Pages
▼
Pages - Menu
▼
Friday, September 14, 2012
လွှတ်တော်တက်နေသော ကိုယ်စားလှယ်များ၏ သွားလာရေး၊ စားသောက်ရေး အခက်အခဲများကိုဇတ်လမ်းအဖြစ်ဖန်တီးထားတဲ့‘ဇွတ်ခေါ်တဲ့ လွှတ်တော်’ မကြာမီ ထွက်တော့မည်
လျှပ်စစ်မီး မရရှိမှု အပါအဝင် အခြားတိုင်းပြည် အခြေအနေများကို ပြည်ထောင်စု လွှတ်တော် အတွင်း ကိုယ်
စားလှယ်များ ဆွေးနွေးချက်များအား ထောက်ပြ၍ လှောင်ပြောင် သရော်ထားသည့် ‘ဇွတ်ခေါ်တဲ့ လွှတ်တော်
’ ဗီဒီယိုဇာတ်လမ်းခွေကို မကြာမီ ဖြန့်ချိတော့မည် ဖြစ်သည်။
ပုသိမ်မြို့နယ် NLD ရုံးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟို (ရန်ကုန်)မှ အသိအမှတ်မပြုတော့ကြောင်းသတင်းထုတ်ပြန်
ဧရာဝတီတိုင်းမြို့တော် ပုသိမ်မြို့တွင် ဖွင့်လှစ်ထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မြို့နယ်ရုံးကို 'အသိအမှတ်မပြု' ကြောင်း ပါတီဗဟိုဌာနချုပ်က ကြာသပတေးနေ့တွင် ထုတ်ပြန်ကြေညာ လိုက်သည်။
မြစ်ဆုံဆည် ရပ်ဆိုင်းခြင်း တစ်နှစ်ပြည့်အခမ်းအနားကို တက်ရောက်ဖို့ ကိုမင်းကိုနိုင် နဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ ကချင်ပြည်နယ်ကို ရောက်ရှိ
မြစ်ဆုံဆည်
ရပ်ဆိုင်းခြင်း တစ်နှစ်ပြည့်အခမ်းအနားကို တက်ရောက်ဖို့ အတွက်
ကချင်ပြည်နယ်ကို ရောက်ရှိ
နတဲ့ ကိုမင်းကိုနိုင် နဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဟာ ဒီကနေ့ မြစ်ဆုံဒေသ အခြေအနေ
တွေ ကို သွားရောက်လေ့လာခဲ့သလို စီမံကိန်းကြောင့် နေရာရွှေ့ပြောင်းခံခဲ့ရတဲ့ အောင်မြေသာ စံပြကျေးရွာ
ကိုလည်း သွားရောက်ခဲ့ပါတယ်။
အသုံးရခက်တဲ့ အပေါင်မဲ့ချေးငွေ
ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေး(၃၄)ရက်မြောက်အစည်းအဝေးမှာလသာမဲဆန္ဒနယ်မှလွှတ်တော်ကိုယ်
စားလှယ် ဦးကြည်မြင့်မေးတဲ့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် အတွင်း အသေး
စားနဲ့ အလတ်စားလုပ်ငန်းများ အတွက် အပေါင်မဲ့တစ်နှစ် ၁၅
ရာခိုင်နှုန်းအတိုးဖြင့် လုပ်ငန်းမည် မျှနဲ့ ချေးငွေမည်မျှထုတ်ချေးခဲ့
သည်ကို သိရှိလိုကြောင်းမေးခွန်းဟာကျွန်တော်တို့ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က အပေါင်မဲ့ ငွေထုတ်ချေးပေးတာနဲ့
ပတ်သက်တဲ့မေးခွန်းလို့ထင်ပါတယ်။
အစိုးရတပ်ဖွဲ့များ မှားယွင်းစွာ ပစ်ခတ်မှုကြောင့် ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ဒုက္ခသည် တဦး သေဆုံး၊ ခြောက်ဦး ဒဏ်ရာရ
အစိုးရတပ်ဖွဲ့များမှားယွင်းစွာပစ်ခတ်မှုကြောင့်ကချင်ပြည်နယ်၊ဖားကန့်မြို့တွင်းမှော်ဝမ်း ရပ်ကွက်မှ နှစ်ခြင်း
