Pages

Pages - Menu

Tuesday, October 9, 2012

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဆေးရုံးဝင်းအတွင်းက လဖက်ရည်ဆိုင်ရဲ့ သတင်းအမှန်

 
အောက်တိုဘာလ(၄)ရက်နေ့ the hot news weekly journal vol-3, No-110, 4-10Oct 2012 ပါ “ ဥပဒေကို ထီမထင်တဲ့ ဆေးရုံဝင်းအတွင်းက လက်ဖက်ရည်ဆိုင်’’ဆိုသော သတင်းသည် မှားယွင်းနေကြောင်း ဆိုင်ပိုင်ရှင် မိသားစုများ၏ပြောပြချက်အရ သိရှိရသည်။အဆိုပါသတင်းသည်မိသားစု၏ဂုဏ်သိက္ခာ၊စီးပွားရေးနှင့် လူမှုရေးတို့ကိုများစွာမှ ထိခိုက်နစ်နာစေကြောင်း၊
ဆိုင်ပိုင်ရှင်မိသားစုနှင့်ဆွေမျိုးသားချင်းများအနေဖြင့် ဂျာနယ်သတင်းဖော်ပြချက်ပါအတိုင်းနှစ်လုံးထီ၊ သုံးလုံး
ထီ လောင်းကစားခြင်းများ မပြုလုပ်ကြောင်း၊မုဆိုးမတစ်ဦးလည်းဖြစ် သားပျို၊ သမီးပျိုတို့ကို သမာအာဇီဝလုပ်
ငန်းဖြစ်သောလဖက်ရည်ဆိုင်လုပ်ငန်းဖြင့်သာရှာဖွေကျွေးမွေနေသောအမျိုးကောင်းသမီးတစ်ဦးဖြစ် ကြောင်း
သိရသည်။

“ အတိုင်ခံရတဲ့ လက်ဖက်ရည်ဆိုင်က ထုတ်ပြောလို့မကောင်းတဲ့အလုပ်တွေလုပ်နေတယ်လို့ ရပ်ကွက်က သိ
ထားကြတယ်’’ ဟူသော ရေးသားဖော်ပြချက်သည်ဆိုင်ပိုင်ရှင် မိသားစု၏ ကိုယ်ကျင့်တရားနှင့် ဂုဏ်သိက္ခာ
ကိုကျဆင်းစေကြောင်း၊

မိမိအနေဖြင့် ဥပဒေမလွတ်ကင်းသော လုပ်ငန်များကိုလုပ်ဆောင်မှု ရှိ/မရှိ သက်ဆိုင်ရာဌာနမှ အချိန်မရွေး
လာရောက် စစ်ဆေးကြည့်ရှုနိုင်ကြောင်း၊ ဆေးရုံဝင်းအတွင်း ခွင့်ပြုချက်ဖြင့်လဖက်ရည်ဆိုင်ဖွင့်လာသည်မှာ (၁၄)နှစ်ခန့်ရှိပြီးဖြစ်သော်လည်းတရားဥပဒေကိစ္စနှင့် ပတ်သက်၍ တကြိမ်တစ် ခါမှပြဿနာအရှုပ်အရှင်းများ
မရှိခဲ့ကြောင်း ဆိုင်ပိုင်ရှင် မိသားစုဝင်တစ်ဦးမှပြောကြားပါသည်။

ဂျာနယ်ပါသတင်းရေးသားဖော်ပြချက်များနှင့်ပတ်သက်၍ဆိုင်ပိုင်ရှင်ပြောကြားရာမှာတော့ ကျွန်မတို့ ဥပဒေ
နှင့်မလွတ်ကင်းသောလုပ်ရပ်များ လုံးဝလုပ်ဆောင်ခြင်းမရှိပါ။ တကယ်လုပ်နေ တယ်ဆိုလျှင်ဘေးပတ်ဝန်း
ကျင်က ရဲနဲ့အကြောင်းကြားမှာပေါ့။

မနာလိုသူ တစ်ဦးတစ်ယောက်ကတမင်လုပ်ကြံစွပ်စွဲပြောဆို ခြင်းသာဖြစ်ပါတယ်။မိသားစုဂုဏ်သိက္ခာလည်း
ကျဆင်းရတယ်။အရှက်တကွဲအကျိုးနည်းလည်း ဖြစ်ရတယ်။ ဆိုင်နာမည်ပျက်ရတယ်။ ကျွန်မတို့ မိသားစု
ဘ၀ပျက် လူတောမတိုးဝန့်အောင်၊ဂုဏ်သိက္ခာညှိုးနွမ်းအောင် တစ်စုံတစ်ယောက်မှလုပ်ကြံန်တီးနေခြင်း
သာဖြစ်ပါသည်ဟု ပြောကြားပါသည်။“

အခုဟာက လောင်းကစား လုပ်ကြောင်း ပေါ်ပေါက်လို့ တရားခံလည်းထောင်ကျသွားပြီးဆိုတော့ခိုင်လုံနေပြီး
ပဲ ’’ဆိုသောရေးသားချက်နှင့်ပတ်သက်ပြီး စုံစမ်းရာ ထောင်ကျအပစ်ပေးခံရသူမှာဆိုင်ပိုင်ရှင်မိသား စု၊ဆွေ
မျိုးသားချင်းများနှင့် မသက်ဆိုင်ကြောင်း၊ရိုးရိုးသားသားလုပ်ကိုင်စားသောက်နေသောမိသားစုဖြစ်ကြောင်း၊
လဖက်ရည်လာရောက်သောက်သုံးသူ တစုံတစ်ယောက်နှင့်သာ သက်ဆိုင်ကြောင်းပတ်ဝန်ကျင်၏ ပြောကြာ
အချက်အရသိရှိရသည်။




အဖေ့သား(ပဲခူး)
Hot News Journal

No comments:

Post a Comment