Pages

Pages - Menu

Tuesday, October 9, 2012

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်အချို့ လာမည့် ၂၀၁၅ တွင် ရွေးကောက်ပွဲဝင်ပြိုင်မည်

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ခေါင်းဆောင်အချို့မှ လာမည့် ၂၀၁၅ တွင်ကျင်းပမည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
“လာမယ့် ၂၀၁၅ မှာကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ အဖွဲ့ကခေါင်းဆောင်အချို့ ဝင်ပြိုင်သွားမှာပါ။ လွှတ်တော်တွင်းနိုင်ငံရေးကိုကော၊ လွှတ် တော်ပြင်ပနိုင်ငံရေးတွေအတွက်ပါ ၈၈ မျိုးဆက်ကျောင်းသားတွေက ဆက်လက်လုပ်ကိုင်သွားမှာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။
လက်ရှိအချိန်တွင် ၈၈ မျိုးဆက်ကျောင်းသားများကအဖွဲ့က ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းပာူသည့်ခေါင်းစဉ်ဖြင့် ဒေသအသီးသီးသို့ သွားရောက်၍ ငြိမ်းချမ်းရေးနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများ အားကောင်းလာနိုင်စေရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
 
“လာမယ့် ၂၀၁၅ နိုင်ငံရေးအခင်းအကျင်းမှာ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ကလည်း လွှတ်တော်ထဲဝင်နိုင်ဖို့အတွက် ရွေးကောက်ပွဲဝင်သွားမှာပါ။ ပြည်သူလူထုအကျိုးအတွက် ရည်ရွယ်ပြီးပဲဝင်မှာပါ။ လူမှုရေးကိစ္စတွေအပြင် နိုင်ငံရေးနယ်ပယ်မှာပါ ပာန်ချက်ညီညီနဲ့ ဆက်လက်လှုပ်ရှားသွားမှာပါ”ပာု ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
 
ထို့ပြင်ပြီးခဲ့သည့်စက်တင်ဘာလအတွင်းတွင်မြိတ်မြို့၌ မြိတ်မြို့ ကျောက်မီးသွေးစက်ရုံတည်ဆောက်
မှုများတွင် ကောင်းကျိုးများသာ ရရှိနိုင် မည်ဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများအတုအဖွဲ့က ပြောဆိုစည်းရုံးနေကြောင်း မြိတ်မြို့အခြေစိုက် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့က သတင်း ထုတ်ပြန်ကြေညာခဲ့ပြီး ယင်းကိစ္စနှင့်ပတ်သက်၍ ရန်ကုန်မြို့ရှိ ၈၈ မျိုးဆက်ကျောင်းသားရုံးအဖွဲ့နှင့် ဆက်သွယ်လျက်ရှိကြောင်း သိရသည်။
 
Ref: Venus TransParencyMyanmarblog

No comments:

Post a Comment