန္ဒထုတ်ဖော်ရတာဖြစ်ကြောင်း၊ ဆန္ဒထုတ်
ဖော်ရသည်မှာလည်းမလွယ်ကြောင်း၊ ၂၀၁၂ခုနှစ် ဒီဇင်ဘာလ ၈ ရက်က မြောက်ဥက္ကလာ ခေမာမှတ်တိုင်ရှိ နာရေး ကူ ညီမှုအသင်း(ရန်ကုန်) တွင် ပြုလုပ် ခဲ့သော ယင်း၏မွေးနေ့ပွဲတွင် ပြောကြားခဲ့သည်။

Asian Fame Media Group မှ Photographer Aung Kyaw Latt ရိုက်ကူး ထားသည့် " ခရစ်စမတ်နေ့အတွက် ပြင်ဆင်နေတဲ့ ဧမာနွေလဘုရား ကျောင်း

မြန်မာ့ရေမြေ၊ မြန်မာ့ရှုခင်း၊ မြန်မာတို့ ၏ ဓလေ့စရိုက်များ၊ လူနေမှုဘဝ
များကို Asian Fame Media Group မှ Photographer Aung Kyaw Latt ရိုက်ကူး ထားသည့် " ခရစ်စမတ်နေ့အတွက် ပြင်ဆင်နေတဲ့ ဧမာနွေလဘုရားကျောင်း " ဓါတ်ပုံအား ကြည့်ရှု ခံစားနိုင်စေရန် အတွက် တင်ဆက်ပေးလိုက်ပါသည်။ 

မဟာဗန္ဓုလပန်းခြံလမ်းပေါ်ရှိ ဧမာနွေလ ဘုရားကျောင်းကို ခရစ်စမတ်နေ့အမီ လှပစေရေးအတွက် ၀ါးလုံးငြမ်းများပေါ်တွင် သတိကြီးစွာဖြင့် အလှဆင်နေရသော လုပ်သားတစ်ဦး၏ ဘ၀ပုံရိပ်ကို ထင်ဟပ်စေရန် ရိုက်ကူးထားခြင်းဖြစ်ပါသည်။

ပရိတ်သတ် များအနေဖြင့် comment များပါဝင်ရေးသားခြင်း၊ Like များ
ပြုလုပ်ခြင်းဖြင့် ပါဝင်နိုင်ပါသည်။ ပရိတ်သတ်များ ၏ Like အများဆုံး
ရရှိသည့် ဓါတ်ပုံ များ ကို AF Photo of the Week, AF Photo of the Month, AF Photo of the Year အဖြစ် ရွေးချယ်သွားမှာ ဖြစ်မှာ တယ်။ 

---------------------------------------------------------------------------
အွန်လိုင်းမှ တဆင့် လွတ်လပ်စွာ ဝေငှ နိုင်သော်လည်း မူရင်း ဓါတ်ပုံဆရာ ၏ အမည်ကို Credit ပေးရန်လို အပ်ပြီး စီးပွားရေး အတွက် အသုံးချခွင့်
ပြုမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

မြန်မာ့ရေမြေ၊ မြန်မာ့ရှုခင်း၊ မြန်မာတို့ ၏ ဓလေ့စရိုက်များ၊ လူနေမှုဘ၀များကို Asian Fame Media Group မှ 
Photographer Aung Kyaw Latt ရိုက်ကူး ထားသည့် " ခရစ်စမတ်နေ့အတွက် ပြင်ဆင်နေတဲ့ ဧမာနွေလဘုရား
ကျာင်း " ဓါတ်ပုံအား ကြည့်ရှု ခံစားနိုင်စေရန် အတွက် တင်ဆက်ပေးလိုက်ပါသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်ဆိုင်းရေး တောင်းဆိုမှုကြောင့် ဖမ်းဆီးခံထားရသူများအား သက်ဆိုင်ရာတရားရုံးမှ အာမခံဖြင့် ပြန်လွှတ်( နောက်ဆက်တွဲသတင်း)

ယနေ့ ၊ ဒီဇင်ဘာလ ၁၁ ရက် တွင် ကျောက်တံတားမြို့နယ် တရားရုံးနှင့် ဗဟန်းမြို့နယ်တရားရုံးတို့မှ အာမခံဖြင့် လွတ်မြောက်လာကြသူများအနက် ကိုမိုးသွေး၊ ကိုအောင်စိုး၊ ကိုဝေဠု၊ ဦးမျိုးချစ်၊ ကိုရဲလင်း နှင့် ညီညီ တို့ ခြောက်ဦးသည် ဝေဇယန္တာလမ်းရှိ ၈၈မျိုးဆက်ကျောင်းသားများရုံးခန်းသို့ ယနေ့ မွန်းလွဲ ၃း၁၅ နာရီတွင် ရောက်ရှိလာခဲ့ကြရာ ၈၈မျိုးဆက်ကျောင်းသားများမှ လှိုက်လှဲဝမ်းမြောက်စွာ ကြိုဆိုခဲ့ကြသည်။
88 GS

က်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်ဆိုင်းရေး တောင်းဆိုမှုကြောင့် ဖမ်းဆီးခံထားရသူများအားသက်ဆိုင်
ရာတရားရုံးမှ အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်းသိရသည်။

၁၂ ရက် ၁၂ လ ၂၀၁၂ခုနှစ် (မနက်ဖြန်) နေ့လည် နှစ်နာရီတွင် မြို့ကြီး ၉မြို့ရှိ သံဃာထု လက်ပံတောင်းတောင် အရေး ဆက်လက် ဆန္ဒ ထုတ်ဖော်မည်

မနက်ဖြန် ဗုဒ္ဓသာဝက ရဟန်းပျိုများအဖွဲ့နဲ့ လူငယ်ကျောင်းသားအဖွဲ့တွေဝိုင်းရံပြီး လက်ပံတောင်းတောင်းဆန္ဒပြပွဲကို အစိုးရက အကြမ်းဖက်ဖြိုခွဲခဲ့တဲ့အတွက် ရဟန်းသံဃာတွေက ၄ ချက်တောင်းဆိုထားတယ်။ အဲဒါကို ကြေနပ်လောက်အောင် မလိုက်လျောလို့ မနက်ဖြန်မှာ ပြည်၊ ချောက်၊ မုံရွာ၊ မန္တလေး၊ ပခုက္ကူ၊ တောင်ကြီး၊ မြင်းခြံအစရှိတဲ့ မြို့တွေမှာ ငြိမ်းချမ်းစွာ ဆန္ဒပြမယ်။ ဦးအဂ္ဂသာဝ ဖုံးနံပါတ်က ၄၂၀၁၁၄၁၁၁

အစိုးရရဲ့ အကြမ်းဖက်လုပ်ရပ်တွေအပေါ် သံဃာတော်တွေရဲ့ တောင်းဆိုချက်နဲ့ပတ်သက်ပြီး ဆရာတော် ဦးအဂ္ဂသာဝ မိန့်ကြားတာကတော့ ...
“ဒီအချက်တွေနဲ့ ပတ်သက်ပြီး ဦးဇင်းတို့အနေနဲ့ မလုပ်နိုင်တဲ့ အရာတွေကို တောင်းဆိုတာမဟုတ်ဘူး။ ဘာမှခက်ခက်ခဲခဲလည်း မရှိဘူး။ ဒါကြောင့် လုပ်ပေးတဲ့အထိ တောင်းဆိုမယ်” 

“ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့က ၀န်းရံမယ်
သူတို့အနေနဲ့ပြောတာက နောက်ကွယ်ကကြိုးကိုင်နေတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေကို ဖော်ထုတ်ပေးတဲ့ အထိ တောင်းဆိုမယ်လို့” ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့က ကိုထင်ကျော်ကပြောပြပါတယ်။

တောင်းဆိုထားတဲ့အချက်တွေက ...

