Pages

Pages - Menu

Wednesday, October 17, 2012

ဖားကန့်မြို့နယ်တွင်း အစိုးရစစ်တပ်နဲ့ ရဲဝန်ထမ်းတချို့ အကြမ်းဖက်လုယက်

ကချင်ပြည်နယ် ဖားကန့်မြို့နယ်လုံးခင်းကျေးရွာအုပ်စု ငြိမ်းချမ်းသာယာရပ်ကွက်ကို ပြီးခဲ့တဲ့ အောက်တိုဘာ
လ ၁၃ ရက်နေ့ည ၁၀ နာရီအချိန်က အင်အား ၃၀ နီးပါးရှိတဲ့ အစိုးရစစ်တပ်နဲ့ ရဲဝန်ထမ်းတွေ ဝင်ရောက်ပြီး
ဒေသခံပြည်သူတွေကို ရိုက်နှက်ကာပစ္စည်းတွေ အဓမ္မလုယက်ယူဆောင်သွားတယ်လို့ စုံစမ်း သိရှိရပါတယ်။

အဲဒီနေ့ညက ဟိုင်းလပ်ကား ၂ စီး၊ ဗင်န်ကား ၁ စီး၊ စုစုပေါင်းကား ၃ စီးနဲ့ ပါလာတဲ့ ရဲနဲ့ စစ်သား အယောက် ၃၀ ခန့်ဟာ ငြိမ်းချမ်းသာယာရပ်ကွက် အတွင်းက အိမ်တံခါးတွေကို အတင်းအကျပ် ဖွင့်ခိုင်းပြီး ဒေသခံ အမျိုး
သား  ၆၀ ခန့် ကိုမြေပြင်ပေါ်မှာ ဝမ်းလျား မှောက်နေခိုင်းခဲ့တယ်လို့ ဆိုပါတယ်။အဲဒီနောက် မိမိနဲ့ တခြားသူ
တချို့ကို သစ်သားတုတ်တွေနဲ့ ရိုက်နှက်ပြီး ပစ္စည်းတွေ ယူငင်သွားခဲ့တာ ဖြစ်တယ်လို့ အရိုက်အနှက် ခံခဲ့ရ
သူ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

"တအားခံစားရတယ်ဗျာ။ ကျွန်တော်တို့ကို လူလို မဆက်ဆံဘဲ တိရိစ္ဆာန်တွေလို ဆက်ဆံတာ။ ကျွန်တော်တို့
လို ရိုးရိုးတန်းတန်းနေတဲ့ ပြည်သူတယောက်ကို ဒါမျိုးကြီးတော့ မဆက်ဆံသင့်ဘူးလို့ ထင်တယ်။

ကျွန်တော်တို့ ဘုမသိဘမသိနဲ့ အရိုက်ခံရတာ၊ အရိုက်ခံရတာက ၁၀ ယောက်ပါ။ တချို့ဆိုရင် အိပ်ရာက
aတာင်မထနိုင်ဘူး။ အလုပ်မလုပ်နိုင်ဘူး။ ကျွန်တော်ဆိုလည်း လက်နဲ့ ညှပ်ရိုးက တော်တော်နာသွားတယ်။ လှုပ်လို့ကိုမရဘူး။ ကျွန်တော်တို့ ဘယ်ကိုမှ မတိုင်ပါဘူး။ တိုင်ရင် ပြဿနာရှာမှာ စိုးလို့ပါ။ အပြစ်ရှာပြီး ဖမ်း
ဆီးမှာကြောက်လို့ မတိုင်ရဲဘူးခင်ဗျ။"

ဒီကိစ္စနဲ့ပတ်သက်ပြီး RFA က ဖားကန့် ရဲစခန်းကို ဆက်သွယ်စုံစမ်းရာမှာ တစ်စုံတစ်ရာ ဖြေကြားခြင်း မရှိပါ
ဘူး။ ငြိမ်းချမ်းသာယာ ရပ်ကွက် အုပ်ချုပ်ရေးမှူးကတော့ သူလုံးဝမသိကြောင်း ငြင်းဆိုခဲ့ပါတယ်။

အခုလို ရိုက်နှက်ပြီးပစ္စည်းတွေလုယူမှာ ပါဝင်တဲ့စစ်တပ်တွေကတော့ ခလရ ၇၄ နဲ့ ခမရ ၃၈၂ တပ်ရင်းတွေ
 ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။


RFA (Burmese)

No comments:

Post a Comment