အသင်းတော်ဘုရားကျောင်းတွင်ခိုလှုံနေသောစစ်ပြေးဒုက္ခသည်တဦးသေဆုံးကာခုနှစ်ဦးဒဏ်ရာ ရရှိသွား
ကြောင်း ဒေသခံများက ပြောသည်။
ဂျပန် ထုတ်ကုန်ပစ္စည်းပြပွဲ ၂ဝ၁၂ ကို အောက်တိုဘာလ ၅ ရက်နေ့မှ ၈ ရက်နေ့အထိ ဒဂုံမြို့နယ်ရှိ တပ်မတော်ခန်းမတွင် ကျင်းပပြုလုပ်မည်
ဂျပန် ထုတ်ကုန်ပစ္စည်းပြပွဲ ၂ဝ၁၂ ကို အောက်တိုဘာလ
၅ ရက်နေ့မှ ၈ ရက်နေ့အထိ ဒဂုံမြို့နယ်ရှိ တပ်မတော်ခန်းမတွင်
ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါပွဲ စီစဉ်သည့် Myanmar Professioinal
Services Company Limited မှ Executive Director ဒေါက်တာ ဇာနည်မောင်မောင်က
ပြောသည်။
စင်ပြိုင်အစိုးရတရပ် မလိုအပ်တော့၍ အမျိုးသား ညွှန်ပေါင်းအစိုးရ NCGUB အား ဖျက်သိမ်းလိုက်
လက်ရှိ မြန်မာ့နိုင်ငံရေး
အခင်းအကျင်းများအရ စင်ပြိုင်အစိုးရ တရပ် ထားရှိရန် မလိုအပ်တော့၍ အမျိုးသား
ညွှန်ပေါင်းအစိုးရ NCGUB အား ဖျက်သိမ်းလိုက်ကြောင်း ပြန်ကြားရေးနှင့် လူထု
ဆက်ဆံရေး ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည့် ဒေါက်တာတင့်ဆွေ က ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လွှတ်တော် ကိုယ်စားလှယ်တွေရော၊
ကျောင်းသားတွေရော ပြည်ပကို ထွက်ပြီးမြန်မာပြည် အခြေအနေကို ပြောနိုင်
ဆိုနိုင်ပြီ။
ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း)SSA နှင့် အစိုးရတပ် ဓားစာခံချင်း ဖလှယ်သော်လည်း ရွာသားတချို့ မလွတ်သေး
ဒေသခံရွာသားများကိုအစိုးရတပ်ကဖမ်းဆီးမှုကြောင့်အစိုးရတပ်သားများကိုရှမ်းပြည်တပ်မတော်(မြောက်ပိုင်း
)ဟုလူသိများသည့်SSPP/SSAက အပြန်အလှန် ဖမ်းဆီးခဲ့ပြီး
တနင်္လာနေ့တွင်ပြန်လွှတ်ပေးလိုက်သော်လည်း ရွာသားများကို ပြန်လွှတ်ပေးခြင်း
မရှိသေးကြောင်း SSA ဘက်က ပြောသည်။
ကျောင်းဆင်းချိန် KIA မှ မိုင်းခွဲမှုကြောင့် ကျောင်းသူ၊ ကျောင်းသားများ သေဆုံး ဒဏ်ရာရရှိ
ကချင်ပြည်နယ်ဖားကန့်မြို့နယ်အတွင်းရှိ မှော်ဝန်း ကလေးေ ကျးရွာနှင့် စွန့်ငိုင်ကျေးရွာ ကြား တွင် ကျောင်း
ဆင်းချိန် KIA အဖွဲ့မှ မိုင်းဖောက်ခွဲမှုကြောင့် ကျောင်းသူ၊ ကျောင်းသား အများ အပြား ထိခိုက် ဒဏ်ရာ ရရှိ
ခဲ့ပြီး အသက်(၁၃)အရွယ်ရှိ စွန့်ငိုင်ရွာတွင်နေထို င်သော ကျောင်းသူမဆိုင်းဂျာအိမ် သည် အရေးပေါ်လူနာ
အဖြစ် ဖားကန့်ဆေးရုံသို့ရောက်ရှိလာကာ ခွဲစိတ်ဆရာဝန် များနှင့် သူနာပြုများမှ အစွမ်းကုန် ကုသပေးခဲ့
သော်လည်း ည(၁၀)နာရီခန့်တွင် သေဆုံးသွားခဲ့တယ် လို့ သိရပါတယ်။