(၁)လက်ပံတောင်းတောင်သပိတ်စခန်းတွင် အကြမ်းဖက်ခံခဲ့ရသော သဃာတော်များကို နိုင်ငံတော်သမ္မတ အနေနှင့် တောင်းပန်ရေး
(၂) အကြမ်းဖက်ခံခဲ့ရသော သံဃာထုနှင့် ပြည်သူလူထုအတွက် နိုင်ငံခေါင်းဆောင်ကောင်းအဖြစ် မှန်မှန်ကန်နက် တာဝန်ယူပေးရေး
(၃) လက်ပံတောင်းတောင် အရေးနှင့်ပတ်သက်ပြီး ဖမ်းဆီးခံထားရသော ရဟန်း၊ ရှင်လူတို့အား ချွှင်းချက်မရှိ ပြန်လွတ်ပေးရေး
(၄) ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သူများအား အကြမ်းဖက်နှိမ်နှင်းခဲ့သော တာဝန်ရှိသူတို့အား ဖော်ထုတ် အရေးယူပေးရေး
(၅) အထက်ပါအချက်များအား မှန်မှကန်ကန်နှင် မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးရေး

ဒီဇင်ဘာ(၁၂)ရက်နေ့ နေ့လည်နှစ်နာရီမှစတင်ကာ မြန်မာနိုင်ငံရှိ မြို့ကြီးကိုးမြို့ သံဃာထုကလက်ပံတောင်း
တာင်သပိတ် စခန်းများ မှသံဃာတော် များအားဖြိုခွင်း ခဲ့မှုနှင့်ပတ်သက်၍အစိုးရ၏ဆောင်ရွက်ချက်များအ
ပ်ါကျေနပ်မှု မရှိသဖြင့် ဆန္ဒထုတ်ဖော်မှုများပြုလုပ်သွား မည်ဖြစ်ကြောင်း

လက်ပန်းတောင်းတောင်အရေးဆန္ဒပြသူတွေအာမခံနဲ့ ပြန်လွတ်

 ၁၁ ဒီဇင်ဘာ ၂၀၁၂

လက်ပန်းတောင်းတောင် စီမံကိန်းရပ်ဆိုင်းရေးကိစ္စနဲ့ ဖမ်းဆီးခံထားရသူတွေကို အင်စိန်ထောင် တရားရုံး
အချုပ်မှာ ဖမ်းဆီး ထိမ်းသိမ်းထားရာကနေ ဒီကနေ့ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပြီး ဖြစ် တယ်လို့ အဖမ်းခံရ
သူတွေရဲ့ ရှေ့နေက ပြောပါတယ်။

တမူး၊ မူဆယ်၊ မြ၀တီ အစရှိတဲ့ နေရာတွေမှာ ကုန်သွယ်မှု အတွက် တစ်ဦးချင်း ကုန်သွယ်ခွင့် ကတ် စတင် အသုံးပြုခွင့်ပေး

တစ်ဦးချင်း ကုန်သွယ်ခွင့်ကတ် စတင် အသုံးပြုခွင့်ပေး


တမူး၊ မူဆယ်၊ မြ၀တီ အစရှိတဲ့ နေရာတွေမှာ ကုန်သွယ်မှု အတွက် တစ်ဦးချင်း ကုန်သွယ်ခွင့် ကတ်တွေကို ဒီဇင်ဘာ လအစပိုင်းမှ စတင်ကာ အသုံးပြုခွင့်ပေးနေပြီ ဖြစ်တယ်လို့ နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ တစ်ဦးချင်း ကုန်သွယ်ခွင့် ကတ်ဟာ အသုံးပြုခွင့် သက်တမ်း ၁ နှစ်ရှိပြီး ၁ ရက်ကို ကျပ် ၁၀ သိန်းဖိုးနဲ့ တစ်ပတ်မှာ ၅ ရက်ကုန်သွယ်မှု ဆောင်ရွက် နိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် တစ်ပတ် အတွင်း ကျပ်သိန်း ၅၀ ဖိုးကို တစ်ကြိမ်းတည်း ကုန်သွယ်မှု ပြုလုပ်နိုင်မှာလည်း ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒါကြောင့် အဆိုပါ တစ်ဦးချင်း ကုန်သွယ်ခွင့် ကတ်ပြုလုပ် လိုသူတွေဟာ မှတ်ပုံတင်၊ သန်းခေါင် စာရင်း၊ ရပ်ကွက် ထောက်ခံစာ၊ ရဲစခန်း ထောက်ခံစာနဲ့ အတူ ငွေကျပ် ငါးသောင်း နိုင်ငံတော် ဘဏ္ဍာ အဖြစ် ပေးသွင်းရမှာ
ဖြစ်ပါတယ်။ ဒီလို ကုန်သွယ်ခွင့် ကတ်ပြုလုပ် ပြီးရင်တော့ သက်ဆိုင်ရာ နယ်စပ် ကုန်သွယ်ရေး စခန်းများမှာ ခွင့်ပြု ထားတဲ့ ကုန်ပစ္စည်း တွေကို ကုန်သွယ်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

အခုလို တစ်ဦးချင်း ကုန်သွယ် ခွင့်ကတ် ပြုလုပ်ပေး ရာမှာတော့ ကုမ္ပဏီ မထောင်နိုင်တဲ့ ဒေသနေ ပြည်သူများ အတွက် ကုန်သွယ်မှုများ လွယ်ကူအောင် လုပ်ဆောင် နိုင်ဖို့ရည်ရွယ်ပြီး ပြုလုပ် ပေးတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ တစ်နိုင်ငံလုံးမှာ နယ်စပ် ကုန်သွယ်ရေး စခန်း ၁၃ ခုရှိပြီး အဆိုပါ ကုန်သွယ်ရေး စခန်းတွေမှာ တရားမ၀င် ကုန်သွယ်မှုတွေ ပပျောက်ဖို့ အတွက် သက်ဆိုင်ရာ တာဝန်ရှိ သူများက အဓိက ဆောင်ရွက် ပေးလျက် ရှိတယ်လို့ သိရပါတယ်။

အေးချမ်းမွန်မှ   MRTV - 4 တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။


တမူး၊ မူဆယ်၊ မြ၀တီ အစရှိတဲ့ နေရာတွေမှာ ကုန်သွယ်မှု အတွက် တစ်ဦးချင်း ကုန်သွယ်ခွင့် ကတ်တွေကို ဒီဇင်ဘာ လအစပိုင်းမှ စတင်ကာ အသုံးပြုခွင့်ပေးနေပြီ ဖြစ်တယ်လို့ နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။

ကျန်းမာရေးအတွက် ဂရုစိုက်ရမည့်နာရီများ

ကျန်းမာရေးအတွက် ဂရုစိုက်ရမည့်နာရီများ

သုတေသနပြုချက်အရ ညဆိုင်းအလုပ်လုပ်သူများသည် ကျန်းမာရေး အခြေ အနေကမောက်က မဖြစ်တတ်သည်။ အမျိုးသမီးများဆိုလျှင် ရာသီမမှန်ခြင်း၊ အရိုးပွရောဂါဖြစ်ခြင်း၊ရင်သားကင်ဆာဖြစ်ခြင်း၊ ကိုယ်ဝန်မရရှိနိုင်ခြင်း စသည့်

ရောဂ
ါများပိုမိုဖြစ်တတ်သည်။ညသန်းခေါင် ည ၁၂-နာရီ ၁၀-မိနစ်အထိ မအိပ်သေးသူများတွင် ခန္ဓာကိုယ်၏ဇီဝဖြစ်ပျက်ပြောင်းလဲဖြစ်စဉ်များသည် ကိုယ်တွင်းအရည်လောင်ကျွမ်းမှုကိုသာအားကိုးရသည်။ကိုယ်တွင်းအရည်လေင် ကျွမ်းမှုသည် အဆိပ်အတောက်ဖြစ်ပေါ်မှုများတတ်သည်။

ခန္ဓကိုယ်၏ 'သက်စောင့်ရည်' များကို အက်ဆစ်ဓါတ်ဖြစ်စေနိုင်သည်။ ထို့ကြောင့် ခဏခဏအိပ်ရေးပျက်ခံသူများသည် ဆေးလိပ်သောက်၊ အရက်သောက်သူများဖြစ်နိုင်သည့်ရောဂါမျိုးများ ငါးဆပိုဖြစ်နိုင်သည်။ ထို့ကြောင့် နေ့စဉ်အတတ်နိုင်ဆုံး ည ၁၁-နာရီ မတိုင်မီ အိပ်ရမည်။ မဖြစ်မနေ

