Pages

Pages - Menu

Monday, December 24, 2012

တယ်လီဖုန်းပြောဆိုခနှုန်းထားများကို လတ်တလော၌ လျှော့ချပေးရန် မဖြစ်နိုင်သေးဟုဆို

လက်ရှိအသုံးပြုနေသော တယ် လီဖုန်းပြောဆိုခနှုန်းထားများကို လတ် တလော၌ လျှော့ချပေးရန် မဖြစ်နိုင် သေးကြောင်း ဆက်သွယ်ရေးသတင်း အချက်အလက်နှင့် နည်းပညာဝန်ကြီး ဌာန မိုဘိုင်း ဆက်သွယ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တယ်လီဖုန်း ခေါ်ဆိုမှုနှုန်းထား များကို လာမည့် ၂ဝ၁၃ ဆီးစ်ဂိမ်း အမီ နိုင်ငံတကာနှုန်းထားများအတိုင်း လျှော့ချပေးသွားနိုင်မည်ဟု အွန်လိုင်း မီဒီယာအချို့တွင် ဖော်ပြထားမှုနှင့် ပတ်သက်၍ ¤င်းက အထက်ပါအ တိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
''ဒီကိစ္စကို ကျွန်တော်တို့ မသိ ဘူးဗျ။ လောလောဆယ်မှာလည်း လျှော့ချဖို့ အစီအစဉ်မရှိသေးသလို ညွှန်ကြားချက်လည်း မရှိသေးပါဘူး၊ နောက်ပိုင်းတော့ နိုင်ငံတကာစံနှုန်းနဲ့ အညီ လျှော့ချပေးသွားမှာပါ'' ဟု ¤င်းက ပြောသည်။

လက်ရှိ ကောက်ခံနေသော ဖုန်း ခေါ်ဆိုမှုနှုန်းထားများ မှာ CDMA 450 MHz ဖုန်းများကို တစ် မိနစ်လျှင် ၆ဝကျပ် သတ်မှတ်ထားပြီး ကျန်ဖုန်း ခေါ်ဆိုမှုနှုန်းများကို တစ်မိနစ် ၅ဝ ကျပ် သတ်မှတ်ထားကာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ အရပ်သား အစိုးရတစ်နှစ်ပြည့်သည့်နေ့တွင် လျှော့ချပေးသည့်အခြေအနေတစ်ခုအ နေဖြင့် ည ၁၁ နာရီမှ မနက် ၇နာရီ အတွင်း ခေါ်ဆိုပါက ၂၅ ကျပ် သာ ကောက်ခံလျက်ရှိကြောင်းသိရသည်။

''ကျွန်တော်တို့နိုင်ငံမှာ ဖုန်း ပြောဆိုခတွေကို လျှော့ချမယ်ဆိုရင် ဖုန်းသုံးစွဲသူတွေလည်း ပိုများလာ မယ်။ အခု သတ်မှတ်ထားတဲ့ ခေါ် ဆိုမှုနှုန်းထားတွေက နိုင်ငံတကာနဲ့ ယှဉ်ရင်အများကြီး များနေတယ်။ အမှန်ဆို ဖုန်းပြောဆိုခတွေကို ဖုန်းကဒ် တွေလိုပဲ လျှော့ချပေးဖို့သင့်တယ်။ အခု လျှော့ချပေးတဲ့ ညပိုင်းခေါ်ဆိုမှု နှုန်း ဆိုတာကလည်းလုပ်ငန်းအတွက် ပြောလို့ရတဲ့အချိန်မဟုတ်ဘူး။ နောက် ပြီး လျှော့ချပေးတယ်သာ ပြောတာ၊ ထိုင်းနိုင်ငံရဲ့ ပုံမှန်ပြောဆိုခထက် တော်တော် များနေသေးတယ်'' ဟု တာမွေမြို့နယ်ရှိ မိုဘိုင်းဖုန်း အရောင်း ဆိုင်တစ်ဆိုင်မှ မန်နေဂျာ ဦးခိုင်သက် ကျော်က ပြောသည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ တစ်ခုဖြစ်သော ထိုင်းနိုင်ငံတွင် မိုဘိုင်းကုမ္ပဏီများမှာအပြိုင်အဆိုင်လုပ်ကိုင်လျက်ရှိပြီး၊ ခေါ်ဆိုမှုနှုန်းထား အနေဖြင့် ၁ မိနစ်လျှင် ၁ ဘတ် မြန်မာငွေ ၂၆ ကျပ် ဝန်းကျင်သာ ကုန်ကျကြောင်း သိရသည်။

Myanmar Online News

No comments:

Post a Comment