မသွဲ့သွဲ့ဝင်း၊ မအေးနက်နှင့် မဖြူဖြူဝင်းတို့ ယနေ့ ညနေပိုင်းက ပြန်လည် လွတ်မြောက်
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရွာများမှ မုံရွာမြို့သို့ဘုရားဖူးသွားရောက်ရင်းထိန်းသိမ်းခံခဲ့ရသောဝက်မှေးရွာသူအမျိုးသမီးသုံးဦးဖြစ်သည့် မသွဲ့သွဲ့
ဝင်း၊မအေးနက်နှင့်မဖြူဖြူဝင်းတို့စက်တင်ဘာလ၁၄ရက်နေညနေပိုင်းတွင်ပြန်လည်လွတ်မြောက် လာခဲ့
ကြောင်း
သိရပါသည်။
မသွဲ့သွဲ့ဝင်းတို့ ဒီနေ့ လွတ်မည်
ဓါတ်ပုံ - ကိုအောင်နေမျိုး
မသွဲ့သွဲ့ဝင်းတို့ကို ယနေ့ လွှတ်ပေးတော့မည် ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုဂျင်မီက အဖမ်းဆီးခံ ထားရသည့် မသွဲ့သွဲ့ဝင်း၊ မဖြူဖြူဝင်း၊ မအေးနက်တို့ကို ယနေ့တွင်ပြန် လွတ်ပေးဖွယ် ရှိ ကြောင်း ယနေ့၁နာရီခန့်တွင်စစ်ကိုင်းတိုင်းဒေသကြီးဝန်ြ ကီးချုပ်ဦးသာအေးနှင့်တွေ့ဆုံအပြီး ဧရာဝတီကို ပြောကြားခဲ့
သည်။
သမ္မတအိမ်တော်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးရှေ့မှာ စစ်ပွဲများရပ်တန့်ရေးအတွက်ဆန္ဒထုတ်ဖော်ပွဲများ ကျင်ပသွားမည်ဟုသတင်းရရှိ
အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ဖြစ်သောစက်တင်ဘာ၂၁ရက်တွင် စစ်ပွဲများရပ်တန့်ရေးအတွက် မြန်မာ
နိုင်ငံတစ်ဝန်းလုံး၌ဆန္ဒထုတ်ဖော်ပွဲများကျင်ပသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။"ရန်ကုန်က လူနှစ်ရာ့
ငါးဆယ်လောက်နဲ့နေပြည်တော်ကိုနေ့ချင်းပြန်သွားမယ်။သမ္မတအိမ်တော်ရယ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးရှေ
့တွေမှာ
လူထုဆန္ဒထုတ်ဖော်ပွဲလုပ်မယ်။
အရပ်အမြင့်ဆုံး ထိုင်းအမျိုးသမီး
ထွားလာတာဟာ ဦးနှောက်မှာ နာ့ဗ်ကြောတခုကို ဖိမိနေတဲ့ အကြိတ်ကြောင့် ဟိုမုန်းမညီမျှမှုကနေ ဖြစ်ပေါ်
လာတာလို့ ဆိုပါတယ်။
ထိုင်းနိုင်ငံတွင် ရောင်းစားခံထားရသည့် မြန်မာ၂၂ ဦးအား ကယ်တင်
ရောင်းစားခံထားရ သည့် မြန်မာ အလုပ်သမား ၂၁ ဦးတို့အား လူကုန်ကူးမှုတိုက် ဖျက်ရေး ပူးပေါင်းဆောင်
ရွက် သူများက ကယ် တင် နိုင်ကြောင်း သိရှိရသည်။
KIA နှင့် လွယ်ဂျယ်အနီး တိုက်ပွဲတွင် အစိုးရတပ် ၂၆ ဦးကျ
ကချင်ပြည်နယ်တရုတ်မြန်မာနယ်စပ်ကချင်လွတ်မြောက်ရေးတပ်ဖွဲ့(KIA)တပ်မဟာ(၃) နယ်မြေတွင် မြန်မာ အစိုးရတပ်ဖွဲ့နှင့်ယမန်နေ့တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ အစိုးရ စစ်တပ်ဘက် ၂၆ ဦး သေဆုံးခဲ့ကြောင်း KIA ကပြောသည်။
ဖန်သားပြင် လေးလက်မအကျယ်ရှိ 4G LTE စနစ်သုံး အပါးလွှာဆုံး iPhone 5 စတင်မိတ်ဆက်
