မန္တလေးမြို့ လူထုအတွက်တော့ သတင်းကောင်းတစ်ခု ရှိနေပါတယ်။အထူးသဖြင့် ၀န်ထမ်းတွေ အတွက်ေ
ပါ့...။မန္တလေးမှာ သွားဖို့ လာဖို့အတွက်က ဆိုင်ကယ်လေး တစ်စီး မရှိမဖြစ် ရှိမှပါ။ဆိုင်ကယ်ရှိဖို့လည်း
ငွေအင်အားကြီးကြီးမားမား လိုပါတယ်။ လက်တွေ့မှာ တစ်လနေလို့ တစ်သိန်းလောက် မ၀င်တဲ့လူတွေ ရှိပါတယ်။
တစ်လကို တစ်သိန်းကျော် ၀င်ပေမဲ့လည်း ဆိုင်ကယ်တစ်စီး ချက်ခြင်း ၀ယ်စီးနိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
တစ်လကို တစ်သိန်းကျော် ၀င်ပေမဲ့လည်း ဆိုင်ကယ်တစ်စီး ချက်ခြင်း ၀ယ်စီးနိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
ပုံမှန်ဝင်ငွေ အသင့်အတင့် ရှိမယ် ဆိုရင် အဲလို ဒုက္ခတွေ အတွက် ခုတော့ စိတ်အေးနိုင်ပါပြီ။ မန္တလေးမှာ Suzuki ဆိုင်ကယ်နဲ့ Kaiser ဆိုင်ကယ် တို့ကို အရစ်ကျစနစ်နဲ့ ရောင်းချပေးမယ့် အကြောင်း ကုမ္ပဏီကြီးတစ်ခုက ဒီနေ့ပဲ မိတ်ဆက်လိုက်ပါတယ်။
မန္တလေး ၇၈လမ်းနဲ့ ၃၅လမ်း Swift ကုမ္ပဏီက ရောင်းပေးမှာ ဖြစ်ပါတယ်။
မန်နေဂျာကလည်း ထောက်ခံပေးလို့ ပြသနာတစ်စုံတစ်ခု ဖြစ်ခဲ့တယ်ဆိုရုံနဲ့ သူ့ကို တာဝန်မယူခိုင်းဘူး
လို့ သိရပါတယ်။ ၀ယ်ယူတဲ့သူကိုဘဲ တိုက်ရိုက် အရေးယူမှာ ဖြစ်တယ်လို့ ကုမ္ပဏီပိုင်ရှင် ဦးနေလင်းဦး
က ပြောပါတယ်။
ကုမ္ပဏီဝန်ထမ်းနဲ့ အစိုးရ၀န်ထမ်းများ၊ အသင်းအဖွဲ့မှာ လုပ်ကိုင်နေသူများကိုသာ ရောင်းချပေးမှာ ဖြစ်ပြီး အခြားသော သူများကို ရောင်းချမှု အစီအစဉ် မရှိသေးကြောင်းသိရပါတယ်။အသင်းအဖွဲ့ဆိုရင်လည်းရာထူး
တာဝန် အကြီးဆုံးသူက ထောက်ခံပေးရမယ်လို့ သိရပါတယ်။
No comments:
Post a Comment