Pages

Pages - Menu

Saturday, October 6, 2012

ဘုန်းကြီးကျောင်း တိုက်ခိုက်သူများကို အသယ်အပြောင်း လုပ်သည့်ကား ဖမ်းမိ၊ သဲလွန်စကို ရဲက ဖေါ်ထုတ်နေ

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့စ်ဘာဇားခရိုင် ပန်းဝါခေါ် ရာမူးမြို့တွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်း များ၊ ဗုဒ္ဓဆင်းထုတော်များနှင့် နေအိမ်များကိုအကြမ်းဖက် မီးရှို့ဖျက်ဆီးရာတွင်ပါဝင်သူများကို သယ်ယူ ပို့ဆောင်
ပေးခဲ့သည့် ထရပ်ကားတစ်စီးကို စစ်တကောင်းခရိုင်အတွင်း အာဏာပိုင်များက ဖမ်းဆီး လိုက်သည်။
အဆိုပါ ထရပ်ကားကို စစ်တကောင်းခရိုင် ချီးတာကုန်တာ မြို့နယ်အတွင်းအာဏာပိုင်များက သော ကြာနေ့ ည ၁၁ နာရီအချိန်တွင် ရမ်ဇင်အာလီဆိုသူနှင့်အတူ ဖမ်းဆီး ရမိခြင်းဖြစ်ကြောင်း BD News 24 အွန်လိုင်းစာ
မျက်နှာတွင် ရေးသားထားသည်။

အဆိုပါ ထရပ်ကားပိုင်ရှင်မှာ ကော့စ်ဘာဇားမြို့နယ် ဘေဒေါဂေါနာ အရပ်မှ မိုဟာမတ် ဇာကာရီ ယာ ဆိုသူ
ဖြစ်ပြီး ကားပိုင်ရှင်မှာ ၁၉၇၈ ခုနှစ် မြန်မာဘက်မှ ဘင်္ဂလာသို့ ပြောင်းရွေ့လာသည့်ရိုဟင်ဂျာဆိုသူတဦးဖြစ်
ကြောင်း ဘင်္ဂလီဘာသာဖြင့် ရေးသားထားသည့် အဆိုပါ သတင်းတွင် ဖလောင်း ချိတ်ခရိုင် ရဲအရာရှိဇာဟင်း
ဂီး အပြောကိုကားပြီး ဖော်ပြသည်။

ယခုအခါ နောက်ကွယ်က ကြိုးကိုင်ပါဝင်သူများ၏ သဲလွန်စကွင်းဆက်များကိုရဲက ဖေါ်ထုတ်နေပြီ ဖြစ်သည်
။ တိုက်ခိုက်မူသည် ကြိုတင်စီမံချက်တစ်ရပ်ဖြစ်ပြီးတိုက်ခိုက်ရာတွင်ပါဝင်သူအများစုသည် ရာမူးမြို့မှ မဟုတ်
ဘဲ မြို့ပြင် ဒေသများမှ ထရပ်ကားများဖြင့် ၀င်ရောက်လာသူများ ဖြစ်ကြောင်း သတင်းများတွင် ရေးသား ဖေါ်
ထားသည်။

စက်တင်ဘာလ ၂၉ ရက်နေ့က ည အချိန်တွင် ဖြစ်ပွားခဲ့သည့် ဆူပူ အကြမ်းဖက်မှုနှင့် ပတ်သတ်ပြီးယခုအခါ
ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက လူပေါင်း ၂၅၀၀ ကျော်ကို တရားစွဲဆိုထားပြီး လူပေါင်း ၂၀၀ ကျော်ကိုဖမ်း
ဆီး စစ်ဆေးနေပြီဖြစ်သည်။

ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာမှလည်း ယနေ့ (အောက်တိုဘာ ၆ ရက်နေ့) နေ့လည်ပိုင်း
က ဗုဒ္ဓသာဘာ အသင်း အဖွဲ့ အစည်းများမှ ခေါင်းဆောင်များနှင့် ဒက္ကာမြို့တွင် တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲတွင် ၀န်ကြီးချုပ်က “ ဖလောင်းချိတ် ရာမူနှင့် စစ်တကောင်း ပိုတီယာ တို့ တွင် ဖြစ်ပျက် ခဲ့သည့် အဖြစ်အပျက်သည် မည်သည့်အကြောင်းကြောင့်နှင့်မှ ခွင့်လွတ်နိုင်စရာ မရှိ” ဟု ပြောကြားခဲ့သည်။


ဝန်ကြီးချုပ် ရှိတ်ဟာဆီးနာသည် တိုက်ခိုက်ခံခဲ့ရသည့် ရာမူးနှင့် ကော့စ် ဘာဇားမြို့သို့ မနက်ဖြန် တနင်္လာ
နေ့တွင် သွားရောက် ရန်ရှိကြောင်း သိရသည်။

ယခု ဗုဒ္ဓဘာသာများကို တိုက်ခိုက်မူသည် ဘင်္ဂလာဒေခ်ျ့အား ကမ္ဘာ့အလယ်တွင် မျက်နာ ပျက်စေသည်သာ
မက လက်ရှိ စီးပွားရေးကိုပါ ထိခိုက်ပျက်စီးစေနိုင်ကြောင်းဘင်္ဂလာဒေခ်ျ့စက်မူနှင့်ကုန်သည်ကြီးများအသင်း
က သတိပေးထားသည်။


Narinjara.Media:

No comments:

Post a Comment