Apple ကုမ္ပဏီသည် စမတ်ဖုန်း တစ်ခေတ်ပြောင်းလဲစေခဲ့သော iPhone များ၏ နောက်ဆုံးမျိုးဆက်သစ် iPhone 5 ကို စက်တင်ဘာလ ၁၂ ရက်နေ့ (မြန်မာ့စံတော်ချိန် ည ၁၁ နာရီခွဲ)တွင် စတင်ပြသခဲ့သည်။ဆန်ဖ
ရန်စစ္စကိုတွင် ပြုလုပ်ခဲ့သော ယင်းအခမ်းအနားတွင် Apple ၏ ဈေးကွက်ရှာဖွေရေးဆိုင်ရာ အကြီးတန်းဒုတိ
ယဥက္ကဋ္ဌ ဖိလစ်ရှီးလားက iPhone 5 ကို ပြသသွားခဲ့သည်။
"အလန်းလွန် အလွန်လန်း" ရုံတင်မည်
ပွင့်သည့် ဇာတ်ကောင်နေရာမှ နေတိုးသရုပ်ဆောင်ထားပြီး အဓိကသရုပ်ဆောင် မင်းသမီးခုနစ်ဦး ပါဝင်
သရုပ်ဆောင်ထားသော “အလန်းလွန်အလွန်လန်း” ရုပ်ရှင်ဇာတ်ကားကို စက်တင်ဘာလလယ်တွင် ရုံတင်ပြ
သတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။
မန်ယူအတွက် ကစားသည့်ပွဲပေါင်း ၇၀၀ ပြည့်မြောက်မည့် ပေါလ်စခိုး
တွင် ပေါလ်စခိုး ပါဝင်ကစားသည့်
ပွဲပေါင်း ၇၀၀ ပြည့်မြောက်မည် ဖြစ်ကြောင်း Daily Mail က ဖော်ပြသည်။
လစ်ဗျားနိုင်ငံတွင် တိုက်ခိုက်မှု တစ်ခုအတွင်း အမေရိကန် သံအမတ် သေဆုံးမှုအတွက် တရားမျှတမှုကို ပြန်လည် ရယူမည်ဟု အမေရိကန် သမ္မတ ဘာရတ် အိုဘားမားက ပြောကြား
လစ်ဗျားနိုင်ငံတွင် တိုက်ခိုက်မှု တစ်ခုအတွင်း အမေရိကန် သံအမတ် သေဆုံးမှုအတွက် မိမိတို့အနေဖြင့် တရားမျှတမှုကို ပြန်လည် ရယူမည်ဟု အမေရိကန် သမ္မတ ဘာရတ် အိုဘားမားက ပြောကြားလိုက်သည်။
ဒီမိုကရေစီကို ဈေးပေါအောင်မလုပ်ကြပါနဲ့ (မောင်ဝံသ-ပြောချင်လွန်းလို့)
စိုးရိမ်မိတယ်
၁၉၈၈ ခု စက်တင်ဘာလ အာဏာသိမ်းပြီးချိန် နောက်ပိုင်းမှာ ညကလပ်တွေ ဖွင့်ကြ၊ ကာရာအိုကေတွေ ဆိုကြ၊ လူမြင်ကွင်းမှာ အတွဲတွေ သောင်းကျန်းကြ၊ အရက်အမျိုးမျိုး လိုင်စင်ယူပြီး ထုတ်လုပ်ကြ၊ သောက်ကြ မူးကြတာကို နေရာအတော်များများမှာ တွေ့ရတယ်။
၁၉၈၈ ခု စက်တင်ဘာလ အာဏာသိမ်းပြီးချိန် နောက်ပိုင်းမှာ ညကလပ်တွေ ဖွင့်ကြ၊ ကာရာအိုကေတွေ ဆိုကြ၊ လူမြင်ကွင်းမှာ အတွဲတွေ သောင်းကျန်းကြ၊ အရက်အမျိုးမျိုး လိုင်စင်ယူပြီး ထုတ်လုပ်ကြ၊ သောက်ကြ မူးကြတာကို နေရာအတော်များများမှာ တွေ့ရတယ်။
NLD ပါတီထဲမှာ လူဟောင်း လူသစ် အားပြိုင်မှုတွေက အတော်ကို အားကြီးတယ်
အရှုပ်ထဲမှာ ရှင်းအောင်နေ
ဦးဝင်းတင် နဲ့ မေးခွန်းများ --------
အင်န်အယ်ဒီပါတီနဲ့
ခေါင်းဆောင်တွေ၊ နောက်လိုက်တွေရဲ့ စည်းရုံးရေး အတော် ခရီးရောက်နေပြီလား။
ညီလာခံလုပ်မယ်ဆိုကာမှ အချင်းချင်းတွေကြား ဆန္ဒပြတာတွေ၊ ကန့်ကွက်တာတွေ
ကြားနေရတယ်။
၁၉၈၈ နောက်ပိုင်း၊ ပါတီကို ထူထောင်ပြီးနောက်မှာ
ပါတီညီလာခံတွေ လုပ်ဖို့ ကျိုးစားခဲ့တယ်။ အဲဒီလုပ်ငန်းတွေကို စစ်အစိုးရက
ဖြိုခွဲတားဆီးခဲ့တယ်။