Pages

Pages - Menu

Monday, December 24, 2012

၅ဝဝဝ တန် ဆင်းမ်ကတ် ရောင်းချပေးနိုင်ရန် ဆက်လက်ကြိုးစားမည်ဟု ရွှေပြည်တံခွန်ကုမ္ပဏီဆို

မန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆင်းမ်ကတ်ဈေးနှုန်းများကို လျှော့ ချ၍ ရောင်းချပေးသွားမည်ဟုထုတ် ပြန်ထားသော်လည်း ရွှေပြည်တံခွန် ကုမ္ပဏီမှ ၅ဝဝဝ တန်ဆင်းမ်ကတ် များကို အများပြည်သူများထံသို့ ရောင်း ချပေးရန် အဆင်သင့်ရှိကြောင်းနှင့် ရောင်းချသွားနိုင်ရန်လည်း ဆက်လက် ကြိုးစားသွားမည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးလွင်နိုင်ဦးက ပြောသည်။ ''အခုလို ဈေးလျှော့ရောင်းတာ ကြိုဆိုပါတယ်။ ဒီထက်ဈေးကျလေ ပိုကောင်းလေပဲ။ ကျွန်တော်တို့ ပြည် သူတွေ အားလုံးပါဝင်နိုင်မယ့် ဆက် သွယ်ရေးကဏ္ဍဖြစ်ရင် ပိုကောင်း တယ်။ ဇန်နဝါရီလ ၁၃ ရက်နေ့က
ရွှေ ပြည်တံခွန်ကုမ္ပဏီရဲ့ ၅ဝဝဝကျပ် တန်ဆင်းမ်ကတ်နဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲလုပ်တာ တစ် နှစ်မြောက်တဲ့နေ့ပါ။ ၅ဝဝဝ တန် ဆင်းမ်ကတ်နဲ့ ပတ်သက်ပြီး အများ ပြည်သူကို ရောင်းချသွားနိုင်အောင် ကြိုးစားသွားမှာပါ။ ထုတ်လုပ်ရောင်း ချပေးဖို့လည်း အဆင်သင့်ရှိပါ တယ်'' ဟု ၄င်းက ပြောသည်။

လက်ရှိ ဆက်သွယ်ရေးဥပဒေ တွင် ဆက်သွယ်ရေးကဏ္ဍနှင့် တိုင်း ပြည်ဖွံ့ဖြိုးတိုးတက်အောင် ဆောင် ရွက်စေလိုကြောင်း နိုင်ငံသားများ တစ်ဦးချင်း ဝင်ငွေကိုပါ ထည့်သွင်း စဉ်းစားသင့်ကြောင်းနှင့် ကိုလိုနီ
ခေတ်နှင့် အာဏာရှင်ခေတ်များ၏ ဆက်သွယ်ရေးဥပဒေများကို မလိုလား ကြောင်း ၄င်းက ဆိုသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ငွေကျပ်တစ်သိန်းခွဲအောက်ဆင်းကတ် များကို ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလမှ စ၍ ဈေးလျှော့ရောင်းချပေးသွားမည် ဟု သတင်းထုတ်ပြန်ထားသည်။

''ရှစ်သောင်းနဲ့ ရောင်းချပေး မယ်ဆိုတာ အတည်မဟုတ်ဘူး။ တစ် သိန်းခွဲအောက်လို့ပြောတာ။ ငါးထောင်လည်းဖြစ်နိုင်တယ်။ တစ်သောင်း လည်းဖြစ်နိုင်တယ်။ တစ်သိန်းနှစ် သောင်း၊ တစ်သိန်းသုံးသောင်းလည်း
ဖြစ်နိုင်တယ်။ ဈေးက မသတ်မှတ်ရ သေးဘူး။ တစ်သိန်းခွဲအောက်ဖြစ်ဖို့ ပဲ ကျွန်တော်သိပါတယ်'' ဟု မြန်မာ့ ဆက်သွယ်ရေးမှ မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးဋ္ဌေးဝင်းက The Messenger ဂျာနယ်သို့ ပြောသည်။

ယင်းကဲ့သို့ ဈေးလျော့ရောင်းချ ပေးခြင်းမျိုးကို ဇန်နဝါရီ၊ ဖေဖော် ဝါရီလနှင့် မတ်လအတွင်း ရောင်းချ ပေးသွားမည်ဖြစ်ပြီး ရန်ကုန်၊ မန္တ လေးနှင့် မြို့ကြီးများတွင် တစ်ပြိုင် တည်း ရောင်းချသွားမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။

ထို့အပြင် ရွှေပြည်တံခွန်ကုမ္ပဏသည် ၅ဝဝဝတန်ဆင်းမ်ကဒ်များ နှင့်ပတ်သက်၍ တစ်နှစ်ပြည့် အခမ်း အနားအဖြစ် သတင်းစာရှင်းလင်းပွဲ တစ်ခု ပြုလုပ်သွားရန် အစီအစဉ်ရှိ ကြောင်းလည်း သိရသည်။

Messenger News Journal

No comments:

Post a Comment