Pages

Pages - Menu

Tuesday, December 11, 2012

ရွှေဂုံတိုင် ခုံးကျော်တံတား ပန္နက်တင်ပွဲကြောင့် လမ်းအချို့ယာယီပိတ်မည် "

ရန်ကုန်၊ဒီဇင်ဘာ ၁၁ ရက်
ရွှေဂုံတိုင် ခုံးကျော်တံတား ပန္နက်တင်ပွဲအား ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်း ရန်ကုန်စည်ပင်

မှ သိရသည်။ပန္နက်တင်ပွဲ အခမ်းအနားအား မနက်၈ နာရီအချိန်တွင် ပြုလုပ်မည်ဖြစ်ပြီးယင်းနေ့နံနက်ပိုင်းတွင်ပုလဲ
လမ်းဆုံ၊ ကမ္ဘာအေးဘုရားလမ်းဆုံ၊ လစ်လမ်းနှင့် ရွှေဂုံတိုင်လမ်းဆုံ တောင်နှင့်မြောက်ဘက်လမ်းများအား ခေတ္တ
ပိတ်ထားမည်ဖြစ်ကြောင်း ရန်ကုန်စည်ပင်လမ်းတံတားဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ခုံးကျော်တံတားသည် ယခုဘတ်ဂျက်နှစ်အတွင်း လေးပုံသုံးပုံ ပြီးစီးရန်လျာထားခြင်းခံရ သောတံတားဖြစ်
သည်။ ယင်းတံတားအား Capital ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်မည်ဖြစ်သည်။

WMT
ပေါ်ပြုလာမြန်မာ

No comments:

Post a Comment