ညအလုပ်လုပ်ရန်ရှိသည်ဆိုလျှင်လဲ (အသားမပါသော) ညလယ်စာစားလျှင် ခံသာသေးသည်။နံနက်အခါ နေထွက်သည်။ ညနေရောက်လျှင် နေ၀င် သည်။ ဆောင်းရာသီပြီးလျှင်နွေရာသီရောက်လေသည်။ သဘာဝလော ကကြီးသည် အချိန်မှန်မှန်၊စည်းချက်ကျကျဖြစ်ပျက်နေသည်။

လူ့ခန္ဓာကိုယ်လဲ သဘာဝ လောကကြီးတွင် တည်ရှိပြီး အချိန်မှန်မှန်၊စည်း ချက်ကျကျလှုပ်ရှားမှသာ ကျန်းမာပျော်ရွှင်မည်။

ည ၉-နာရီ မှ နံနက်၃-နာရီ = ခန္ဓာကိုယ်အားဖြည့်ချိန်

ည ၉-နာရီ မှ ည ၁၁-နာရီ = ရောဂါခုခံကာကွယ်စနစ်အချိန် (အလယ်တန်းအောက် ကလေးသူငယ်များသည်ရောဂါခုခံကာကွယ်စနစ် တည်ဆောက်မှုမပြည့်စုံသေးသဖြင့် ည ၉-နာရီတွင်အိပ်နိုင်လျှင်ကောင်း၏)

ည ၁၁-နာရိ မှ နံနက် ၁-နာရီ = ရိုးတွင်းချဉ်ဆီမှ သွေးနီဥ တည်ဆောက်ချိန်

နံနက် ၁-နာရီ မှ နံနက် ၃-နာရီ= အသည်း၏အချိန်

နံနက ၃-နာရီ မှ နံနက် ၅-နာရီ= အသက်ရှုစနစ်အတွက်အချိန်

နံနက် ၄-နာရီ = ခန္ဓာကိုယ်၏ သွေးခုန်အားအပျော့ဆုံး၊ နှလုံးခုန်နှုန်း အနှေးဆုံးအချိန်

(ဆေးပညာတွင် 'အန္တရာယ်များသည့်လေးနာရီ' ဟုပြောစမှတ်ပြုကြသည်။ လက်တွေ့တွင် ဤအချိန်၌ ရင်ကြပ်၊နှလုံး၊လေဖြတ်၊ဦးနှောက်ေ သွးကြောေ ရာဂါ၊သွေးတိုးရောဂါ စသည်တို့ ရောဂါဖောက်ပြန်သော အချိန်ဖြစ်တတ် သည်။ ထို့ကြောင့်အဘိုးအဘွားများ နံနက် ၅-နာရီကျော်မှကိုယ်လက်လှုပ်ရှားလမ်းလျှောက်ထွက်သင့်သည်။)

နံနက် ၅-နာရီ မှ နံနက် ၇-နာရီ = အူမကြီးအလှုပ်ရှားဆုံးအချိန်

နံနက် ၇-နာရီ မှ နံနက် ၉-နာရီ = အစာအိမ်အလှုပ်ရှားဆုံးအချိန်
(ထို့ကြောင့် နံနက် ၇-နာရီ မတိုင်ခင် နံနက်စာစားသင့်သည်)

နံနက် ၉-နာရီ မှ နံနက် ၁၁-နာရီ = သရက်ရွက်အလှုပ်ရှားဆုံးအချိန်

နံနက် ၁၁-နာရီ မှ နေ့လယ် ၁-နာရီ = ရိုးတွင်းချဉ်ဆီ သွေးတည်ဆောက်ချိန်
(ကောင်းစွာအနားယူနိုင်ပါက သွေးအားနည်းရောဂါမဖြစ်တော့ပေ)

နေ့လယ် ၁-နာရီ မှ ညနေ ၃-နာရီ = အူသိမ်အလှုပ်ရှားဆုံးအချိန်

(နေ့လယ် ၁-နာရီ မတိုင်ခင်နေ့လည်စာစားလျှင်ကောင်း၏ - သို့မဟုတ်က အစာအိမ်ရောဂါလေထိုးလေအောင့်ရောဂါဖြစ်တတ်သည်။)

ညနေ ၃-နာရီ မှ ညနေ ၅-နာရီ = ဆီးအိမ်အလှုပ်ရှားဆုံးအချိန်
(ဤအချိန်တွင်ရေများများသောက်ရန်အရေးကြီးသည်။)

ညနေ ၅-နာရီ မှ ည ၇-နာရီ = ကျောက်ကပ်အလှုပ်ရှားဆုံးအချိန်

ည ၇-နာရီမှ ည ၉-နာရီ = နှလုံးနှင့်ဦးနှောက်အာရုံကြောစနစ်၏ အလှုပ်ရှား ဆုံးအချိန်
(ဤသည်မှာ ရှေးတရုတ်တိုင်းရင်းဆေးပညာရှင်တို့၏ အဆိုဖြစ်သည်။)

(ပါမောက္ခ ဒေါ်ခင်ဖြူ)

Ref: ကျန်းမာရေးစကားဝိုင်း

အေးချမ်းမွန်မှ  Yatanarpon Call Center တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။


သုတေသနပြုချက်အရ ညဆိုင်းအလုပ်လုပ်သူများသည် ကျန်းမာရေး အခြေ အနေကမောက်က မဖြစ်တတ်
သည်။ အမျိုးသမီးများဆိုလျှင် ရာသီမမှန်ခြင်း၊ အရိုးပွရောဂါဖြစ်ခြင်း၊ရင်သားကင်ဆာဖြစ်ခြင်း၊ ကိုယ်ဝန်မရ
ရှိနိုင်ခြင်း စသည့် ရောဂါများပိုမိုဖြစ်တတ်သည်။

မန္တလေး ၃၃ လမ်းပေါ်ရှိ ဒိုင်းမွန်းပလာ အပေါ်ထပ်မှ လူတစ်ယောက် မိမိကိုယ်သေကြောင်းကြံစည် ခုန်ချရန်ကြိုးစားသူတစ်ဦးကိုအချိန်မှီတားဆီး (နောက်ဆက်တွဲသတင်း)

 
မန္တလေး ၃၃ လမ်းပေါ်ရှိ ဒိုင်းမွန်းပလာ အပေါ်ထပ်မှ လူတစ်ယောက် မိမိကိုယ်သေကြောင်းကြံစည် ခုန်ချရန်ကြိုးစားသူတစ်ဦးရဲများ ကခေါ်ဆောင်လာစဉ်
(ဓာတ်ပုံ - တေဇလှိုင် / ဧရာဝတီ)
မန္တလေး ၃၃ လမ်းပေါ်ရှိ ဒိုင်းမွန်းပလာ အပေါ်ထပ်မှ လူတစ်ယောက် မိမိကိုယ်သေကြောင်းကြံစည် ခုန်ချရန်ကြိုးစားသူတစ်ဦးရဲများ ကခေါ်ဆောင်လာစဉ်
မန္တလေး ၊ ဒီဇင်ဘာ ၁၁ ရက်

ယနေ့ နံနက် ၁၀ နာရီခွဲ ခန့် အချိန်တွင်မန္တလေး မြို့ ၃လမ်းပေါ်ရှိဒိုင်းမွန်းပလာအပေါ်ထပ်မှလူတစ်ယောက်
မိမိကိုယ်ကို မိမိသေကြောင်းကြံစည် ခုန်ချရန် ကြိုးပမ်းခဲ့သည်။

မန္တလေးမြို့ ၃၃ လမ်း ပေါ်ရှိ ဒိုင်းမွန်းပလာဇာအပေါ်ဆုံးထပ်တွင် လူတစ်ယောက် မိမိကိုယ် မိမိ သေကြောင်း ကြံစည်ရန် ကြိုးပမ်းမှုဖြစ်ပွား

ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့် က မန္တလေးမြို့ ၃၃ လမ်း ပေါ်ရှိ ဒိုင်းမွန်း ပလာဇာ အပေါ်ဆုံးထပ်တွင် လူတစ်ယောက် မိမိကိုယ် မိမိ သေကြောင်း ကြံစည်ရန် ကြိုးစားမှုအား တွေ့ ရစဉ်။

ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့် က မန္တလေးမြို့ ၃၃ လမ်း ပေါ်ရှိ ဒိုင်းမွန်းပလာဇာအပေါ်ဆုံးထပ်တွင် လူတစ်ယောက် မိမိကိုယ်
 မိမိ သေကြောင်း ကြံစည်ရန် ကြိုးစားခဲ့ကြောင်းသတင်းရရှိသည်။

သုဝဏ္ဏ ရေနံ့သာလမ်းထဲသို့ ၁၆ ဘီးကား ၀င်ရောက်ရာမှ ရပ်ကွက်တွင်း နေထိုင်သူများ ၀ိုင်းဝန်းကန့်ကွက်

သုဝဏ္ဏ ရေနံ့သာလမ်းထဲသို့ ၁၆ ဘီးကား ၀င်ရောက်ရာမှ ရပ်ကွက်တွင်း နေထိုင်သူများ ၀ိုင်းဝန်းကန့်ကွက် 
 
TUESDAY, 11 DECEMBER 2012 11:52

သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ ၂၄ ရပ်ကွက်၊ ရေနံ့သာလမ်းထဲသို့ ဘူဒိုဇာတင်ဆောင်လာသော ၁၆ ဘီး ကားကြီးတစ်စီး ၀င်ရောက်လာရာမှ ရပ်ကွက်နေပြည်သူများ ၀ိုင်းဝန်းကန့်ကွက်မှုတစ်ခု ဒီဇင်ဘာ ၁၀ ရက်နေ့ ညပိုင်းက ဖြစ်ပွား ခဲ့ကြောင်း သတင်းရရှိသည်။

သုဝဏ္ဏ ၂၄ ရပ်ကွက်၊ ရေနံ့သာလမ်းထိပ်တွင် '၆ တန်အထက် မ၀င်ရ'ဟူသော ဆိုင်းဘုတ်ထားရှိပြီး အဆိုပါ ၁၆ ဘီးယာဉ်မှာ ဒီဇင်ဘာ ၁၀ ရက်နေ့ ည ၉ နာရီခန့်တွင် လမ်းထဲသို့ ၀င်ရောက်လာခြင်းဖြစ်သည်။

၎င်းယာဉ်မှာ အေးရိပ်ငြိမ်း ကုမ္ပဏီမှဖြစ်ကြောင်း သိရပြီး ယင်းကုမ္ပဏီမှ အင်ဂျင်နီယာဦးထိန်ဝင်းကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ခေါ်ယူမေးမြန်းခဲ့ရာ ၄င်းက အေးရိပ်ငြိမ်းဆောက်လုပ်ရေးမှ ဖြစ်ကြောင်း၊ အိုးအိမ်၏ ညွှန်ကြားချက်အရ လာ ရောက်ရှင်းလင်းရခြင်းဖြစ်ကြောင်း ပြောပြခဲ့သည်ဟု သိရသည်။

''ဒီနေ့နံနက်ပိုင်းကတောင် အ. မ.က(၁၇) ကျောင်းဘေးက မြေကွက်လပ်ကို မြက်လာရှင်းသွားသေးတယ်။ ည ၉ နာရီလောက်မှာ အဲဒီ ၁၆ ဘီးကားက ဘူဒိုဇာကိုတင်ပြီး လမ်း ထဲဝင်လာတယ်။ လမ်းထိပ်မှာ ၆ တန်အထက်မ၀င်ရဆိုတဲ့ ဆိုင်းဘုတ်လည်းရှိတယ်။ အဲဒီကားကြောင့် လမ်းဘေးက ရေပိုက်ကိုကြိတ်မိပြီး ပျက်စီးသွားတယ်။ အဲဒီကားက ရေနံ့သာလမ်းကနေတစ်ဆင့် လမ်းကြားထဲဝင်ဖို့ လုပ်သေးတယ်။ မူလ တန်းကျောင်းဘေးက မြေကွက်လပ်ကို ရှင်းဖို့အတွက်လို့ဆိုတယ်။ အဲဒီကားကြီး ၀င်လာတာကနေစပြီး ရပ်ကွက်ထဲမှာနေတဲ့သူတွေနဲ့ ပြဿနာစဖြစ်တာပါ။ ရပ်ကွက်ရုံးကို ခွင့်ပြုချက်တောင်းထားတာမျိုးလည်း မရှိပါဘူး''ဟု ရေနံ့သာလမ်းတွင် နေထိုင် သူတစ်ဦးက ပြောပြသည်။


ရေနံ့သာလမ်းထဲသို့ ၀င်ရောက်လာသော ၁၆ ဘီးကားကိုတွေ့ရပုံ

အေးချမ်းမွန်မှ Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
ရေနံ့သာလမ်းထဲသို့ ၀င်ရောက်လာသော ၁၆ ဘီးကားကိုတွေ့ရပုံ
TUESDAY, 11 DECEMBER 2012

သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ ၂၄ ရပ်ကွက်၊ ရေနံ့သာလမ်းထဲသို့ ဘူဒိုဇာတင်ဆောင်လာသော ၁၆ ဘီး ကားကြီးတစ်စီး ၀င်ရောက်လာရာမှ ရပ်ကွက်နေပြည်သူများ ၀ိုင်းဝန်းကန့်ကွက်မှုတစ်ခု ဒီဇင်ဘာ ၁၀ ရက်နေ့ ညပိုင်းက ဖြစ်ပွား ခဲ့ကြောင်း သတင်းရရှိသည်။

အုန်းသီး အရသာရှိသော နာနတ်သီး သြစတြေးလျနိုင်ငံမှ ထုတ်လုပ်နိုင်တော့မည်

အုန်းသီး အရသာရှိသော နာနတ်သီး သြစတြေးလျနိုင်ငံမှ ထုတ်လုပ်နိုင်တော့မည် 

သြစတြေးလျနိုင်ငံ စိုက်ပျိုးရေး ဝန်ကြီးဌာနမှ သုတေသန ပညာရှင်များသည် အုန်းသီးအရသာရှိသော နာနတ် သီးတစ်မျိုးကို စမ်းသပ်ထုတ် လုပ်လျက်ရှိရာ ယခုအခါတွင်နောက်ဆုံး အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ၎င်းဌာန၏ ထုတ်ဖော်ပြောကြားချက်အရ သိရသည်။

အဆိုပါစမ်းသပ်မှုကို ကွင်းစလန်း ပြည်နယ်ရှိ သုတေသနဌာနတွင် လွန်ခဲ့သော ဆယ်စုနှစ်ကတည်းက လုပ်ဆောင်လျက်ရှိပြီး အုန်းသီး အရသာရှိသော နာနတ်သီးကို ထုတ်လုပ်ရာတွင် ရမ်အရက်၊ နာနတ်သီး ဖျော်ရည်နှင့် အုန်းသီးအနှစ်တို့ ပေါင်းစပ် ရောနှောဖော်စပ်ခဲ့ပြီး၊ ၎င်းကို " pina colada " နာနတ်သီးဟု ခေါ်တွင် ကြောင်းသိရသည်။

ထိုနာနတ်သီး၏ အရသာသည် ချိုမြရုံသာမက အပူပိုင်းဒေသမှ ထွက်ရှိသည့် အုန်းသီး အရသာရှိကြောင်း သိရသည်။

မိမိတို့ ယခုထုတ်လုပ်မည့် အုန်းသီး အရသာရှိသော နာနတ်သီး၏ အရသာ မျိုးကို သြစတြေးလျနိုင်ငံ အတွင်းရှိ အခြားနာနတ်သီးများတွင် တွေ့ရှိနိုင် မည်မဟုတ်ကြောင်း စိုက်ပျိုးရေး ဝန်ကြီးဌာနမှ သစ်သီးဝလံပန်း မန်ဥယျာဉ် စိုက်ပျိုးသူ ဂါ့ထ်စီနယူးစကီက သြစတြေးလျ အသံလွှင့်ဌာနသို့ ပြောကြားခဲ့သည်။

http://www.mwdmedia.net/2012/12/blog-post_1643.html

အေးချမ်းမွန်မှ မြ၀တီသတင်း တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

သြစတြေးလျနိုင်ငံ စိုက်ပျိုးရေး ဝန်ကြီးဌာနမှ သုတေသန ပညာရှင်များသည် အုန်းသီးအရသာရှိသော နာနတ် သီး
တစ်မျိုးကို စမ်းသပ်ထုတ် လုပ်လျက်ရှိရာ ယခုအခါတွင်နောက်ဆုံး အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ၎င်းဌာန
၏ ထုတ်ဖော်ပြောကြားချက်အရ သိရသည်။

