Pages

Pages - Menu

Thursday, October 25, 2012

ပါကစ္စတန်ကျောင်းသူပစ်ခတ်ခံရမှု မင်္သကာသူများကို ဆက်လက်ဖမ်းဆီး


ပါကစ္စတန် နိုင်ငံတွင် လူ့အခွင့်အရေး လှုပ်ရှားသူ မိန်းကလေးငယ်အား သေနတ်ဖြင့် ပစ်ခတ်မှုအတွက် မ
သင်္ကာသူများကို ဆက်လက် ဖမ်းဆီးနေဆဲ ဖြစ်သည်။ ဆယ်ကျော်သက် မိန်းကလေး မာလာလာ ယူဆက်
ဖ်ဇိုင်အား သေနတ်ဖြင့် ပစ်မှုနှင့် ဆက်ပစ်ပြီး ယခုအခါ ဖမ်းဆီးခံရသူ (၉)ဦးထိ ရှိလာပြီဟု သိရသည်။
ရဲများသည် ဆွက်တောင်ကြား ဒေသမှ အသက်(၂၃)နှစ်ရှိ အတ္တာ အူလာခန်ဆိုသော အမျိုးသား တစ်ဦးအား မာလာလာကို တိုက်ခိုက်မှုတွင် ဆက်နွယ်နေကြောင်း မသင်္ကာမှုဖြင့် ဖမ်းဆီးခဲ့သည်။

အသက်(၁၅)နှစ်ရှိ ကျောင်းသူလေး မာလာလာသည် ပါကစ္စတန်တွင် အမျိုးသမီးများ ပညာသင်ခွင့်အတွက် တက်ကြွလှုပ်ရှားသူဖြစ်ရာ ယင်းအတွက် တာလီဘန် စစ်သွေးကြွများက သူမအား သတ်ဖြတ်ရန် ကြိုးစားခဲ့
ခင်း ဖြစ်သည်။
ပါကစ္စတန်ကျောင်းသူပစ်ခတ်ခံရမှု မင်္သကာသူများကို ဆက်လက်ဖမ်းဆီး
(ဗြိတိန်တွင် ဆေးကုသမှုခံယူနေရသည့် မာလာလာ)
မာလာလာသည် လတ်တလောတွင် ဗြိတိန်၌ ဆေးဝါးကုသမှု ခံယူနေရသည်။ ရဲများက ခန်ကို ဖမ်းဆီးခဲ့သ
လို ၎င်း၏ နေအိမ်ကိုလည်း ဗုဒ္ဓဟူးနေ့က ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။ ခန်သည် ဓာတုဗေဒ ပညာရပ်အထူးပြု
 မာစတာ ကျောင်းသား တစ်ယောက်လည်း ဖြစ်သည်။ 


ဆွက်တောင်ကြား ဒေသသည် ပါကစ္စတန် အနောက်မြောက်ပိုင်း ဒေသတွင် တည်ရှိပြီး တစ်ချိန်က တာလီ
ဘန်တို့ ဩဇာကြီးမားခဲ့သည့် နေရာလည်း ဖြစ်သည်။ မာလာလာသည် ဗုဒ္ဓဟူးနေ့တွင် အခြေအနေတည်ငြိမ်
 ကောင်းမွန်နေပြီး တစ်စထက်တစ်စ ကျန်းမာရေး တိုးတက် ကောင်းမွန်လာနေကြောင်း သိရသည်။
(မာလာလာအား သေနတ်ဖြင့် ပစ်ခတ်မှုအတွက် ပါကစ္စတန်ရဲက ဖမ်းဆီးခဲ့သူတစ်ဦး)
မာလာလာသည် ဦးခေါင်းတွင်ပါ သေနတ်ထိမှန်ခဲ့ပြီး ဒဏ်ရာတွင် ပိုးဝင်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။ သူမသည် ယခုအခါ သူနာပြုများ၏ အကူအညီဖြင့် မတ်တပ်ရပ်နေနိုင်ပြီဟု ဆိုသည်။ မာလာလာ၏ မိသားစုမှာ ပါကစ္စ
တန်တွင်ပင် ကျန်နေခဲ့သည်။ 

သူမသည် လတ်တလောတွင်မူ လေပြွန်အတွင်း အကာအကွယ် ကိရိယာထည့်သွင်းထားသဖြင့်စကားမပြော
နိုင်သေးချေ။ 

သူမ၏ လေပြွန်သည် သေနတ်ဒဏ်ရာကြောင့် ရောင်ရမ်းနေဆဲဖြစ်ပြီး လူအများနှင့် ဆက်သွယ်ရာတွင် စာ
ကြာင်းတိုလေးများ ရေးသားပြလေ့ရှိကြောင်း သတင်းများက ဖော်ပြသွားသည်။

: CNN

No comments:

Post a Comment