Pages

Pages - Menu

Tuesday, December 11, 2012

မီးလောင်ဒဏ်ရာပြင်းထန်စွာရသည်အထိ ဖြိုခွင်းဆောင်ရွက်ရန် လုံးဝမလိုအပ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ကြေးနီစီမံကိန်းဧရိယာအတွင်းရှိသပိတ်စခန်းများကို နိုဝင်ဘာ၂၉ ရက်နေ့ နံနက်၃ နာရီအချိန်တွင်လုံခြုံရေး
ရဲတပ်ဖွဲ့ဝင်များက ဖြိုခွင်းခဲ့ရာ၊ ယင်းဖြို ခွင်းမှုတွင် သံဃာတော် ၂၇ ပါးနှင့် သပိတ်မှောက် ပြည်သူများ မီး
လောင် ဒဏ်ရာ အများအပြားရရှိခဲ့သည့်အပေါ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်
ဒေါ်အောင်ဆန်းစုကြည်က ဒေသခံတောင်သူ လယ်သမားပြည်သူများနှင့် သံဃာတော်အမြောက်အများ မီး
လောင်ဒဏ်ရာ ပြင်းထန်စွာရသည်အထိ ဖြိုခွင်းဆောင်ရွက်ရန် လုံးဝမလိုအပ်ဟု နိုဝင်ဘာ ၃၀ ရက်နေ့၊ မုံရွာ
မြို့တွင် ပြုလုပ်သော လူထုတွေ့ဆုံပွဲတွင် ပြည်သူများအား ပြောကြားသည်။ ဘယ်လိုရည်ရွယ်ချက်နဲ့လုပ်တာလဲ၊ ဒီလောက်ထိဟာ၊ ကျွန်မပွင့်ပွင့် လင်းလင်းပြောမယ်နော်။ဒီလောက်ထိ
လုံးဝမလိုအပ်ပါဘူး။ ဆေးရုံမှာဒဏ်ရာ ရတဲ့သံဃာတော်တွေကို သွားဖူးတယ်။သံဃာတော်တွေ သွားမတွေ့
ခင်မှာ ကျွန်မတွေ့တဲ့ ရွာသူရွာသားတွေထဲမှာမီးလောင်လာတဲ့ မိန်းကလေးတစ် ယောက်လည်းတွေ့တယ်
။ လက်တွေမှာပေါ့နော် တော်တော်ဆိုးတာပဲ။ သံဃာတော်တွေရဲ့ ဒဏ်ရာတွေကလည်း တော်တော့်ကိုဆိုး
တာပဲ။ အဲဒီ လောက်ထိ ဘာဖြစ်လို့လုပ်ဖို့လိုသလဲဆိုတာ ကျွန်မတို့ပြည်သူမှာ သိပိုင်ခွင့် ရှိတယ်လိုထင်ပါ
တယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြော ကြားသည်။

အဆိုပါ ဖြိုခွင်းသည့်ကိစ္စရပ်သည် ကြမ်းတမ်းခဲ့သဖြင့် ယင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့
အစည်းများ နှင့် တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်သွားမည် ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြား သည်။

“ပြောရမယ်ဆိုရင်တော့ အင်မတန်ကြမ်းကြမ်းတမ်းတမ်း နှိမ်နင်းလိုက်တယ်။ ခွဲလိုက်တယ် ဆိုတာသိရပါ
တယ်။ ဘယ်လို ကြောင့် ဒီလောက်တောင်မှာ ကြမ်းကြမ်း တမ်းတမ်းလုပ်ရသလဲဆိုတာ ကျွန်မတို့ ပြည်သူ
တွေအနေနဲ့ မေးပိုင်ခွင့်ရှိတယ်လို့ ယုံကြည်ပါတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါ ဖြိုခွင်းခံရသောသပိတ်စခန်း များသည် နိုဝင်ဘာ ၁၈ ရက်နေ့မှ စတင်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး၊ ယင်း
သပိတ်စခန်း များကို နိုဝင်ဘာ ၂၇ ရက်နေ့ ည ၁၂ နာရီ နောက်ဆုံးထား၍ ဖယ်ရှားပေးရန်နှင့်ဖယ်ရှား ရှင်း
လင်းမှုမပြုပါက ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ တည်ဆဲ ဥပဒေများအတိုင်းအဆင့်ဆင့် ဖြေရှင်းဆောင်
ရွက်သွားမည်ဟု ပြည်ထဲရေး ၀န်ကြီးဌာနသည် နိုင်ငံပိုင်မီဒီ ယာများမှတစ်ဆင့် နိုဝင်ဘာ ၂၇ ရက်နေ့ ည ၈ နာရီတွင် သတိပေးကြေညာချက်ထုတ် ပြန်ခဲ့သည်။

နိုဝင်ဘာ ၂၉ ရက်နေ့ဖြိုးခွင်းမှုမစတင် မီကလည်း လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များသည် သပိတ်စခန်းများ၌ စုဝေး
နသူများအား လူစုမခွဲပါက ရဲလုပ်ထုံးလုပ်နည်းဥပဒေများ နှင့်အညီအရေးယူဆောင်ရွက်သွားမည်ဖြစ်
ကြောင်းဟူသော ကြေညာမှုများကို ဆက် တိုက်ပြုလုပ်ခဲ့ကြောင်း သိရသည်။
 
 
Monywa Times 

No comments:

Post a Comment