ကမ္ဘာ့ဈေးအကြီးဆုံး ထိပ်တန်းဘောလုံးသမား ငါးဦး

ကမ္ဘာ့ဈေးအကြီးဆုံး ထိပ်တန်းဘောလုံးသမား ငါးဦး

ကမ္ဘာ့ဈေးအကြီးဆုံး ဘောလုံး သမားများစာရင်း၏ ထိပ်ဆုံးနေရာတွင် တိုက်စစ်မှူး လီယိုနယ်မက်ဆီနှင့် ခရစ္စတီယာနိုရော်နယ်ဒိုတို့က ဦးဆောင် နေရာယူလျက်ရှိကြောင်း သိရသည်။

မက်ဆီသည် ယခုအချိန်ထိ ဘာကာအတွက် တန်ဖိုးမဖြတ်နိုင်သော စံချိန်တင် ဂိုးသွင်းစက်ဖြစ်သလို ၎င်းအား ဝယ်ယူမည့် အသင်းများအတွက်လည်း မက်လောက်သော ငွေကြေးမျိုးကို ပြန်လည်ဖန်တီးပေးမည့်သူဖြစ် သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။

မက်ဆီ၏ တန်ကြေးမှာ ယူရိုသန်း ၁၄ဝ ရှိပြီး ခရစ္စတီယာနိုရော်နယ်ဒိုထက် ယူရို ၅၅ သန်းခန့် ပိုမိုမြင့်မားသည်။

ကမ္ဘာတစ်ဝန်းမှ အကောင်းဆုံး ကစားသမားများ၏ တန်ဖိုးနှုန်းထား အမှန်များ သည် လူအများအတွက် စိတ်ဝင်စားဖွယ်ရာဖြစ်သည်။ Ballon D'or ဆု အတွက် ရှေ့ဆုံးမှ တစ်ပြေးနေသော ထိပ်တန်းကစား သမားများဖြစ်ကြသည့် မက်ဆီ၊ ရော်နယ်ဒိုနှင့် အင်ဒရီအင်နီယေစတာတို့သည် ကြေးအမြင့်ဆုံးနေ ရာတွင် ရောက် ရှိနေခြင်းမှာ တကယ်တမ်းတွင် အံ့သြဖွယ်မရှိပေ။

ရော်နယ်ဒို၏ လက်ရှိဈေးနှုန်းမှာ ယူရို ၉၆ ဒသမ ၆ သန်းရှိပြီး အင်နီယေ စတာမှာမူ ယူရို ၆၈ ဒသမ ၄ သန်းခန့်ရှိသည်။ မန်ယူအသင်း မှ ဝိန်းရွန်းနီ သည် ကြေးအမြင့်ဆုံးကစားသမားစာရင်းတွင် နံပါတ်လေးနေရာကို ရယူ ထားပြီး ၎င်း၏ တန်ဖိုးကို ယူရိုသန်း ၆ဝ ကျော် သတ်မှတ်ထားသည်။ 

အဆိုပါစာရင်း၏ နံပါတ်ငါး နေရာတွင်မူ အသလက်တီကို မက်ဒရစ်အသင်းမှ ဖယ်လ်ကာအိုက ရယူထားပြီး ၎င်း၏ တန်ဖိုးနှုန်းထားမှာ ယူရို ၅၆ ဒသမ ၁ သန်းဖြစ်ကြောင်း သိရသည်။

အေးချမ်းမွန်မှ မြ၀တီသတင်း တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

ကမ္ဘာ့ဈေးအကြီးဆုံး ဘောလုံး သမားများစာရင်း၏ ထိပ်ဆုံးနေရာတွင် တိုက်စစ်မှူး လီယိုနယ်မက်ဆီနှင့် ခရစ္စတီ
ယာနိုရော်နယ်ဒိုတို့က ဦးဆောင် နေရာယူလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့လှုပ်ရှားမှု ဦးဆောင်ကော်မတီ ကြေညာချက်အမှတ် ၁/၂၀၁၂ ထုတ်ပြန်ကြေငြာ

Aung Hmine San
မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့လှုပ်ရှားမှု ဦးဆောင်ကော်မတီ
ကြေညာချက်အမှတ် ၁/၂၀၁၂
၁၀.၁၂.၂၀၁၂
၁။ အောက်မြန်မာနိုင်ငံသံဃာတော်များနှင့် အထက်မြန်မာနိုင်ငံသံဃာတော်များ ပူးပေါင်းပြီး မြန်မာနိုင်ငံလုံး ဆိုင်ရာသံဃာ့လှုပ်ရှားမှုဦးဆောင်ကော်မတီကို ၁၀.၁၂.၂၀၁၂ ရက်နေ့တွင် ဖွဲ့စည်းလိုက်သည်။
၂။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် အမျိုးဘာသ
ာ သာသနာနှင့် ပြည်သူပြည်သားတို့၏ အကျိုးကို မျှော်ကိုးပြီး ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေကြသော သံဃာတော်များနှင့်ပြည်သူများကို လူမဆန်စွာ အကြမ်းဖက် ဖြိုခွင်းခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာများ ပြင်းထန်စွာရခဲ့ကြပါသည်။
သို့ဖြစ်ပါ၍ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့လှုပ်ရှားမှုဦးဆောင်ကော်မတီမှ အထက်ပါ လူမဆန်သော လုပ်ရပ်များ ကို ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချသည်။
ထို့ပြင် သံဃာတော်အရှင်သူမြတ်များနှင့် ပြည်သူလူထုအပေါင်းမှ မိမိတို့နိုင်ငံတွင် အထွဋ်အမြတ်ထား ကိုးကွယ် လျက်ရှိသော သံဃာတော်များကို မီးလောင်ဗုန်းများဖြင့် လူမဆန်စွာ မီးလောင်တိုက်သွင်းချေမှုန်းမှုကို ရှုတ်ချ သောအားဖြင့် တစ်ညီတစ်ညွတ်တည်း ပူးပေါင်းပါဝင်ကြပါရန် အလေးအနက် တိုက်တွန်းလိုက်သည်။
၃။ မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့လှုပ်ရှားမှုဦးဆောင်ကော်မတီမှ အောက်ပါအချက်များကို တောင်းဆိုလိုက်သည်။
(က) နိုင်ငံတော်သမ္မတနှင့် အစိုးရအဖွဲ့က ထိခိုက်ဒဏ်ရာရခဲ့ကြသူများနှင့် သံဃာထုတစ်ရပ်လုံးကို ၀န်ချ တောင်းပန်ရန်၊
(ခ) အကြမ်းဖက်ဖြိုခွင်းမှုတွင် တာဝန်ရှိသောသူများကို ဖော်ထုတ်အရေးယူပေးရန်၊
(ဂ) ကြေးနီစီမံကိန်းနှင့်ပတ်သက်ပြီး ဖမ်းဆီးထားသူများကို ချွင်းချက်မရှိ ပြန်လွှတ်ပေးရန်၊
အထက်ပါတောင်းဆိုချက် (၃) ချက်ကို ၁၂.၁၂.၂၀၁၂ ရက်နေ့ နေ့လယ် (၁၂း၀၀)နာရီတွင် နောက်ဆုံးထား လိုက်လျောခြင်းမရှိပါက မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ သံဃာတော်များနှင့် ပြည်သူလူထုများ ပူးပေါင်းပြီး အထွေထွေသပိတ်ကြီးကို စတင်ဆင်နွှဲသွားမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့လှုပ်ရှားမှုဦးဆောင်ကော်မတီ

