Pages

Pages - Menu

Thursday, October 4, 2012

ဗြိတိန်တွင် 4G မိုဘိုင်းကွန်ရက် အသုံးပြုနိုင်တော့မည်


မိုဘိုင်းလ်ကွန်ရက် လုပ်ငန်းစု EEသည် ဗြိတိန်တွင် ပထမဆုံးသော 4G မိုဘိုင်းကွန်ရက် စနစ်ကို အောက်တို
ဘာ (၃၀)ရက်နေ့တွင်စတင်ထုတ်လွှင့်သွားမည်ဟုသိရှိရသည်။တရားရေးအရအားပြိုင်မှုများ ရှိခဲ့သော်လည်း
ယခုအခါ လက်ရှိသုံးစွဲနေသော ကွန်ရက်စနစ်ထက် (၅)ဆပိုမြန်မည့်4G မိုဘိုင်းကွန်ရက်ကို ဗြိတိန်တွင်အသုံး
ပြုခွင့်ပေးရန် EEက စီစဉ်လာနိုင်ခဲ့သည်။ 


EE၏ အမှုဆောင် အရာရှိချုပ် အိုလက်ဖ် ဆွမ်တီးက "ကျွန်တော်တို့အနေနဲ့ သုံးစွဲသူတွေကို စူပါမြန်နှုန်းမြင့် ပထမဆုံး 4G မိုဘိုင်းကွန်ရက်ကို အောက်တိုဘာလ (၃၀)ရက်နေ့မှာ စပြီး မိတ်ဆက်ပေးနိုင်မယ့်အကြောင်း တရားဝင် ကြေညာခွင့် ရတဲ့အတွက် သိပ်ကို ဝမ်းသာမိပါတယ်"ဟု အတည်ပြု ပြောကြားခဲ့သည်။


၎င်းက ဆက်လက်၍ "ဒါဟာ ဗြိတိန် နိုင်ငံသားတွေအတွက် နည်းပညာဆိုင်ရာ ကြီးမားတဲ့ အကျိုးခံစားခွင့်ပါ
ပဲ။ ခုချိန်မှာ 4G မိုဘိုင်းကွန်ရက်ကို ပထမဆုံး အသုံးပြုနိုင်ခဲ့ပြီး EEက တစ်နိုင်ငံလုံးအတွက် ဝန်ဆောင်မှု ပေး
သွားမှာပါ"ဟုလည်း ဆိုသည်။ 

4G မိုဘိုင်းကွန်ရက်ဖြင့် နှောင့်နှေးမှု ကင်းသော အင်တာနက်စနစ်ကို ချိတ်ဆက်နိုင်သလို အရည်အသွေးမြင့် HDဗီဒီယိုများကိုလည်း အင်တာနက်မှတစ်ဆင့် တိုက်ရိုက် ကြည့်ရှုရန် အဆင်ပြေလာမည် ဖြစ်သည်။ 

ယင်းသည်လက်ရှိ သုံးစွဲနေသော3Gကွန်ရက်ထက်(၅)ဆပိုမြန်ပြီး iPhone5၊ HTC၊Samsung၊ Nokiaနှင့်Huawei
ထုတ်ကုန် ပစ္စည်းများနှင့် လွယ်ကူစွာ ချိတ်ဆက်နိုင်မည်ဟု သိရှိရသည်။



Everything Everywhereဟု လူသိများခဲ့သော EEသည် ခရစ္စမတ် မတိုင်မီ မိမိတို့သည် နိုင်ငံအတွင်းရှိ မြို့ကြီး (၁၆)မြို့မှ လူပေါင်း သန်း(၂၀)အတွက် 4G မိုဘိုင်းကွန်ရက်ကို ထောက်ပံ့ပေးသွားရန် ရည်ရွယ်ထားကြောင်း
 ပြောကြားခဲ့သေးသည်။ 

4G မိုဘိုင်းကွန်ရက် ကိစ္စနှင့် ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းဆိုင်ရာ အရှုပ်အထွေးများကြောင့် တရားရေးအ
ရ ရင်ဆိုင်ရမည်ဆိုသော ခြိမ်းခြောက်မှုများ ရှိခဲ့သော်လည်း EEသည် ယခုအခါ တရားဝင် ကြေညာနိုင်ခဲ့ခြင်း
လည်း ဖြစ်သည်။

 နိုင်ငံ၏ ဆက်သွယ်ရေး ကွန်ရက်စနစ်ကို စောင့်ကြည့်သော Ofcomက ယခုအခါ 4G မိုဘိုင်းကွန်ရက်ကိုတပ်
ဆင်ခွင့်အတွက် ခွင့်ပြုပေးခဲ့ကြောင်း ပြောကြားခဲ့သည်။ Ofcomက လာမည့်နှစ် အစောပိုင်းလောက်တွင် နိုင်
ငံအတွင်း၌ 4G မိုဘိုင်းကွန်ရက်Operatorများအပြိုင်အဆိုင် ဖြစ်လာစေရန် မျှော်လင့်ကြောင်းလည်းမှတ်ချက်
ပု ပြောဆိုသွားသည်။

 DailyMail

No comments:

Post a Comment