Pages

Pages - Menu

Friday, September 14, 2012

တရုတ်နိုင်ငံ အမျိုးသား ပြည်သူ့ကွန်ဂရက် ဥက္ကဋ္ဌ ဝူဘန်းကိုနဲ့ အဖွဲ့ မြန်မာနိုင်ငံကို ချစ်ကြည်ရေး ခရီးအ ဖြစ် မနေ့က နေပြည်တော်ကို ရောက်ရှိ

Photo: တရုတ်နိုင်ငံ အမျိုးသား ပြည်သူ့ကွန်ဂရက် ဥက္ကဋ္ဌ ဝူဘန်းကိုနဲ့ အဖွဲ့ဟာ
 မြန်မာနိုင်ငံကို ချစ်ကြည်ရေး ခရီးအဖြစ် မနေ့က နေပြည်တော်ကို
 ရောက်ရှိလာပါတယ်။ 

တရုတ်ကိုယ်စားလှယ်အဖွဲ့ဟာ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ကို တွေ့ဆုံခဲ့တယ်လို့ တရုတ်အစိုးရ သတင်းဌာနက ပြောပါတယ်။

 ဒီခရီးစဉ်ရဲ့ ရည်ရွယ်ချက်ကတော့ ၁၉၅ဝ ခုနှစ် ကတည်းက တည်ဆောက်
ခဲ့တဲ့ တရုတ်-မြန်မာ ဆက်ဆံရေးဟာ နိုင်ငံတကာ အပြောင်းလဲတွေ ကြားမှာ ခုချိန်အထိ ခိုင်မြဲနေတယ် ဆိုတာနဲ့ ရှေ့ဆက် ဆောင်ရွက်နေတဲ့ အခြေအနေ
ကို ပြသတာ ဖြစ်သလို၊ လူနေမှုစနစ် မတူတဲ့ နှစ်နိုင်ငံကြားက နိုင်ငံ
အချင်းချင်း ဆက်ဆံရေး ခိုင်မာမှုရဲ့ ပြယုဂ်လည်း ဖြစ်တယ်လို့ မစ္စတာ ဝူဘန်းကိုက ပြောပါတယ်။ 

၎ နိုင်ငံခရီး ထွက်လာတဲ့ တရုတ် ကိုယ်စားလှယ် အဖွဲ့ဟာ အီရန်နိုင်ငံကို ပထမဆုံး သွားခဲ့ပြီး မြန်မာနိုင်ငံကို မနေ့က ရောက်လာတာပါ။
 မြန်မာနိုင်ငံက တဆင့် သီရိလင်္ကာနဲ့ ဖီဂျီနိုင်ငံကို ခရီးဆက်မယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံ အမျိုးသား ပြည်သူ့ကွန်ဂရက် ဥက္ကဋ္ဌ ဝူဘန်းကိုနဲ့ အဖွဲ့ဟာ မြန်မာနိုင်ငံကို ချစ်ကြည်ရေး ခရီးအ
ဖြစ် မနေ့က နေပြည်တော်ကို ရောက်ရှိလာပါတယ်။ တရုတ်ကိုယ်စားလှယ်အဖွဲ့ဟာ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ကို တွေ့ဆုံခဲ့တယ်လို့ တရုတ်
အစိုးရ သတင်းဌာနက ပြောပါတယ်။

ဒီခရီးစဉ်ရဲ့ ရည်ရွယ်ချက်ကတော့ ၁၉၅ဝ ခုနှစ် ကတည်းက တည်ဆောက် ခဲ့တဲ့ တရုတ်-မြန်မာဆက်ဆံရေး
ဟာ နိုင်ငံတကာ အပြောင်းလဲတွေ ကြားမှာ ခုချိန်အထိ ခိုင်မြဲနေတယ် ဆိုတာနဲ့ ရှေ့ဆက် ဆောင်ရွက်နေတဲ့ အခြေအနေ ကို ပြသတာ ဖြစ်သလို၊ လူနေမှုစနစ် မတူတဲ့ နှစ်နိုင်ငံကြားက နိုင်ငံ အချင်းချင်း ဆက်ဆံရေး
ခိုင်မာမှုရဲ့ ပြယုဂ်လည်း ဖြစ်တယ်လို့ မစ္စတာ ဝူဘန်းကိုက ပြောပါတယ်။

၎ နိုင်ငံခရီး ထွက်လာတဲ့ တရုတ် ကိုယ်စားလှယ် အဖွဲ့ဟာ အီရန်နိုင်ငံကို ပထမဆုံး သွားခဲ့ပြီး မြန်မာနိုင်ငံကို မနေ့က ရောက်လာတာပါ။ မြန်မာနိုင်ငံက တဆင့် သီရိလင်္ကာနဲ့ ဖီဂျီနိုင်ငံကို ခရီးဆက်မယ်လို့ သိရပါတယ်။
 
 RFA (Burmese)

No comments:

Post a Comment