Pages

Pages - Menu

Thursday, October 25, 2012

ရခိုင်ပြည်နယ် ပေါက်တောမြို့ တွင် မီးရှို့မှု ဖြစ်ပွားနေ ၊ နေ့လည် (၂း၀၀)အချိန်

 
ရခိုင်ပြည်နယ်ပေါက်တောမြို့တွင်အောက်တိုဘာ၂၅ရက်မွန်းလွဲ၂နာရီခွဲတွင်မီးရှို့မှု ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ပေါက်တောမြို့ ဗ၀န်းရပ်ကွက် တွင်ရှိသော ဘင်္ဂလီ များနှင့် ပေါက်တောဒေသခံ အချို့ ပဋိပက္ခများ ဖြစ်ပွား လျက်ရှိရာ ယခုအခါ တွင် ဗ၀န်းရပ်ကွက်ရှိ
အိမ်အချို့နှင့် တောင်ဖူမြစ်ကမ်းနား တွင် နေ ထိုင်လျက် ရှိသောအိမ်အချို့ မှာ မီးလောင် မှု ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
ယင်းပဋိပက္ခကြောင့် ပေါက်တောမြို့နယ်တွင် ဈေးဆိုင်များကို ပိတ်ကာ လက်ရှိ  ကျောင်းများ ကိုလည်းပိတ်ထားလျက်ရှိကြောင်းသိရ
သည်။ "မနေ့ကနေသတင်းကြားတဲ့အတွက် ကျောင်းသားတွေ စာမေးပွဲ ဖြေနေဆဲ အချိန်မှာ  ဖြစ်ခဲ့ရင်မလိုလားအပ်တဲ့ ပြဿနာတွေ
 ဖြစ်သွားမှာကို စိုးရိမ်တဲ့ အတွက် ဒီနေ့ ဖြေရမယ့် စာမေးပွဲကို ရပ်ထားလိုက်ရပါတယ် ။

 မြို့လယ်ခေါင် ကတော့ တည်တည်ငြိမ်ငြိမ်ပါပဲ ဒါပေမယ့်ဘင်္ဂလီတွေရှိတဲ့နေရာတွေ မှာတော့ မီးရှို့မှုတွေ ဖြစ် ပွားနေ တယ်လို့ သိရပါ
တယ်။ ဈေးတွေကိုလည်း အားလုံးပိတ်ပြီး ဒေသခံတွေ မိမိအိမ်ကို ပြန်နေကြ သလိုတစ်ချို့ကာလသားတွေ ကလည်း မီးလောင်မှု ဖြစ်
တဲ့နေရာတွေကို သွားနေကြပါတယ်" ဟု ပေါက်ေ တာမြို့နယ် ဗ၀န်းရပ်ကွက် အနီးတွင် နေထိုင်သော ဒေသခံတစ်ဦးကပြောသည်။

Rakhine Citizen Journalists

No comments:

Post a Comment