ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်းဒေသ လုံးခင်းကျေးရွာအုပ်စုမှာ
မနေ့က အောက်တိုဘာလ ၁၅ ရက် ညနေ ၅နာရီခွဲ အချိန်မှာ အဲဒီရပ်ကွက်မှာရှိတဲ့မလန်းဘုန်းကြီးကျောင်းသွားတဲ့လမ်းပေါ်မှာ ရဲနဲ့ စစ်သား
၈ ယောက်လောက်က လမ်းသွားလမ်းလာတွေကို စစ်ဆေးနေပြီး ရိုက်နှက်တာတွေလည်း ရှိခဲ့တယ်လို့ သိရှိ
ရပါတယ်။

အရက်သောက်ထားတဲ့ ရဲ နဲ့စစ်သားတွေကမလန်းဘုန်းကြီးကျောင်းကနေဥပုသ်စောင့် ပြန်လာတဲ့အမျိုးသမီး
အချို့ကိုလည်း စစ်ဆေးမေးမြန်းတယ်လို့ ဆိုပါတယ်။
အမျိုးသားတွေကို ခေါင်းပေါ်လက်တင်ခိုင်း၊ မြေပြင်ပေါ်မှောက်ခိုင်းပြီး ရိုက်နှက်ရာမှာ အနည်းဆုံး လူ ၁၀
ယောက်လောက် အရိုက်နှက်ခံရတယ်လို့ မျက်မြင်တွေ့သူ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
လွန်ခဲ့တဲ့ အောက်တိုဘာလ ၁၃ ရက်နေ့ ည ၁၀ နာရီအချိန်ကလည်း အဲဒီ ငြိမ်းချမ်းသာယာ ရပ်ကွက်မှာပဲ ရဲ
နဲ့စစ်သား အယောက် ၃၀ နီးပါးက ဒေသခံပြည်သူအယောက်၆၀ လောက်ကို မြေပြင်ပေါ် မှောက်ခိုင်းပြီးအဲဒီ
အထဲက ၁၀ ယောက်လောက်ကို ရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။
RFA (Burmese)

No comments:
Post a Comment