၁၀.၁၂.၂၀၁၂
၁။ အောက်မြန်မာနိုင်ငံသံဃာတော်များနှင့် အထက်မြန်မာနိုင်ငံသံဃာတော်များ ပူးပေါင်းပြီး မြန်မာနိုင်ငံလုံး ဆိုင်ရာ
သံဃာ့လှုပ်ရှားမှုဦးဆောင်ကော်မတီကို ၁၀.၁၂.၂၀၁၂ ရက်နေ့တွင် ဖွဲ့စည်းလိုက်သည်။

တည်နေရာတွေ မှားယွင်းစွာဖော်ပြနေတဲ့ Apple ရဲ့  iOS 6 ပေါ်မှာ အလုပ်လုပ်တဲ့ Apple Map ကို အသုံးမပြုရန် သြစတေးလျရဲတို့ သတိပေး

အန္တရာယ်ရှိသော Apple မြေပုံကို အသုံးမပြုရန် သြစတေးလျရဲတို့ သတိပေး

Apple မြေပုံ Application ကို အသုံးမပြုဖို့ တရားဝင် သတိပေးချက်ကို သြစတေးလျ ရဲတို့ ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။ Apple ရဲ့  iOS 6 ပေါ်မှာ အလုပ်လုပ်တဲ့ Apple Map app ဟာ ယနေ့ချိန်ထိ မူလ ပကတိ အနေအထားသို့ ပြန်လည် မရောက်ရှိသေးပါဘူး။ အမှား အယွင်း များဖြစ်ပေါ်နေဆဲ ဖြစ်ပါတယ်။ သြစတေးလျနိုင်ငံ၊ Mildura မြို့ အနီးမှာ ဘေးမဲ့တောပန်းခြံတစ်ခု ရှိတယ်လို့ Apple မြေပုံက ပြ သပြီး အမှန်စင်စစ် ၄၄ မိုင်ဝေးတာကို တွေ့ရပါတယ်။ ဒါကို မသိပဲ Apple Map အသုံးပြုသူဟာ Map ရဲ့ လမ်းညွန်ချက် အတိုင်း သွားတော့ ရေမရှိတဲ့အပြင် အပူချိန် ၁၁၅ ဖာရင်ဟိုက်အထိ မြင့်မားတဲ့ ဒေသ ဖြစ်နေပါတယ်။ အကယ်၍ ကားသာ ယင်းနေရာမှာ တစ်ခုခု ဖြစ်ခဲ့ရင် ပြန်လှည့်ပြန်ဖို့ အခက်အခဲ ရှိတဲ့အတွက် အသက်အန္တရာယ်တောင် စိုးရိမ်ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် Mildura မြို့ က ရဲများဟာ Apple ရဲ့  မြေပုံကို အသုံးမပြုရန် သတိပေးကြေညာလိုက်ပါတယ်။iPhone 5 စတင်ဖြန့်ချိခြင်း အတူထွက်ရှိတဲ့ Apple မြေပုံဟာ ယနေ့တိုင် မှားယွင်းနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် Google ရဲ့  မြေပုံကိုပဲ ပြန်လည် အသုံးပြုစေဖို့ Apple က တိုက်တွန်းထားပါတယ်။ လက်ရှိ ပြင်ဆင်မှု မပြီး နိုင်သေးတဲ့ မြေပုံအတွက် Apple စီအီးအို Tim Cook ကိုယ်တိုင် အောက်တိုဘာလ ၂၆ ရက်နေ့ဟာ တရားဝင် တောင်းပန် ထားပြီး ဖြစ်ပါတယ်။ သို့ပေမယ့် အများပြည်သူတို့ ထပ်ခါထပ်ခါ အသုံးပြုနေမှုကြောင့် သြစတေးလျ ရဲများဟာ Apple ကို တိုက်ရိုက်အကြောင်းကြား အသိပေးရတဲ့ အခြေအနေအထိ ရောက်သွားကြောင်း သိရပါတယ်။ --Ref: imoreAung Kham (TSJ team)http://blog.techspace.com.mm/2012/12/apple_10.html---

TechSpace Journal

Apple မြေပုံ Application ကို အသုံးမပြုဖို့ တရားဝင် သတိပေးချက်ကို သြစတေးလျ ရဲတို့ ထုတ်ပြန်လိုက်ပြီ ဖြစ်ပါ
တယ်။ Apple ရဲ့  iOS 6 ပေါ်မှာအလုပ်လုပ်တဲ့ Apple Map app ဟာယနေ့ချိန်ထိ မူလပကတိအနေအထားသို့ ပြန်
လည် မရောက်ရှိသေးပါဘူး။ အမှား အယွင်း များဖြစ်ပေါ်နေဆဲ ဖြစ်ပါတယ်။ သြစတေးလျနိုင်ငံ၊ Mildura မြို့ အနီး
မှာ ဘေးမဲ့တောပန်းခြံတစ်ခုရှိတယ်လို့ Apple မြေပုံက ပြ သပြီးအမှန်စင်စစ်၄၄ မိုင်ဝေးတာကို တွေ့ရပါတယ်။

မွန်ပြည်နယ် ရေးမြို့နယ်တွင် ဆိုင်ကယ် ဦးထုပ်အတွင်း ၀ှက်ပြီးယူဆောင်လာသော မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

၉-၁၂-၂၀၁၂ ရက်နေ့ ၁၅၃၀ အချိန် မွန်ပြည်နယ် ရေးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သတင်းအရ လမိုင်းမြို့ မြို့မ(၁)ရပ်ကွက်နေ ကျော်မိုးထိုက်(၃၄)နှစ်၏ နေအိမ်သို့ ၀င်ရောက် ရှာဖွေခဲ့ရာ ကျော်မိုးထိုက်သည် အပြင်ဘက်မှ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် တွေ့ရှိသဖြင့် စစ်ဆေးရာ ဦးထုပ်အနီရောင်အတွင်းမှ ပလပ်စတစ်အိတ် အပြာရောင်ဖြင့်ထည့်ထားသည့် WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ် ဆေးပြား(၁၅၇)ပြားနှင့် အစိမ်းရောင် စိတ်ကြွရူးသွပ် ဆေးပြား(၂)ပြား၊ စုစုပေါင်း (၁၅၉)ပြား တန်ဖိုး(၇၉၅,၀၀၀)ကျပ်အား တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

ယမန်နေ့ညနဲ့ ယခုနေ့ မနက်ပိုင်းတွင် (technical glitch) နည်းပညာ ချွတ်ယွင်းချက်ကြောင့် Facebook အား Users အချို့ အသုံးပြုလို့မရခဲ့

Facebook အား Users အချို့ အသုံးပြုလို့မရခဲ့

ယမန်နေ့ညနဲ့ ယခုနေ့ မနက်ပိုင်းတွင် (technical glitch) နည်းပညာ ချွတ်ယွင်းချက် တစ်ခုကြောင့် သန်းပေါင်းများစွာသော User များ Facebook ကို အသုံးပြလို့ မရခဲ့ခြင်း ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။ 

အဆိုပါ Down Time ဖြစ်ခဲ့တဲ့ အချိန်ဟာ ၂၀မိနစ်မှ ၄၅မိနစ် အထိ ကြာမြင့်ခဲ့မယ်လို့ ဆိုကြပါတယ်။ DNS Configuration အပြောင်းအလဲ ပြုလုပ်ခဲ့ခြင်းအတွက် ယခုကဲ့သို့ ဖြစ်ပွားခဲ့ တာဖြစ်ပြီး၊ လက်ရှိအချိန်မှာတော့ ပုံမှန်အနေအထားကို ရောက်ရှိနေပြီလို့ ဆိုပါတယ်။

Facebook မှ လူဘယ်နှစ်ယောက် Access လုပ်လို့မရခဲ့ခြင်း ဖြစ်ပွားခဲ့သည် ဆိုတာကိုတော့ တရားဝင် ပြောကြားထားတာ မတွေ့ရသေးပါဘူး။

ကျွန်တော်တို့ရဲ့ TSJ Page တွင်လည်း User ၂၀၊ ၃၀ လောက် ရုတ်တရက် ပျောက်ဆုံးနေတာကို သတိထားမိလိုက်တဲ့အတွက် သတင်းများ ရှာဖွေကြည့်လိုက်တဲ့အခါ အဆိုပါ ပြသနာ ဖြစ်ပွားနေကြောင်း တွေ့ခဲ့ရခြင်းဖြစ်ပါတယ်။ 

