Pages

Pages - Menu

Friday, October 12, 2012

မုန်တိုင်းကြောင့် ကမ်းကပ်လာသူ မြန်မာငါးဖမ်းသမား ၂၈၉ ဦး ဘင်္ဂလာဒေခ်ျ့က ကယ်တင်


င်္ဂလာပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းကြောင့် ကမ်းကပ်လာသူ  မြန်မာနိုင်ငံသား ငါးဖမ်းသမား ၂၈၉ ဦးကို ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်ဖွဲ့မှ ထိန်းသိမ်း ထားသည်ဟု သိရသည်။
ငါဖမ်းစက်လှေ ၃၆ စီးနှင့် အတူ နတ်မြစ်ဝတွင် တည်ရှိသော စိန့်မာတင်ကျွန်း (အုန်းကျွန်း) အနီး ယမန်နေ့က ကမ်းကပ်လာစဉ် ဘင်္ဂလာဒေခ်ျ နယ်ခြား စောင့်တပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်း လိုက်သည်ဟု ဆိုသည်။
အများစုမှာ မောင်တောမြို့နယ် တောင်ပိုင်း အလယ် သံကျော်၊ မြင်း လွှတ်၊ ကျောက်ပန်းတူ၊ သ၀င်ချောင်းဘက်မှ ပင်လယ်ပြင်တွင် ငါးရှာနေသော မွတ်ဆလင် ငါးဖမ်းသမား ဖြစ်ကြသည်ဟု ဒေသခံ တစ်ဦးက နိရဉ္စရာသို့ ပြောသည်။
 
သူတို့အား လောလောဆယ်တွင် ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက အစားအစာများနှင့် လိုအပ်သည်များကို ကူညီ ထောက်ပံ့ ပေးထားကြောင်း သိရသည်။
 
ယခုအခါ ဘင်္ဂလာပယ်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် တစ်ခုကြောင်း ပင်လယ်ပြင် တွင် လေပြင်း များ တိုက်ခတ်နေပြီး မိုးအဆက်မပြတ်ရွာသွန်းနေကာ  လိုင်းကြီးနေကြောင်း သိရသည်။
 
သူတို့အား ရာသီ ဥတု ကောင်းမွန်သည်နှင့် တပြိုင်နက်တည်း မြန်မာသို့ ပြန်ပို့မည်ဟု ဘင်္ဂလာ အာဏာပိုင်များ က ဆိုသည်။
narinjara

No comments:

Post a Comment