Pages

Pages - Menu

Friday, September 14, 2012

ပဲခူးမြို့ပေါ်မှ ခရီးသည်တင်သုံးဘီးကားနှင့် ဆိုင်ကယ်များ ယခု နှစ်မကုန်မီ ဖယ်ရှားမည်


ပဲခူးမြို့ပေါ်၌နှစ်ပေါင်း၃၀ နီးပါး ပြေးဆွဲလျက်ရှိသော ခရီးသည်တင်သုံးဘီးကားနှင့် သုံးဘီးဆိုင်ကယ်များအား ယခုနှစ်မကုန်မီ အပြီး ဖယ်ရှားရှင်းလင်းသွားမည်ဟု ပဲခူးမထသမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ယင်းသို့ပြုလုပ်ရန် ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ်က သြဂုတ်လ အတွင်းပြုလုပ်သော အစိုးရအဖွဲ့ အစည်းအဝေး တွင် ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည့်အတွက် အကောင်အထည်ဖေါ်ခြင်းဖြစ်ကြောင်း ၄င်းကဆိုသည်။

လက်ရှိတွင် ပဲခူး၌ မြို့တွင်းပြေးဆွဲလျက်ရှိသော သုံးဘီးကားနှင့်သုံးဘီးဆိုင်ကယ်စုစုပေါင်း ၅၂၅ စီးရှိပြီး ထိုသို့
ဖျက်သိမ်းလိုက်ပါက ထိုယာဉ်များအပေါ် အမှီပြု၍ စီးပွားရှာနေသော ယာဉ်မောင်းများ၏ စားဝတ်နေရေးနှင့်
ဒေသခံများ၏ သွားလာရေးကိုပါ ထိခိုက်စေနိုင်သည့်အတွက် ပြဿနာအချို့ဖြစ်ပွားနိုင်ကြောင်းလည်း၎င်းက
သုံးသပ်သည်။

ယင်းသုံးဘီးကားနှင့်ဆိုင်ကယ်များသည် ပဲခူးမြို့တွင်၁၉၈၄ခုနှစ်ကတည်းက စတင်ပြေးဆွဲနေခြင်းဖြစ်ပြီး ယခု
အခါ မြို့တော်အဂါင်္ရပ်နှင့်ညီစေရန် တက္ကစီနှင့်လိုက်ထရပ်များအား အစားထိုးပြေးဆွဲရန်ရည်ရွယ်သည့်အ
တွက် လက်ရှိယာဉ်များပြေးဆွဲခွင့်ဖျက်သိမ်းရန် တို်းဒေသကြီးအစိုးရအဖွဲ့မှ စီစဉ်ခြင်းဖြစ်သည်ဟု ယင်းဌာမှ ထပ်လောင်းသိရသည်။



ပေါ်ပြူလာဂျာနယ်

No comments:

Post a Comment