Google News

အေးချမ်းမွန်မှ  TechSpace Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

ယမန်နေ့ညနဲ့ ယခုနေ့ မနက်ပိုင်းတွင် (technical glitch) နည်းပညာ ချွတ်ယွင်းချက် တစ်ခုကြောင့် သန်းပေါင်း
များစွာသော User များ Facebook ကို အသုံးပြလို့ မရခဲ့ခြင်း ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံ ရှင်ဂမ္ဘီရ(ခေါ်)ဦးညီညီလွင်ကို အာမခံနဲ့ လွှတ်ပေး


 ဒီဇင်ဘာ ၂၀၁၂

၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတုန်းက ရှင်ဂမ္ဘီရအဖြစ်ထင်ရှားပြီး လူထွက်ခဲ့တဲ့ ဦးညီညီလွင်ကို အင်းစိန်ထောင်ကနေ အာမခံနဲ့ လွှတ်ပေးတယ်လို့ ဦးညီညီလွင်ရဲ့ အကို ဦးအောင်ကျော်ကျော်က ပြောပါတယ်။
“အင်းစိန်ထောင်ရှေ့မှာ အခု ရောက်နေတယ်။ ရဲအရာရှိတွေနဲ့ အက်စ်ဘီတွေက ဦးဂမ္ဘီရကိုထုတ်ဖို့အတွက် အထဲ
ဝင်သွားတယ်။ ပြန်တော့ ထွက်မလာသေးဘူး။ ထွက်လာရင်လည်း အင်းစိန်ထောင်ရှေ့ကနေလွှတ်မှာမဟုတ်ဘူး။ သန်လျင်မြို့နယ်တရားရုံးကိုခေါ်သွားဦးမယ်၊ အဲကနေ ခံဝန်လက်မှတ်ထိုးပြီးမှ အာမခံနဲ့ လွှတ်မှာပါ။”

ဆီးဂိမ်း ဖျော်ဖြေပွဲမှာ မင်းသမီးကြီး ဒေါ်ကြည်ကြည်ဌေး ဖြစ်သွားတဲ့ ခိုင်သင်းကြည်

"ဆီးဂိမ်း ဖျော်ဖြေပွဲမှာ မင်းသမီးကြီး ဒေါ်ကြည်ကြည်ဌေး ဖြစ်သွားတဲ့ ခိုင်သင်းကြည်"

ခိုင်သင်းကြည်က ဒါရိုက်တာ သိန်းဟန် (ဖီးနစ်) ရိုက်ကူးတဲ့ “ကျော်ကြား နဲ့ အမွှေစိန်” ဆိုတဲ့ ဇာတ်ကားကို ခန့်စည်သူနဲ့ သရုပ်ဆောင်နေပါတယ်။ ဟာသ ဇာတ်ကားလေး ဖြစ်ပြီး ရယ်ရတာကြောင့် ပရိသတ် တွေလည်း ကြိုက်မယ် ထင်တယ်လို့ ပြောပြပါတယ်။ 

ခိုင်သင်းကြည် က ဆီးဂိမ်း ဖျော်ဖြေပွဲမှာ ဒေါ်ကြည်ကြည်ဌေး အဖြစ် သရုပ်ဆောင် ရမှာ ဖြစ် တာကြောင့် ပြင်ဆင်မှုတွေလည်း လုပ်နေရတယ်လို့  ပြောပြတာကြောင့်..
“နာမည်ကြီးတဲ့ မြန်မာ သရုပ်ဆောင်တွေကို ကိုယ်စားပြု နဲ့ နိုင်ငံခြားမှာ ရှိခဲ့တဲ့ သရုပ်ဆောင်တွေကို ကိုယ်စားပြုပြီး ကပြကြမှာ၊ အဲဒီ အထဲမှာမှ မြန်မာ မင်းသမီး ဒေါ်ကြည်ကြည်ဌေး နေရာ ကို လုပ်ဖို့ ဦးမျိုးမင်း တို့က ရွေးထား တာ ကိုလည်း ကျေနပ်ပါတယ်။ အဓိကက အဝတ်အစားကို ပြင်ဆင်ရတယ်။ အဲဒီခေတ်ကို မခိုင်တို့ ကျတော့ သိပ်မမီဘူးလေ။ ကြည့်ဖြစ်တဲ့ ကား က ဒေါ်ကြည်ကြည်ဌေး က အမေခန်း ရောက်သွားပြီ၊ ငယ်ငယ် တုန်းကကားတွေ မကြည့်ရတော့ ကိုယ့်ထက် ဝါရင့်တဲ့ မမို့ တို့ကို မေးရတာပေါ့၊ လေသံကအစ ဘယ်လိုမျိုးလဲပေါ့။ အခွေ လည်း ရှာပေးမယ် ပြောတယ်။ ပြန်ကြည့်လို့ ရတာပေါ့။ စကားက အများကြီး မပြောရဘူး။ နည်းနည်းစီပဲ ပြောကြရမှာလေ။ အဝတ်အစားက အဲဒီခေတ် ပုံစံမျိုးချုပ်ရတာပေါ့။ ဒါပေမဲ့ ဇာတ်ကား ရိုက်တဲ့ အခါ အဲဒီခေတ် ပုံစံတွေလည်း ပါတာတွေ ရှိတော့ ဝတ်တဲ့ သဘော တရားလေး တွေတော့ သိတာပေါ့။ ဒီလိုမျိုး တကယ့်ကို အကယ်ဒမီတွေ လည်း အများကြီး ရခဲ့တယ်။ ဝဏ္ဏကျော်ထင်ဘွဲ့လည်း ရခဲ့တယ်။ ကိုယ်လေးစား အားကျရတဲ့ အနုပညာရှင်ကြီးရဲ့ နေရာကနေ သရုပ်ဆောင် ရမယ်ဆိုတော့ ကျေနပ်ပါတယ်” လို့ ပြောပြပါတယ်။

၂ဝ၁၃ ဆီးဂိမ်းကို မြန်မာနိုင်ငံမှာ လုပ်မှာ ဖြစ်တဲ့ အတွက်လည်း နိုင်ဖို့ မျှော်လင့်ထားသလို၊ နိုင်စေချင်တယ် လို့ပြောတဲ့ ခိုင်သင်းကြည်က…
“အားကစားမှာ တခြား နိုင်ငံတွေနဲ့ ပြိုင်ရင် ကိုယ့်နိုင်ငံ နိုင်ချင်တာပဲ သိတာလေ၊အခု အားသာတာက ကိုယ့်နိုင်ငံမှာ လာလုပ်တယ် ဆိုတော့ ပရိသတ် အားပေးတဲ့ အသံနဲ့ ဒီအားကစား သမားတွေက ပို စိတ်ဓာတ် တက်ကြွပြီး ပိုနိုင်မယ်လို့ မျှော်လင့် ထားတယ်”လို့လည်း ပြောပြခဲ့ပါတယ်။

မေမွန်မောင်
ဓာတ်ပုံ-အောင်ဇော်မင်း
ဓာတ်ပုံ-အောင်ဇော်မင်း
ခိုင်သင်းကြည်က ဒါရိုက်တာ သိန်းဟန် (ဖီးနစ်) ရိုက်ကူးတဲ့ “ကျော်ကြား နဲ့ အမွှေစိန်” ဆိုတဲ့ ဇာတ်ကားကို ခန့်
စည်သူနဲ့ သရုပ်ဆောင်နေပါတယ်။ ဟာသ ဇာတ်ကားလေး ဖြစ်ပြီး ရယ်ရတာကြောင့် ပရိသတ် တွေလည်း ကြိုက်မယ် ထင်တယ်လို့ ပြောပြပါတယ်။

ဆန်းသစ်လှပပြီး…..စုံလင်လှတဲ့…….Feature တွေနဲ့…….Camera MX Andriod Appliciation


Camera MX Appliciation လေးဟာ မိမိ ဓါတ်ပုံတွေ၊ Video တွေကိုEffects တွေ၊ နောက်ခံရှုခင်းတွေ၊ဘောင်
တွေထည့်ပြီး….လုံးဝအလန်းပြင်ဆင်နိုင်တဲ့.. Appliciation လေးတစ်ခုဖြစ်ပါတယ်..။

