Pages

Pages - Menu

Thursday, October 4, 2012

ကမ္ဘာ့အမြန်ဆုံး လူသား ဂျမေကာ တာတို အပြေးသမားအူစိန်ဘော့တ် ကိုယ်တိုင် ဓာတ်ပုံရိုက်ယူခဲ့သည့်ကင်မရာ လေလံတင်မည်


အိုလံပစ် ပြိုင်ပွဲတွင် အူစိန်ဘော့တ် ကိုယ်တိုင် ဓာတ်ပုံရိုက်ယူခဲ့သော ကင်မရာကို လေလံတင် ရောင်းချသွား
မည်ဟု သိရှိရသည်။ ကမ္ဘာ့အမြန်ဆုံး လူသားအဖြစ် ချီးကျူးခံရသော ဂျမေကာ တာတို အပြေးသမားသည် မီတာ(၂၀၀)ပြေးပွဲတွင် အောင်ပွဲခံပြီးနောက် ကင်မရာသမား တစ်ဦးလက်မှ ကင်မရာကို ရယူပြီးနောက် တစ်
နိုင်ငံတည်းသား ယိုဟန်ဘလိတ်ခ်အား ဓာတ်ပုံရိုက်ခဲ့သည်။
လန်ဒန် အိုလံပစ်တွင် အူစိန်ဘော့တ်ကိုယ်တိုင် ဓာတ်ပုံရိုက်နေသော မြင်ကွင်းမှာ ကမ္ဘာသိ အမှတ်တရ ပုံရိပ်
တစ်ခုလည်း ဖြစ်လာသည်။ ယခုအခါ အဆိုပါ ကင်မရာကို eBayဝက်ဘ်ဆိုက်တွင် လေလံတင်ထားကြောင်း သိရှိရသည်။



 အောက်တိုဘာလ (၉)ရက်နေ့ထိ နောက်ဆုံးနေ့ သတ်မှတ်ထားသော လေလံကြော်ငြာမှုတွင် Nikon D4
ကင်မရာအတွက် ဈေးပေးမှုသည် ဒေါ်လာ (၇၀၀၀) ကျော်သွားပြီး ဖြစ်သည်။ ဘော့တ်သည် အောင်ပွဲခံမှုအ
ဖြစ် မိမိ၏ အသင်းဖော်အား ဓာတ်ပုံအချို့ကို စိမ်ပြေနပြေ ရိုက်ယူခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် ဘော့တ်
သည် ကင်မရာအား ပိုင်ရှင် ဂျင်မီဝစ္စထရွမ်းထံ ပြန်လည် ပေးအပ်ခဲ့သည်။

ထို့အပြင် ဝက်အူလှည့် တစ်ချောင်းဖြင့် ကင်မရာပေါ်တွင်မိမိ၏ အမည်ကိုပါ ဘော့တ်က အမှတ်တရ ရေးထိုး

ပေးခဲ့သည်။ ဝစ္စထရွမ်းက မိမိသည် ယခုလေလံတင် ရောင်းချမှုမှ ရရှိလာသည့် ငွေကြေးများကို ဆွီဒင်ကင်
ဆာ တိုက်ဖျက်ရေး အဖွဲ့နှင့် ဘော့တ်၏ဂျမေကာ ရန်ပုံငွေအသင်းတို့သို့ ပေးအပ်လှူဒါန်းသွားမည်ဟုလည်း
ပြောဆိုထားသည်။

USA Today

No comments:

Post a Comment