Androidဖုန်းမှာWidget ကောင်းကောင်းသုံးချင်သူတွေအတွက် HD Widget for Android



မိမိရဲ့ Androidဖုန်းမှာWidget ကောင်းကောင်းသုံးချင်သူတွေအတွက်HD Widget လေးကိုတင်ပေးလိုက်ပါ
တယ်။Widgetမှာ ရာဥတုနဲ့နာရီလေးတွေကို အရောင်တွေ နောက်ခံတွေ ပြောင်းလို့ရပါတယ်။ Size ကိုလဲ
သေချာရွေးချယ့်ရပါတယ်။ဖုန်းမှာ Widget မပါဘူးဆိုရင်လဲHD Widgetကအဆင်ပြေစွာသုံးဆွဲနိုင်ပါတယ်။

မြန်မာနိုင်ငံ ဆေးရုံများ ငွေမျက်နှာကြည့်ကာ ကျန်းမာရေး ဝန်ဆောင်မှု ညံ့ဖျင်းနေဆဲ

ရန်ကုန်မြို့ ရှင်ပါကူ ဆေးရုံတွင် ဒီဇင်ဘာလ ၇ ရက်နေ့ကတည်းက ဆေးကုသမှုခံယူနေသော စစ်တွေမြို့ နယ်မှ အဘ ဦးအောင်ကျော်ဝင်း+ အမိ ဒေါ်မ လှသိန်းတို့၏သား ကျော်စိုးလင်း(ခ) လုံးလုံး အသက် (၂၇)နှစ်၊ မှတ်ပုံတင်အမှတ်- ၁၁/ မဥန (နိုင်) ၀၆၇ ၃၈၈ သည်ဒီဇင်ဘာ ၉ ရက်နေ့၊ (၉) နာရီကျော်တွင် သေဆုံးသွား
ကြောင်း သိရသည်။

မီးလောင်ဒဏ်ရာပြင်းထန်စွာရသည်အထိ ဖြိုခွင်းဆောင်ရွက်ရန် လုံးဝမလိုအပ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ကြေးနီစီမံကိန်းဧရိယာအတွင်းရှိသပိတ်စခန်းများကို နိုဝင်ဘာ၂၉ ရက်နေ့ နံနက်၃ နာရီအချိန်တွင်လုံခြုံရေး
ရဲတပ်ဖွဲ့ဝင်များက ဖြိုခွင်းခဲ့ရာ၊ ယင်းဖြို ခွင်းမှုတွင် သံဃာတော် ၂၇ ပါးနှင့် သပိတ်မှောက် ပြည်သူများ မီး
လောင် ဒဏ်ရာ အများအပြားရရှိခဲ့သည့်အပေါ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်
ဒေါ်အောင်ဆန်းစုကြည်က ဒေသခံတောင်သူ လယ်သမားပြည်သူများနှင့် သံဃာတော်အမြောက်အများ မီး
လောင်ဒဏ်ရာ ပြင်းထန်စွာရသည်အထိ ဖြိုခွင်းဆောင်ရွက်ရန် လုံးဝမလိုအပ်ဟု နိုဝင်ဘာ ၃၀ ရက်နေ့၊ မုံရွာ
မြို့တွင် ပြုလုပ်သော လူထုတွေ့ဆုံပွဲတွင် ပြည်သူများအား ပြောကြားသည်။

မြန်မာ့ ဆိပ်ကမ်း အာဏာပိုင် စက်မှု အင်ဂျင်နီယာ ဌာနမှ မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ရေကြောင်း ဌာနသို့ နတ်မင်း အမည်ရှိ မီးသတ်ရေယာဉ်အား လွှဲပြောင်း ပေးအပ်

Photo: နတ်မင်း အမည်ရှိ မီးသတ်ရေယာဉ်အား လွှဲပြောင်း ပေးအပ်ခဲ့


နတ်မင်း အမည်ရှိ မီးသတ် ရေယာဉ်ကို ရေယာဉ် ပြုပြင် တည်ဆောက်ခဲ့တဲ့
မြန်မာ့ ဆိပ်ကမ်း အာဏာပိုင် စက်မှု အင်ဂျင်နီယာ ဌာနမှ ရေယာဉ်
အသုံးပြုမယ့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ရေကြောင်း ဌာနကို လွှဲပြောင်း ပေးအပ်ခြင်းကို ဒီဇင်ဘာလ ၉ ရက်နေ့က နန်းသီတာ ဆိပ်ကမ်းမှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။ အဆိုပါ နတ်မင်း မီးသတ်
ရေယာဉ်ဟာ ၁၉၆၁ ခုနှစ်က ဂျာမနီ နိုင်ငံမှာ တည်ဆောက် ခဲ့တာ
ဖြစ်ပြီး ၁၉၉၃ ခုနှစ်မှာ စက်ပစ္စည်းသစ်များ အစားထိုးကာ အကြီးစား ပြုပြင်မှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီလို ဆောင်ရွက်မှုတွေ အပြင် ၂၀၀၈ ခုနှစ်၊ မေလက ဖြစ်ပွားခဲ့တဲ့ 
နာဂစ် မုန်တိုင်း ဒဏ်ကြောင့် ရန်ကုန်မြစ် အတွင်း နစ်မြှုပ်ခဲ့ရာ မှာတော့ ဆယ်ယူမှု ဆောင်ရွက်နိုင် ခဲ့ပေမယ့် ပြန်လည် အသုံးပြုနိုင်မှု မရှိနိုင်တော့တဲ့ အတွက် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ အတွင်းက အကြီးစား ပြုပြင် တည်ဆောက်ခြင်းကို ပြန်လည် ဆောင်ရွက်ခဲ့ တယ်လို့ သိရပါတယ်။ 
အဲ့ဒီ နတ်မင်း မီးသတ် ရေယာဉ်ကို ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ အတွင်းမှာ
ပြန်လည် ပြုပြင် တည်ဆောက်မှု ဆောင်ရွက်ပြီးခဲ့တဲ့ အတွက် ပြန်လည် အသုံးပြု နိုင်ရန် ရေချမှု ဆောင်ရွက် ခဲ့တာဖြစ် ပါတယ်။

ဒီလို အကြီးစား ပြန်လည် ပြုပြင် တည်ဆောက်မှု တန်ဖိုးဟာ အမေရိကန် ဒေါ်လာ အားဖြင့် ၁.၁၅ သန်း ကုန်ကျ ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ နတ်မင်း ရေယာဉ်ရဲ့ အမြန်နှုန်းဟာ ၁ နာရီကို ၁၂ မိုင်နှုန်းဖြစ်ပြီး မီးငြှိမ်းသတ်မှု ဆောင်ရွက်ရာမှာ ဟိုက်ဒြောလစ် စနစ်နဲ့ အရှိန်မြှင့်တင် နိုင်တဲ့ Fire Monitor ၁ ခုနဲ့ Manual Type Fire Monitor ၂ ခု တပ်ဆင်ထား ပါတယ်။ ဒါ့အပြင် ရေယာဉ်ကို မီးငြှိမ်းသတ်မှု လုပ်ငန်းများ အပြင် တွန်းရေယာဉ် အနေနဲ့ အသုံးပြုနိုင်တဲ့ အတွက် ရန်ကုန်ဆိပ်ကမ်း အတွင်း ၀င်ထွက် နေတဲ့ သင်္ဘောကြီးများ အတွက် ဆိပ်ကမ်း ၀န်ဆောင်မှု ပေးရာ မှာလည်း များစွာ အထောက်အကူ ပြုနိုင်တာပဲ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

အေးချမ်းမွန်မှ MRTV - 4 တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

နတ်မင်း အမည်ရှိ မီးသတ် ရေယာဉ်ကို ရေယာဉ် ပြုပြင် တည်ဆောက်ခဲ့တဲ့ မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်
 စက်မှု အင်ဂျင်နီယာ ဌာနမှ ရေယာဉ် အသုံးပြုမယ့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ရေကြောင်း ဌာနကို လွှဲ
ပြောင်း ပေးအပ်ခြင်းကို ဒီဇင်ဘာလ ၉ ရက်နေ့က နန်းသီတာ ဆိပ်ကမ်းမှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။